ဂိမ်းချစ်သူ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ ခေါင်းစား ရမယ့် အမိုက်စား Puzzle ဂိမ်းလေးတွေကို ညွှန်ပေးချင်ပါတယ်။ Puzzle ဂိမ်းတွေရဲ့ ထုံးစံအတိုင်း ဉာဏ်ကိုလွှာသုံးပြီး ပဟေဠိအဖြေညှိရတာ ဖြစ်တဲ့အတွက် ပျော်စရာကောင်းသလို ရင်ခုန်စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ်။ အချို့က ရိုးရှင်းတဲ့ ပဟေဠိတွေကို အဖြေရှာရတာ ဖြစ်ပေမယ့် အချို့ကတော့ လွယ်မလိုနဲ့ ခက်ခဲနက်နဲတဲ့ လှည့်ကွက်တွေနဲ့ အမှန်အကန်ခေါင်းစားပြီး ဆော့ရမှာပါ။ ကဲဒါဆို ကွီးတို့က ခေါင်းစားရတာ ကြိုက်တယ်ဆိုရင်တော့ အခုပြောပြမယ့် ဂိမ်းတွေဆော့ကြည့်လိုက်ပါ။
(၁) The Eyes of Ara
Source : The Eyes of Ara
The Eyes of Ara ကတော့ အသစ်ထွက်ထားတဲ့ အမိုက်စား Puzzle ဂိမ်းတစ်ခုပါ။ ဒီဂိမ်းက ပဟေဠိ – စွန့်စားခန်းတွေပါတဲ့ စိတ်ဝင်စားစရာ Puzzle ဂိမ်း Myst နဲ့ အနည်းငယ် ဆင်တူပါတယ်။ Players တွေအနေနဲ့ သဲလွန်စတွေကို ရှာဖွေပြီး လျှို့ဝှက်ချက်တွေကို အဖြေရှာရမှာ ဖြစ်ပါတယ်။ Graphics ပိုင်းတော်တော်လေးကြမ်းသလို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းသွားနဲ့ အမိုက်စား အတွေ့အကြုံသစ်ကို ခံစားရစေမယ့် Puzzle ဂိမ်းလေး ဖြစ်ပါတယ်။
(၂) Machinarium
Source : Machinarium
Classic Mobile Puzzle ဂိမ်းတွေထဲမှာတော့ Machinarium ကတော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီဂိမ်းလေးမှာ Josef လို့ခေါ်တဲ့ ဇာတ်ကောင်စက်ရုပ်လေးနေရာကနေ ကစားရမှာဖြစ်ပြီး လူဆိုးစက်ရုပ်လက်ထဲက ချစ်သူကောင်မလေးကို ကယ်တင်ရမှာပါ။ ပဟေဠိများစွာကို ဖြေရှင်းပြီး တဆင့်ပြီးတဆင့် တက်သွားရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးက တော်တော်လေးထူးခြားပြီး ပျော်စရာကောင်းတဲ့ အတွေ့အကြုံကို ပေးစွမ်းမှာ ဖြစ်ပါတယ်။
(၃) Papers, Please
Source : Papers, Please
Papers, Please က Simulation-Puzzle ဂိမ်းလေးပါ။ ကွီးတို့အနေနဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိဇာတ်ကောင်နေရာကနေ ပါဝင်ကစားရမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် Kolechia ကနေ Arstotzkan ကိုလာရောက်သူတွေရဲ့ ပတ်စ်ပို့တွေကို စစ်ဆေးရမှာပါ။ ပတ်စ်ပို့တစ်ခုစီတိုင်းကို မှန်ကန်တိကျမှုရှိမရှိ စစ်ဆေးပြီး လိမ်လည်ထားတဲ့ ပတ်စ်ပို့တွေကို ရှာဖွေဖော်ထုတ်ရမှာဖြစ်ပါတယ်။ ဒီဂိမ်းလေးက တစ်ခါတစ်လေမှာ တော်တော်လေး ခေါင်းစားစေတယ်ဆိုပေမယ့် စိတ်ကျေနပ်စရာကောင်းတဲ့ ခံစားမှုကိုရစေမှာပါ။ PC ဗားရှင်းထွက်တာကြာပြီဖြစ်ပြီး Android ဗားရှင်းကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကမှ ထွက်လာတာ ဖြစ်ပါတယ်။
(၄) Quadline
Source : Quadline
Quadline ကတော့ Minimal-Style Puzzle ဂိမ်း ဖြစ်ပါတယ်။ ဂိမ်းပုံစံလေးက ရိုးရိုးရှင်းရှင်းနဲ့ စိတ်အေးလက်အေး ဆော့ရမယ့် ဂိမ်းပုံစံဖြစ်ပါတယ်။ အစပိုင်း Levels တွေက လွယ်ပေမယ့် Levels တွေ တဆင့်ဆင့် တက်လာတာနဲ့အမျှ ပိုပြီးခက်ခဲရှုပ်ထွေးလာမှာ ဖြစ်ပါတယ်။ ဂိမ်း Levels ပေါင်းကတော့ ၁၇၅ ခု ပါဝင်ပြီး Timers မပါပဲ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Dark Mode ၊ Colorblind Mode နဲ့ တခြားစိတ်ဝင်စားစရာ လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။
Featured Photo : Nintendo Life