ကွီးတို့ရေ လူတိုင်းဟာ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ခရီးထွက် ဖြစ်ကြပါတယ်။ တချို့က စားဝတ်နေရေးကြောင့် တစ်ချို့က အလုပ်တာဝန်ကြောင့် တချို့က လူမှုရေးနဲ့ အပျော်ခရီး စသည်ဖြင့် အကြောင်းအမျိုမျိုးနဲ့ ခရီးသွားကြရပါတယ်။ ကွီးတို့ရော ဘာအကြောင်းကြောင့် ခရီးထွက်ဖူးပါသလဲ။ ကျွန်တော်တို့အနေနဲ့ အိမ်မှာ အလုပ်ထဲမှာ အိမ်မှုကိစ္စတွေ အလုပ်ကိစ္စတွေ ဖိစီးမှုတွေကြောင့် အားလပ်ရက်တွေမှာ တစ်နေရာရာကို သွားလိုက်ခြင်းဖြင့် ဖိစီးမှုကနေ လွတ်မြောက်သွားတာ၊ စိတ်ပေါ့ပါးလန်းဆန်း သွားတာကို ကြုံဘူးမှာပါ။ မြို့ပြရဲ့ မွန်းကြပ်နေတဲ့ ပတ်ဝန်းကျင်ကို ရှောင်ချင်တဲ့အခါ ကွီးတို့ ခရီးသွားလိုက်တာနဲ့ မွန်းကြပ်မှုတွေပျောက်၊ စိတ်ရွှင်ကြည်နူး လွတ်လပ်မှုအရသာကို အံ့အားသင့်ဖွယ် ရလိုက်မှာ သေချာပါတယ်။ ဒါကြောင့် ကွီးတို့ကို ခရီးသွားခြင်း နဲ့ ပျော်ရွှင်စရာ အမှတ်တရ ခရီးလေးတစ်ခု ဖြစ်ဖို့ နည်းလမ်းများ ကိုဖော်ပြပေးချင်ပါတယ်။
ခရီးထွက်ခြင်းဟာ ယခုကာလမှ ပေါ်လာတာ မဟုတ်ပါဘူး၊ ရှေးယခင်ကတည်းက နယ်ပယ်သစ်ရှာဖို့ ပိုမိုကောင်းမွန်တဲ့ ဘဝတွေ ရဖို့ ခရီးထွက်ခဲ့ကြပါတယ်။ ခရီးသွားမှတ်တမ်းတွေကို ကွီးတို့ လေ့လာဖတ်ရှု့ဘူးမှာပါ။ ယခုခေတ်မှာလည်း ခရီးထွက်တဲ့ ပိုးဝင်နေသူတွေရှိပါတယ်။ သူတို့က ကွီးတို့ ကျွန်တော်တို့ထက် ဒေသန္တရဗဟုသုတ ပိုစုံမှာတော့ သေချာပါတယ်။ ခရီးမသွားချင်သူတွေ ကတော့ ခရီးသွားတာဟာ မသွားတာထက်စာရင် ပို အန္တရာယ်ရှိတယ်လို့ ပြောကောင်းပြောနိုင်ပါတယ်။ ကျွန်တော်ထင်တာက သူတို့တတွေဟာ ခရီးသွားတဲ့ ခံစားမှုရသ ကောင်းကို မကြုံဘူးသေးလို့ပါ။ ယခုအခါမှာ ခရီးသွားခြင်းဟာ ပြည်တွင်းမှာရော ပြည်ပအထိပါ ခြေဆန့်နိုင်ပါပြီ။ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာလို့ သဘာဝပတ်ဝန်းကျင် ကောင်းကောင်းရှိတဲ့နိုင်ငံတွေ ဝန်ဆောင်မှုကောင်းတဲ့ နိုင်ငံတွေမှာ ဝင်ငွေတွေ ကောင်းနေကြပါပြီ။
ခရီးသွားခြင်း နဲ့ ပျော်ရွှင်စရာ အမှတ်တရ ခရီးလေး တစ်ခု ဖြစ်ဖို့ နည်းလမ်းလေး တွေကို ပြောမယ်ဆိုရင် ခရီးသွားခြင်းရဲ့ အကျိုးကျေးဇူးကတော့ မပါမဖြစ်ပါ။
(၁) စိတ် ငြိမ်းချမ်းမှုကို ရရှိစေခြင်း
Photo : Shutterstock
