ခေတ်ဆန် တဲ့ ကော်ဖီ စားပွဲငယ်တစ်ခု ကိုယ်တိုင်ကိုယ်ကျ ဖန်တီး ဖို့ဆိုတာ ခက်ခဲတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ကွီးတို့မှာ ပစ္စည်း ပစ္စယ စုံစုံလင်လင် ရှိရုံနဲ့တင် အမိုက်စား စားပွဲငယ်တစ်ခုကို ဖန်တီးနိုင်ပါတယ်။

အရင်ဦးဆုံး ကော်ဖီ စားပွဲရဲ့ ဒီဇိုင်းကို လေ့လာကြည့်လိုက်ရအောင်။

making coffee table

ကွီးတို့ ဖန်တီးရမယ့် စားပွဲ ပုံစံက ဒီလို ပုံစံမျိုး ဖြစ်ပါတယ်။ သူ့ထက် ဆိုဒ် ပိုသေးတာမျိုးလည်း ဖန်တီးနိုင်ပါသေးတယ်။ ပစ္စည်း ပစ္စယတွေ အားလုံး စုံလင်ပြီဆိုရင်တော့ အခုဖော်ပြပေးမယ့် အဆင့်များကို အဆင့်ဆင့် ပြုလုပ်နိုင်ပါပြီ။

အဆင့် (၁)

making coffee table

အရင်ဦးဆုံး စားပွဲ ခြေထောက်ကို ပြင်ရပါမယ်။ စားပွဲ ခြေထောက်အတွက် သစ်သားပြားကို ညီညီညာညာ ပိုင်းဖြတ်ထားပြီးနောက် အထိုင်ချလိုက်ပါ။

အဆင့် (၂)

making coffee table

စားပွဲရဲ့ ဘောင်တွေ ပြင်ဆင်ဖို့အတွက် သစ်သားပြားကို ဖြတ်ထားပြီးနောက် စားပွဲ ခြေထောက်နဲ့ တွဲဖို့အတွက် အခုလိုမျိုး အပေါက် ဖောက်ပေးလိုက်ပါ။

အဆင့် (၃)

ခေတ်ဆန် ကော်ဖီ ဖန်တီး

စားပွဲရဲ့ ဖရိန်ပုံစံ ထွက်လာပြီဆိုရင်တော့ အောက်ခြေအထိုင်အတွက် ဆက်ရိုက်ပေးရပါမယ်။ ဒီအတွက်တော့ သစ်သားပြားကို ခပ်ထူထူ သစ်သားမျိုး မဟုတ်ဘဲ ခပ်ပါးပါး သစ်သားမျိုးကို ရွေးချယ်ရမှာပဲဖြစ်ပါတယ်။

ရရှိလာတဲ့ သစ်သားပြားများနဲ့ စားပွဲရဲ့ အထိုင်အောက်ခြေကို ရိုက်ပေးလိုက်ပါ။

အဆင့် (၄)

ခေတ်ဆန် ကော်ဖီ ဖန်တီး

နောက်တစ်ဆင့်ကျမှ စားပွဲအပေါ်ပိုင်းအတွက် တဆင့်ချင်းစီ ရိုက်ထည့်ပေးလိုက်ပါ။

ခေတ်ဆန် ကော်ဖီ ဖန်တီးခေတ်ဆန် ကော်ဖီ ဖန်တီး

အားလုံး ပြီးသွားပြီဆိုရင်တော့ စားပွဲကို အရောင်တင်လိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ ကွီးတို့ရဲ့ ဧည့်ခန်းနဲ့ လိုက်ဖက်တဲ့ ခေတ်ဆန် သော ကော်ဖီ စားပွဲငယ် တစ်လုံးကို ကိုယ်တိုင် ကိုယ်ကျ ဖန်တီး ယူနိုင်ပြီပဲဖြစ်ပါတယ်။

ကွီးတို့ရော ဒီလို ကော်ဖီ စားပွဲမျိုးကို ကိုယ်တိုင် ကိုယ်ကျ မဖန်တီးချင်ဘူးလား။

Source: Shanty-2-chic.com

Featured Image: Homestratosphere.com