ကွီးတို့က အကြောင်းတစ်စုံတစ်ရာကြောင့် စိတ်ပါလာပြီး လိင်စိတ် လိုလားတောင့်တမှု ရှိလာတဲ့အခါ ကွီးတို့ ညီလေးကလည်း အလိုလို နိုးကြား တက်ကြွလာမှာဖြစ်ပါတယ်။ ဒီလို ဖြစ်ရခြင်းက ကွီးတို့ စိတ်ကြွလာချိန်မှာ ခန္ဓာကိုယ်ထဲက သွေးတွေက ကွီးတို့ ညီလေးဆီသို့ သွေးများ စီးဆင်းသွားအောင် ပို့ဆောင်ပေးပြီး ကွီးတို့ ညီလေး မာကျောတောင့်တင်းလာစေပြီး ထောင်မတ်လာစေတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး စိတ်ပါနေချိန်၊ ကိုယ့်ရဲ့ ချစ်သူလေးနဲ့ ချစ်တင်းနှောနေစဥ် ခရီးလမ်း တစ်ဝက်မှာတင် ကွီးတို့ရဲ့ ညီလေး က ပြန်အိပ်ပျော်သွားတဲ့အဖြစ်မျိုး ကြုံဖူးပါသလား။

ဆယ်ကွေ့ တစ်ကွေ့ လောက်တော့ ကွီးတို့ ကြုံဖူးကြပါလိမ့်မယ်။ ဘာ့ကြောင့် ဒီလိုမျိုး ခရီးလမ်း တစ်ဝက်မှာ ကွီးတို့ ညီလေး က အိပ်ပျော်သွားရသလဲ။ ဒါဟာ ပုံမှန်ပဲလား။ စိုးရိမ်စရာ ရှိသလား စတဲ့ မေးခွန်းတွေနဲ့ စိတ်ပူနေရတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့ရဲ့ ပြဿနာကို ကူညီဖြေရှင်းပေးပါလိမ့်မယ်။

ကွီးတို့ ညီလေးဆီသို့ ခန္ဓာကိုယ်က သွေး မပို့နိုင်တော့လို့

သွေး မပို့နိုင်တော့လို့

စောစောက ပြောခဲ့သလိုပါပဲ။ ကွီးတို့ စိတ်ကြွလာတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲက သွေးတွေက ကွီးတို့ရဲ့ ညီလေးဆီသို့ ရောက်ရှိသွားတာပဲဖြစ်ပါတယ်။ ဒီလိုကနေ သွေးလှည့်ပတ် စီးဆင်းမှုက တဖြည်းဖြည်း လျော့ကျသွားတာနဲ့တစ်ပြိုင်နက် ကွီးတို့ရဲ့ ညီလေးကလည်း ခရီးမဆုံးလိုက်ရဘဲ့နဲ့ ခရီးလမ်းတစ်ဝက်မှာ အိပ်မောကျသွားရခြင်းဖြစ်ပါတယ်။

မောပန်းသွားလို့

ခရီးလမ်း ညီလေး

ကွီးတို့က ဘယ်လောက်ပဲ စိတ်ပါတယ်ပဲပြောပြော ကွီးတို့ရဲ့ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်သွားမယ်ဆိုရင်လည်း ကွီးတို့ ညီလေးက ခဏလေးနဲ့ အိပ်မောကျသွားမှာပဲဖြစ်ပါတယ်။ ဆိုကြပါစို့၊ ကွီးတို့က ညတုန်းက အိပ်ရေး ဝဝ မအိပ်စက်ထားရဘူး၊ ပြီးတော့ တနေကုန်လည်း အလုပ်ပင်ပန်းထားတယ်ဆိုရင် ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကလည်း လျော့ကျသွားမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများကလည်း ကွီးတို့ ညီလေးအပေါ် ဆိုးကျိုး သက်ရောက်မှုရှိပါတယ်။ ကွီးတို့ ရှော်တီလေးနဲ့ ချစ်တင်းနှောနေစဥ်မှာ စိတ်ဖိစီးစေတဲ့ အတွေးတစ်ခုခုက နေရာယူ ဝင်ရောက်လာမယ်ဆိုရင်လည်း ကွီးတို့ ညီလေးက ခြေကုန်လက်ပန်းကျပြီး ထောင်မတ်နိုင်တော့မှာမဟုတ်ပါဘူး။

ဒါ့အပြင် ကွီးတို့က အသက်အရွယ် ရလာတဲ့အခါမျိုးမှာသော်လည်းကောင်း၊ ခန္ဓာကိုယ်က အဝလွန်လာတဲ့အခါမှာသော်လည်းကောင်း၊ အခြားသော ကျန်းမာရေး အခြေအနေများ (ဥပမာ – သွေးတိုးရောဂါ၊ ဆီးချိုရောဂါ) ကို ကြုံတွေ့ ခံစားနေရတဲ့အခါမှာသော်လည်းကောင်း ကွီးတို့ရဲ့ ညီလေးက ခရီးလမ်း တစ်ဝက်မှာတင် အိပ်မောကျသွားတတ်ပါတယ်။

ကွီးတို့ ညီလေးက ဒီလိုမျိုး ချစ်တင်းနှောတိုင်းသာ အိပ်မောကျသွားမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ရှော်တီလေးကလည်း ဖီးလ်ကျဲသွားပြီး ကွီးတို့နဲ့ ချစ်တင်းနှောဖို့ စိတ်ပါတော့မှာမဟုတ်ပါဘူး။

ဒါဆိုရင် ချစ်တင်းနှောတိုင်းမှာ ဒီလိုမျိုးပဲ တစ်သက်လုံး ဖြစ်သွားတော့မှာလား

ခရီးလမ်း ညီလေး

မဟုတ်ပါဘူး။ ကွီးတို့ရဲ့ နေထိုင်မှု ပုံစံကို ပြောင်းလဲပစ်နိုင်မယ်ဆိုရင်တော့ ကွီးတို့ ညီလေးရဲ့ စွမ်းဆောင်ရည်ကလည်း တဖြည်းဖြည်း ပြန်လည်မြှင့်တက်လာမှာပဲဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို ဦးစားပေး စားသုံးမယ်၊ စိတ်ဖိစီးမှုများကို လျော့ချပြီး အချိန်မှန်မှန် အိပ်စက်အနားယူမယ်၊ လိုအပ်ပါက ဆရာဝန်ထံ ကုသမှု ခံယူမယ်၊ ဆရာဝန်ရဲ့ ညွှန်ကြားချက်များကို သေချာ လိုက်နာ လုပ်ဆောင်မယ်ဆိုရင်တော့ ခရီးလမ်း တစ်ဝက်မှာတင် ညီလေး က အိပ်ပျော်သွားတဲ့အဖြစ်မျိုးကို ကြုံတွေ့ရတော့မှာမဟုတ်ပါဘူး။

ကွီးတို့ရော ချစ်တင်းနှောတိုင်းမှာ ကွီးတို့ ညီလေးက အိပ်ပျော်သွားတတ်နေပြီလား။

Source: Blog.ochsner.org

Featured Image: Medicalnewstoday