ခရီးသွားတာဟာ ကွီးတို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို ကောင်းမွန်စေတာကို ရှာဖွေတွေ့ရှိ ပြီး ဖြစ်ပါတယ်။ ကွီးတို့ ခရီးသွားတဲ့နေရာဟာ ပင်လယ် ကမ်းခြေ ဖြစ်နေရင် သေချာတာက လေကောင်း လေသန့်နဲ့ နေရောင်ခြည်ကောင်းကောင်းရမယ် ၊ ဒါဆိုရင် ကျန်းမာရေးကို အထောက် အကူပေးမယ်။ စိတ်ဖီစီးမှု စိုးရိမ်ပူပန်မှုကို ခရီးထွက်ခြင်းက သက်သာစေပါတယ်။ ခရီးသွားရင်း အတိတ်ရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ကောင်းမွန်သောရှု့ဒေါင့်ကနေ သုံးသပ်နိုင်ပါတယ်။
(၂) သင်ရဲ့ တီထွင် ဖန်တီးနိုင်စွမ်းကို မြှင့်တင်နိုင်ပါတယ်
Photo : Under30Experiences
ခရီးထွက်ခြင်းဟာ ကွီးကို သက်တောင့်သက်သာအခြေအနေကနေ ဆွဲထုတ်သွားခြင်းဘဲ ဖြစ်ပါတယ်။ ကွီးအနေနဲ့ သက်သာတဲ့အခြေအနေ Comfort zone ကနေ မထွက်နိုင်ဘူးဆိုရင် ကွီးရဲ့ တိုးတက်မှုကို ရနိုင်မှာ မဟုတ်ပါဘူး။ ခရီးသွားရင်း လှုံ့ဆော်မှုအသစ်တွေ ခံစားမှုအသစ် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်တွေ့နိုင်ပါတယ်။ ဒီအတွက် ဦးနှောက်က အတွေးအခေါ်သစ်တွေကို ရရှိစေပြီး တီထွင်ဖန်တီးနိုင်စွမ်းကို တိုးစေပါတယ်။
(၃) ဆက်သွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးခြင်း
Photo : World Wild Hearts
ဘာသာစကား ယဉ်ကျေးမှု မတူတဲ့ နေရာကို ခရီးသွားတဲ့အခါ ကွီးအဆင်ပြေဆို့အတွက် ဒေသခံတွေနဲ့ ကောင်းကောင်းဆက်ဆံနိုင်ဖို့ ကြိုးစားရပါမယ်။ လေ့လာသင်ယူရပါမယ်။ မိတ်ဆွေသစ်တွေနဲ့ ဆက်သွယ်မှုကွန်ယက်ကို တိုးချဲ့ရပါမယ်။ ခရီးကနေပြန်လာရင် ကွီးအနေနဲ့ အပေါင်းအသင်းတွေရဲ့ စိတ်ဝင်စားသူတစ်ဦးဖြစ်လာဖို့ သေချာပါတယ်။
(၄) အမှတ်တရတွေကို ဖြစ်စေပါတယ်
Photo : Travels of a Madman
ကွီးတို့အနေနဲ့ ခရီးသွားတဲ့အခါ အမှတ်တရတွေကို မှတ်တမ်းထားဖို့အတွက် တိုက်ထွန်းချင်ပါတယ်။ ကွီးတို့ရဲ့ အမှတ်တရများဟာ ကွီးတို့ရဲ့ ကိုယ်ပိုင် လက္ခဏာများ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ သာသမီးမြေးတွေအထိ အဖိုးတန်ပုံပြင်လည်း ဖြစ်နိုင်ပါတယ်။ လူတွေဘာကြောင့် ခရီးသွားကြသလဲ ၊ ခရီးသွားရတာကို ချစ်လို့ပါလို့ ပြောကြသူတိုင်း စောစောကပြောခဲ့တဲ့ အကျိုးတွေကို ခံစားရလို့ ချစ်ကြတာပါ။
