သူငယ်ချင်း အုပ်စုလိုက်ဖြစ်စေ ၊ မိသားစုနဲ့ ဖြစ်စေ ၊ တစ်ယောက်တည်းဖြစ်စေ ခရီးသွားခြင်းက တကယ်ကို ပျော်စရာကောင်းတဲ့ စိတ်လှုပ်ရှား မှုတွေ ၊ ကြည်နူးမှုတွေ အသစ်အသစ်သော ခံစားမှုတွေကို ပေးစွမ်းနိုင်တယ်ဆိုတာ ကွီးတို့သိပြီးသားဖြစ်ပါတယ်။ ဒါဆိုရင် ခရီးသွားခြင်းက ကွီးတို့ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိတယ်ဆိုတာ သိပါသလား။ ဒါကြောင့် ကွီးတို့အတွက် ခရီးသွားခြင်း က ကျန်းမာရေး အပေါ်တကယ်ကို ကောင်းမွန်တဲ့ သက်ရောက်မှုတွေရှိတယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) ခရီးသွားခြင်းက စိတ်ဖိစီးမှုကို လျှော့ကျစေပြီး စိတ်ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်

ခရီးသွားခြင်း ကျန်းမာရေး

Photo : Newsroom Booking global

ကွီးတို့ရေ နေ့စဉ် လှုပ်ရှားရုန်းကန်နေရတဲ့ ခေတ်ကြီးထဲမှာ ဘက်ပေါင်းစုံကနေ စိတ်ဖိစီးမှုတွေ ရရှိနေကြပါတယ်။ စိတ်ဖိစီးမှုကို မလျှော့ချဘဲ ဆက်တိုက် စိတ်ဖိစီးမှုတွေများနေမယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ သာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ အများကြီးဖြစ်ပေါ် လာမှာဖြစ်ပါတယ်။ ထိုစိတ်ဖိစီးမှုကိုလျှော့ချဖို့ အကောင်းဆုံးနည်းလမ်းကတော့ ခရီးသွားခြင်းပဲ ဖြစ်ပါတယ်။ ခရီးသွားခြင်း က ကွီးတို့ရဲ့နေ့စဉ် လုပ်ရိုးလုပ်စဉ်များမှ ကွဲထွက်ပြီး ပတ်ဝန်းကျင်အသစ် အတွေ့အကြုံအသစ်တွေဆီ ခေါ်ဆောင်သွားနိုင်ပြီး ကွီးတို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို Reset ချလိုက်သလိုမျိုး ပြန်လည်လန်းဆန်းစေပါတယ်။

ခရီးစဉ်တစ်ခုကို စတင်စီစဉ်ပြီဆိုတာနဲ့ ပျော်ရွှင်မှုရရှိစေပြီး ကောင်းမွန်တဲ့ခံစားမှုဟာ ခန္ဓာကိုယ်နဲ့စိတ်အပေါ် သက်ရောက်မှု ရှိစေပါတယ်။ ခရီး သွားခြင်းကြောင့် လူသစ်များနဲ့တွေ့ဆုံပြီး အခြေအနေသစ်များနဲ့ လိုက်လျောညီထွေအောင် လုပ်ဆောင်ရခြင်းက တစ်ဦးနဲ့တစ်ဦး တစ်နေရာနဲ့တစ်နေရာ ယဉ်ကျေးမှုမတူညီ ကွဲပြားမှုတွေကို သိရှိလာစေပါတယ်။ ၎င်းသည် စိတ်ကိုထက်မြက်စေပြီး တီထွင်ဖန်တီးနိုင်မှုသာမက ကိုယ်ရည်ကိုယ်သွေးများလည်း တိုးတက်လာမှာဖြစ်ပါတယ်။

(၂) ခရီးသွားခြင်းက ကျန်းမာတဲ့ခန္ဓာကိုယ်တစ်ခုရအောင် ပုံသွင်းပေးပါလိမ့်မယ်

ခရီးသွားခြင်း ကျန်းမာရေး

Photo : Travel Daily

ခရီးသွားခြင်း က ကွီးတို့ရဲ့ခန္ဓာကိုယ် ကြံ့ခိုင်မှုလုပ်ငန်းစဉ်ကို မြှင့်တင်ရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။ ခရီးသွားနေခြင်းက ကွီးတို့ကို ရုံးထိုင်ခုံပေါ်ထိုင်နေရခြင်းထက် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုကို ပိုပြီးပေးစွမ်းပါလိမ့်မယ်။ ခရီးသွားများဟာ ခရီးသွားတဲ့နေရာဒေသအလိုက် တစ်နေ့ကိုခြေလှမ်းပေါင်းများစွာ လမ်းလျှောက်ခြင်း ၊ တောင်တတ်ခြင်းအပြင် ပင်လယ်ဘက်သို့သွားတဲ့ ခရီးသွားများဟာ ရေကူးခြင်း ၊ လှေလှော်ခြင်း စတဲ့ လှုပ်ရှားမှုတွေကို လုပ်လေ့ရှိပါတယ်။ ထိုလှုပ်ရှားမှုများကြောင့် အရိုးအဆစ်များသန်မာလာပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်တစ်ခုကို ပုံသွင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

(၃) ခရီးသွားခြင်းက အိပ်စက်ခြင်းကို တိုးတက်ကောင်းမွန်စေပါတယ်

ခရီးသွားခြင်း ကျန်းမာရေး

Photo : The Manual

နေ့စဉ်ဘဝမှာကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ခဲယဉ်းတဲ့ညတွေ ရှိပါသလား။ ကောင်းမွန်စွာ မအိပ်စက်နိုင်ခြင်းကြောင့် စိတ်တိုဒေါသထွက်လွယ်ပြီး မှတ်ဉာဏ်စွမ်းဆောင်ရည် ကျဆင်းသည်အထိ ကျန်းမာရေးဆိုင်ရာထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူများသည် တစ်ညလျှင် အနည်းဆုံး ခုနစ်နာရီမှ ခုနစ်နာရီခွဲအထိ အိပ်စက်ရန် လိုအပ်ပြီး ခရီးသွားခြင်း ဖြင့် အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်တိုးတက်စေဖို့ အကြံပြုထားတာတွေလည်း ရှိပါတယ်။ ခရီးသွားခြင်းကြောင့် ကွီးတို့ရဲ့ အိပ်စက်ခြင်း စက်ဝန်းကို ပိုမိုကောင်းမွန်လာစေပြီး အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများလည်း ဖြေရှင်းပြီးသားဖြစ်စေပါတယ်။

ခရီးသွားခြင်း ကြောင့် ကွီးတို့ရဲ့ စိတ် ၊ ခန္ဓာကိုယ် နှင့် စိတ်ဝိညာဉ်တို့အပေါ် ကျန်းမာရေး ဆိုင်ရာ အကျိုးကျေးဇူးများစွာ ရရှိသည်မှာ အမှန်ပဲဖြစ်ပါတယ်။ ကဲ ကွီးတို့လည်းအချိန်မဆွဲဘဲ အားလပ်ချိန်ရအောင်လုပ်ပြီး ခရီးသွားဖို့အချိန်ရောက်ပါပြီ။

Featured Photo : TourRadar