ခရီးသွား ရတာ ကြိုက်တဲ့ ကွီးတို့အနေနဲ့ မဖြစ်မနေ သိ ကို သိထားရမယ့်အချက်လေးတွေ ရှိပါတယ်။ ဒီအချက်များကို သိထားမယ်ဆိုရင်တော့ ကွီးတို့ ခရီးသွားတဲ့အခါမှာ သက်သောင့်သက်သာနဲ့ စိတ်အေးချမ်းသာစွာ ခရီးသွားလာနိုင်မှာပဲ ဖြစ်ပါတယ်။

(၁) အရည်အသွေးကောင်းတဲ့ ပစ္စည်းများ သယ်သွားပါ

အရည်အသွေးကောင်းတဲ့ ပစ္စည်းများ သယ်သွားပါ

ခရီးသွားတဲ့အခါမှာ ကွာလတီကောင်းတဲ့ ခရီးဆောင် အိတ်များသာ သယ်သွားပါ။ ထို့နောက် သက်သောင့်သက်သာရှိတဲ့ ဖိနပ်များသာ စီးသွားပါ။ တချို့လူတွေက လူတစ်ယောက်ကို အပေါ်ယံ အဝတ်အစားကို ကြည့်ပြီး ဆုံးဖြတ်ကြတာဖြစ်တဲ့အတွက်ကြောင့် အိမ်နေဝတ် အဝတ်အစားများ ဝတ်ဆင်သွားခြင်းမှလည်း ရှောင်ကြဥ်ရပါမယ်။ ဆိုဒ်အပြည့် ဂိုက်အပြည့်နဲ့ ခရီးသွားနိုင်အောင် ကွီးတို့ရဲ့ ဆွဲဆောင်မှုက မြင့်တက်လေပါပဲ။

(၂) ဘတ်ဂျက်ကို သေချာစီစစ်သွားပါ

ဘတ်ဂျက်ကို သေချာစီစစ်သွားပါ

ခရီးတစ်ခုသွားဖို့ စီစဥ်တဲ့အခါမှာ ထိုခရီးအတွက် ဘတ်ဂျက် ဘယ်လောက်သုံးမလဲဆိုတာကို အစကတည်းက အစီအစဥ် ဆွဲထားသင့်ပါတယ်။ သွားစရိတ်၊ လာစရိတ်အတွက် ဘယ်လောက်၊ ဟိုတယ်ခ၊ စားသောက်စရိတ် အတွက် ဘယ်လောက်၊ လက်ဆောင် ပစ္စည်းတွေ ဝယ်သွားမယ်ဆိုရင်လည်း အပြန်လက်ဆောင်များအတွက် ဘယ်လောက် သုံးမလဲဆိုတာကို အစကတည်းက ကြိုတင် စီစဥ်ထားပါ။ ဒါမှသာလျှင် အပို ဝင်ငွေ ထွက်စရာ အကြောင်းမရှိတော့မှာပါ။

(၃) ခရီးသွား ရာသီများကို ရှောင်သွားပါ

ခရီးသွား သိ

ခရီးသွား ရာသီတွေဆိုရင် အစစအရာရာက ဈေးတက်နေတာပါ။ ဟိုတယ်ခတွေ၊ သွားစရိတ် လာစရိတ်၊ ဘတ်စ်ကားခ အစရှိတဲ့အရာအကုန်လုံးက ခရီးသွားရာသီတွေမှာ တဟုန်ထိုး ဈေးမြှောက်နေတဲ့အချိန် ဖြစ်ပါတယ်။ ကွီးတို့က ဘယ်လောက်ပဲ ခရီးသွား ရတာကို ကြိုက်တယ်ပဲဆိုဆို ဒီလိုရာသီမှာ ခရီး မသွားသင့်ဘူးဆိုတာကိုတော့ သိ ထားသင့်ပါတယ်။ အဲ့လိုအချိန်မှာ ခရီးသွားမယ်ဆိုရင် လူတွေ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ပျော်စရာ မကောင်းတော့ဘဲ စိတ်ညစ်ရမှာ အမှန်ပါပဲ။

(၄) ခရီးဆောင်အိတ်ထဲ မလိုအပ်တဲ့ အဝတ်အစားများ ထည့်မသွားပါနဲ့

ခရီးသွား သိ

ဖက်ရှင်ချစ်သူတစ်ချို့ရှိပါတယ်။ ၂ ညအိပ်၊ ၃ ရက် ခရီးလောက်ကို ၁ လစာ အဝတ်အစားတွေ ထည့်သွားတာမျိုးပါ။ အဲ့ဒီလိုမျိုး ထည့်သွားမယ်ဆိုရင် ဘယ်သူပဲ ဒုက္ခရောက်မလဲဆိုရင် ကွီးတို့ပဲ ဒုက္ခရောက်မှာပါ။ ခရီးဆောင်အိတ် အတင် အချ ပြုလုပ်ရတဲ့အခါမျိုးမှာ၊ တစ်နေရာကနေ တစ်နေရာ သွားလာရတဲ့အခါမျိုးမှာ အရမ်းပဲ စိတ်ညစ်ဖို့ ကောင်းလှပါတယ်။ ဒါ့ကြောင့်မို့လို့ ကွီးတို့သည် ခရီးဆောင်အိတ်ထဲမှာ လိုအပ်တဲ့ အဝတ်အစားများပဲ ထည့်သွားသင့်ပါတယ်။

(၅) သောက်သုံးနေကျ ဆေးဝါးများလည်း မမေ့ပါနဲ့

ခရီးသွား သိ

စိတ်ဖိစီးမှုတွေ ပြေပျောက်ဖို့ ခရီးသွားတာပဲဆိုပြီး ဆေးပစ္စည်းတွေ မလိုလောက်ဘူးလို့ မထင်ပါနဲ့။ ကွီးတို့ ထည့်သွားတဲ့အချိန်မှာ မလိုအပ်ပေမယ့် မထည့်သွားတဲ့ အချိန်မျိုးဆို အသုံးပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကွီးတို့ သောက်သုံးနေကျ ဆေးဝါးများကို တစ်ပါတည်း ထည့်သွားပါ။ လိမ်းဆေးဆိုလည်း လိမ်းဆေး အလျောက် ထည့်သွားပေးဖို့ လိုအပ်ပါလိမ့်မယ်။

ဒီအချက်တွေအပြင် အခြား ဘယ်အချက်တွေကရော အသုံးဝင်မယ်လို့ ထင်ပါသလဲ။ ကွီးတို့ အမြင်တွေကိုလည်း ဝေမျှပေးခဲ့ပါဦး။

Source : Worldpackers

Featured Photo : Cntraveler