ကဲ ကွီးတို့ရေ ခရီးသွားခြင်း ကနေ ရတဲ့ အကျိုးကျေးဇူးကိုလည်း သိပြီဆိုတော့ ပျော်ရွှင်စရာ အမှတ်တရ ခရီးလေး တစ်ခု ဖြစ်ဖို့ နည်းလမ်းများကို လေ့လာကြည့်ရအောင်။
(၁) နှစ်တိုင်း နေရာဒေသ အသစ်တွေဆီကို ခရီးထွက်ပါ
Photo : People
သွားနေကျနေရာမဟုတ်ဘဲ နေရာသစ်ကို သွားခြင်းဟာ မြင်ကွင်းအသစ်တွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံအသစ်တွေ အစားအသောက် လူသစ် ပတ်ဝန်းကျင်အသစ်တွေနဲ့ ထိတွေ့ ဆက်ဆံခွင့်ရရှိနိုင် ပါတယ်။ ထူးခြားတဲ့ အတွေ့အကြုံသစ်အတွက် ရောသစ်ကို ခရီးသွားခြင်းဟာ အကောင်းဆုံး ဖြစ်ပါတယ်။
(၂) ကွီးတို့ရဲ့ သက်သာဇုံ Comfort Zone မှ ထွက်ခွာပါ
Photo : Unconcerned Markets
သက်သာဇုံ Comfort Zone ထဲရောက်နေသူဟာ အတွေ့အကြုံသစ် စိန်ခေါ်မှုအသစ်တွေကို ရရှိ ခံစားနိုင်မှာမဟုတ်ပါဘူး။ တိုးတက်အောင်မြင်မှုကိုလည်းရှာဖွေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အတွေ့အကြုံသစ် စိန်ခေါ်မှုအသစ်အတွက် ခရီးထွက်လိုက်ပါ။ Comfort Zone မှ ထွက်လိုက်ပါ။
(၃) သေသေချာချာ အစီအစဉ်ရေးဆွဲပါ
Photo : Bigstock
ကွီးတို့အနေနဲ့ ခရီးထွက်ဖို့ ဆုံးဖြတ်ပြီး ကိုယ့်အတွက် ဝန်ထုတ်ကြီး မဖြစ်အောင် အနည်းဆုံး လိုအပ်ချက်ကို ပြင်ဆင်ထုတ်ပိုးဖို့ လိုပါမယ်။ ခရီးသွား အေဂျင်စီနဲ့ သွားမယ်ဆိုရင် သူတို့ရဲ့ သတင်းအချက်အလက်တွေကို ကောင်းကောင်းလေ့လာထားဖို့ လိုပါတယ်။ နေ့စဉ်သောက်ရမဲ့ ဆေးဝါးတွေကို မမေ့ပါနဲ့။
(၄) ခရီးသွားတဲ့အခါ အမှတ်တရ ပစ္စည်းတွေကို ဝယ်ပါ ၊ ဓါတ်ပုံရိုက်ပါ ၊ မှတ်တမ်းတင်ပါ
Photo : Expat Explore
အမှတ်တရ ပစ္စည်းတွေက ကွီးတို့အတွက် နောင်အခါမှာ ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်းကို ပိုကောင်းစေပါတယ်။ ဓါတ်ပုံများဟာ ကွီးတို့ရဲ့ မှတ် ဉာဏ်ကို နှစ်ပေါင်း(၂၀)ထိ လှုံ့ဆော် ပေးနိုင်ပါတယ်။ ခရီးသွားအတွေ့အကြုံတွေကို မှတ်စုရေးခြင်းဟာ အတိတ်က ဖြစ်ရပ်တွေကို ဘက်မလိုက်တွေဝေမနေဘဲ မှတ်မိစေပါတယ်။
ကွီးတို့ရေ ခရီးသွားခြင်းရဲ့ကောင်းကျိုးတွေလည်း သိရပြီ၊ ပျော်ရွှင်စရာ အမှတ်တရ ခရီးလေးတစ်ခု ဖြစ်ဖို့ နည်းလမ်းများလည်းသိရပြီ ဆိုတော့ မဖြစ်မနေ ခရီးထွက်တော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါ။
Featured Photo : Mountains