တခါတရံမှာ လောကကြီးက ကိုယ့်အပေါ်  ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံနေတယ်လို့ ခံစားနေရပါသလား။ ကိုယ်က ဘယ်လောက်ပဲ ကောင်းအောင် ကြိုးစား ကြိုးစား လူတွေရဲ့ ကဲ့ရဲ့ခြင်းက မလွတ်မြောက်နိုင်ဘဲ စိတ်မွန်းကြပ်လာတဲ့ ခံစားချက်မျိုး ခံစားနေရပါသလား။ ထိုကဲ့သို့သော ခံစားချက် မျိုး ခံစားရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အားပြန်ပေးဖို့အတွက် နားဆင်ခံစားသင့်တဲ့ သီချင်း ကောင်းများရှိပါတယ်။

Needy – Ariana Grande

ကိုယ့်ကိုယ်ကိုယ် မတော်ဘူး။ လိုအပ်ချက်တွေ များနေတယ်ဆိုပြီး အားမလို အားမရဖြစ်တဲ့အခါ Ariana Grande ရဲ့ Needy သီချင်းလေးကိုသာ နားဆင်ခံစားကြည့်လိုက်ပါ။

Perfect – Simple Plan

ဒီသီချင်းလေးကတော့ Broken Family ကြောင့် စိတ်ဒဏ်ရာရနေတဲ့ ကလေးတစ်ယောက်ရဲ့ ခံစားချက်အကြောင်း ရေးဖွဲ့စပ်ဆိုထားတာဖြစ်ပါတယ်။

Slow Dancing In The Dark – Joji

ဒီသီချင်းလေးကတော့ စိတ်ဓာတ်ကျနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်အားပေးဖို့ရန်အတွက် အသင့်တော်ဆုံးသီချင်းပဲဖြစ်ပါတယ်။ ဒီသီချင်းကို သီဆိုထားတဲ့ အဆိုတော် Joji သည် လူအများကို ပျော်ရွှင်အောင် လုပ်ပေးရတဲ့ လူရွှင်တော်တစ်ယောက်ပင် ဖြစ်လင့်ကစား သူ့မှာလည်း စိတ်ဓာတ်ကျရတဲ့ ခံစားချက် မျိုး ခံစားရတတ်တာကြောင့် ဒီ သီချင်း လေးကို သူ သီဆိုထားတာဖြစ်ပါတယ်။

Pretty Hurts – Beyonce

ကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့လူသားရယ်ဆိုတာ မရှိတဲ့အတွက်ကြောင့် ပြီးပြည့်စုံဖို့ ကြိုးစားနေရခြင်းသည်လည်း ရောဂါတစ်ခုဖြစ်ကြောင်း သီဆိုထားတာဖြစ်ပါတယ်။

Draw Barrymore – SZA

SAZ သည် Lorde တို့ Billie Eilish တို့လိုမျိုး ပေါ်ပြူလာသိပ်မဖြစ်ပေမယ့် သူ့ရဲ့သီချင်းသည်လည်း သင်ခန်းစာအများကြီးပေးစွမ်းနိုင်တဲ့သီချင်းလေးပဲဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့နေမယ်ဆိုရင် သင်သည် စိတ်ရောဂါကုဆရာဝန်ထံ ကုသဖို့ ခံယူသင့်ပြီဖြစ်ကြောင်း စပ်ဆိုထားတာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်အောင် သင်ကြားပေးမယ့် သီချင်းတစ်ပုဒ်ပါ။

Idontwannabeyouanymore – Billie Eilish

Billie Eilish ရဲ့ အသံနဲ့ သီချင်းစာသား၊ သံစဉ်တို့ရဲ့လိုက်ဖက်မှုကို ကွက်ကွက်ကွင်းကွင်းကြီး မြင်တွေ့ရမယ့် သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

Liability – Lorde

သင်သည် လူတွေအားလုံးရဲ့ ဝေဖန်သမျှတွေကို ခေါင်းထဲထည့်ထားပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ဒုက္ခပေးနေမယ်ဆိုရင် သင်သည် သူတို့ ကြိုးဆွဲရာ ကမယ့် ရုပ်သေးရုပ်တစ်ခုသာဖြစ်ကြောင်း ပြောပြနေတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

U – Kendrick Lamar

Source: Kendrick Lamar Spotlight

ဒီသီချင်းလေးသည်လည်း ကွီးတို့ရဲ့ စိတ် ခံစားချက် ကို မြှင့်တင်ပေးမယ့် သီချင်း ကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

Creep – Radiohead

ရော့ခ်သီချင်းတွေကို ကြိုက်နှစ်သက်ကြတဲ့ ကွိးတို့ကတော့ ဒီသီချင်းလေးကို ရွေးချယ်နားဆင်နိုင်ပါတယ်။

Jolene – Dolly Parton

ကိုယ်က သူ့အတွက် လုံလောက်အောင် မကောင်းတဲ့အတွက်ကြောင့် ကိုယ့်ကို ထားခဲ့တဲ့သူတစ်ယောက်အကြောင်း ရေးသားထားတာဖြစ်ပါတယ်။ တစ်ဖက်က ကောင်မလေးကိုလည်း ကိုယ့်ရည်းစားကို လုမယူသွားဖို့ တောင်းပန်နေတဲ့ပုံစံ ရေးဖွဲ့ထားတာဖြစ်ပါတယ်။

ခံစားချက် သီချင်း

Photo: Amazon.com

ဒါပေမဲ့ သင် ပထမအကြိမ် နားဆင်ခံစားတဲ့အခါ သူပေးချင်တဲ့ အဓိကရသကို ခံစားရမှာမဟုတ်ပါဘူး။ ကြိမ်ဖန်များစွာ နားထောင်ကြည့်တဲ့အခါ ကိုယ့်ရဲ့ ဖြစ်တည်မှုကို မနှစ်သက်တဲ့လူတစ်ယောက် သံယောဇဉ်ထားဖို့ရန်အတွက် ကိုယ့်အချိန်တွေကို မဖြုန်းတီးသင့်ကြောင့် ခံစားရပါလိမ့်မယ်။

Source: Tonestart

Featured Image: Newsroom.ucla.edu