ငွေနဲ့ ပျော်ရွှင်မှုကို ဝယ်ယူလို့ မရဘူးဆိုတဲ့ စကားကို လက်ခံသူလည်း ရှိသလို လက်မခံသူများလည်း ရှိကြပါတယ်။ ကွီးတို့ရော ဘယ်အဖွဲ့ထဲမှာ ပါပါသလဲ။ ငွေနဲ့ ပျော်ရွှင်မှုကို ဝယ်ယူလို့ မရနိုင်ဘူးဆိုရင်တောင်မှ ကိုယ် လုပ်ချင်တဲ့အရာတွေ ကိုယ် သွားချင်တဲ့နေရာတွေကို စိတ်လွတ်လက်လွတ်နဲ့ သွားလာနိုင်ဖို့အတွက်တော့ ငွေ လိုအပ်တယ် မဟုတ်လား။ ခရီးသွား ရတာ ဝါသနာပါသူများအနေနဲ့လည်း ငွေ အလုံအလောက်ရှိမှသာလျှင် အကောင်းစား ဟိုတယ် တွေမှာ ဇိမ်ကျကျ တည်းခိုအနားယူနိုင်မှာပါ။
Luxury ဆန်တဲ့ ဟိုတယ်တွေ ဆိုသည်မှာလည်း ဇိမ်ကျကျ အနားယူချင်တဲ့ ခရီးသွားချစ်သူများအတွက် စိတ်အေးချမ်းသာစွာ အနားယူနိုင်ဖို့ရန်အတွက် ဖွင့်လှစ်ပေးထားတာပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဇိမ်ခံဟိုတယ်ကြီးတွေ အများအပြားရှိပါတယ်။ ခရီးသွား ရတာ ဝါသနာပါတဲ့ ကွီးတို့အနေနဲ့ ကမ္ဘာအနှံ့ ခရီးသွားဖြစ်တဲ့အခါ အခုဖော်ပြပေးမယ့် ဇိမ်ခံ ဟိုတယ် ကြီးတွေမှာ ဝင်ရောက်တည်းခို အနားယူရင်း စိတ်ဖိစီးစရာများကို ဖြေဖျောက်နိုင်ပါတယ်။
Kokomo Private Island Fiji

ဒီဟိုတယ်ကတော့ ကိုယ်ပိုင်ကျွန်းပေါ်မှာ ဆောက်လုပ်ထားတဲ့ ဟိုတယ်လေးပဲဖြစ်ပါတယ်။ ဧည့်သည် အရေအတွက်ကတော့ အများဆုံး အယောက် ၄၀ သာ လက်ခံတာဖြစ်ပါတယ်။ တည်းခိုစရိတ်ကတော့ အမေရိကန် ဒေါ်လာ ၅ သိန်းကနေ စပြီး ၁၀ သိန်း၊ ၁၂ သိန်းအထိ အသီးသီးရှိပါတယ်။
Palms Casino Resort

Las Vegas မြို့သည် အပျော်အပါး မက်မောသူများအတွက် နိဗ္ဗာန်ဘုံ တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ Resort ကတော့ Palms Casino Resort ဖြစ်ပြီး ဈေးအကြီးဆုံးအခန်းရဲ့ တစ်ည တည်းခိုစရိတ်ကတော့ ဒေါ်လာ ၁ သိန်းပဲဖြစ်ပါတယ်။
The Mark Hotel

The Mark Hotel ကတော့ နယူးယော့ခ်မြို့မှာ တည်ရှိပြီး အဲကွန်းပါ အခန်းပေါင်း ၁၀၆ ခန်းဖြင့် ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အခန်းများကတော့ တစ်ညလျှင် အမေရိကန် ဒေါ်လာ ၇ သောင်း ၅ ထောင် ပေးချေရမှာ ဖြစ်ပါတယ်။ အခန်းများကို ဒီဇိုင်းရေးဆွဲထားတဲ့ ဒီဇိုင်နာကတော့ Jacques Grange ပဲဖြစ်ပါတယ်။
Soneva Jani

Photo: Agoda
ဒီဟိုတယ်ရဲ့ တည်နေရာကတော့ မော်လ်ဒိုက်မှာပဲ ဖြစ်ပါတယ်။ Soneva Jani တွင် အဲကွန်းများ တပ်ထားတဲ့ အခန်းပေါင်း ၅၄ ခန်း ပါရှိပြီး အခန်းတိုင်းတွင် ရေကူးကန်များ ထည့်သွင်းပေးထားပါသေးတယ်။ ဒီဇိုင်းရေးဆွဲထားသူကတော့ ဒီဇိုင်နာ Eva Malmstrom Shivdasani ပဲဖြစ်ပါတယ်။ ဈေးအကြီးဆုံး အခန်းကတော့ တစ်ညလျှင် ဒေါ်လာ ၂ သောင်း ပေးချရမှာပဲ ဖြစ်ပါတယ်။
The Royal Suite

Photo: Architecturaldigest
ဒီဟိုတယ်ရဲ့ တည်နေရာကတော့ ဒူဘိုင်းမှာပဲ ဖြစ်ပါတယ်။ အခန်းများကို တော်ဝင်ဆန်ဆန်ပြင်ဆင်ထားတာဖြစ်ပြီး ဒီဇိုင်နာ Tom Wright က ဒီဇိုင်း ရေးဆွဲခဲ့တာပဲ ဖြစ်ပါတယ်။ အခန်းပေါင်း ၂၀၂ ခန်း ပါရှိပြီး တစ်ည တည်းခိုစရိတ်သည် အမေရိကန် ဒေါ်လာ ၂ သောင်း ၄ ထောင် ကုန်ကျမှာဖြစ်ပါတယ်။ ရေချိုးခန်းနှင့် အိမ်သာကိုလည်း သေသေချာချာ အသေးစိတ်ပြင်ဆင်ထားတာကိုလည်း တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ အခန်းတိုင်းကို ၂၂ ကာရက် ရွှေဖြင့် အလှဆင်ထားတာကတော့ တကယ့်ကို တော်ဝင်ဆန်တဲ့ အငွေ့အသက်ကို ခံစားရမှာပါ။
Source: Magicbricks
Featured Image: Matadornetwork
