လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုက လူသားနှစ်ဦး အတူတကွ သာယာပျော်ရွှင်မှုကို ခံစားကြတဲ့ သဘာဝ ကိစ္စတစ်ခုပါ။ နှစ်ဦးနှစ်ဖက်လုံး စိတ်လှုပ်ရှားမှု အပြည့်အဝနဲ့ သာယာပျော်ရွှင်မှုကို ရရှိနိုင်ဖို့က အရေးကြီးပါတယ်။ ထိုသို့မဟုတ်ဘဲ ကိုယ့်အတွက်သာ ဦးစားပေးပြီး သာယာခြင်းကို ရယူတာက ရေရှည်မှာ ကွီးတို့ရဲ့ ဆက်ဆံရေးကို ထိခိုက်လာနိုင်စေပါတယ်။ နှစ်ဦးနှစ်ဖက်လုံး သာယာပျော်ရွှင်တဲ့ လိင်မှုဘဝကို ရရှိခြင်းက ကွီးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် ကောင်းသောသက်ရောက်မှု ရှိပါတယ်။ ဒီဆောင်းပါလေးမှာတော့ လိင်မှုဘဝမှာ နှစ်ဦးနှစ်ဖက်လုံး ခံစားမှုတွေ ရှယ်ဖိုင်းဖို့ဆို ရင် လိုက်နာသင့်တဲ့ အချက်လေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

ခံစားမှုတွေ ရှယ်ဖိုင်းဖို့ဆို

Photo : Askman Media

အိပ်ရာပေါ်မှာ သာယာမှုကို အပြည့်အဝခံစားနိုင်ဖို့ဆိုရင် အမျိုးသားတို့ရဲ့ စွမ်းဆောင်ရည်ကလည်း တစ်စိတ်တစ်ပိုင်း အရေးပါပါတယ်။ ဒါ့ကြောင့် ကိုယ်လက်လေ့ကျင့်ခန်းတွေကို ပြုလုပ်သင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုရှိခြင်းက နှလုံးနဲ့ဆိုင်တဲ့ မကျန်းမာသော အခြေအနေများကို လျှော့ချနိုင်ပြီး လိင်ပိုင်းဆိုင်ရာလုပ်ဆောင်မှုနှင့် အလုံးစုံကျန်းမာရေးကို တိုးတက်စေတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်က တိုက်ရိုက်ဆက်နွယ်နေတယ်ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် လိင်တံအရွယ်အစားကို သိသိသာသာ သက်ရောက်မှုရှိပြီး ကျန်းမာစေပါတယ်။

ချောဆီ အသုံးပြုပါ

ခံစားမှုတွေ ရှယ်ဖိုင်းဖို့ဆို

Photo : Intercom

အမျိုးသမီးများရဲ့ ခန္ဓာကိုယ်က  သဘာဝအတိုင်း ချောဆီများကို ဖန်တီးထားသော်လည်း တစ်ခါတစ်ရံတွင် ခြောက်သွေ့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို ခြောက်သွေ့နေခြင်းက နာကျင်‌သော လိင်ဆက်ဆံမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ခံစားမှု ပိုမိုကောင်းမွန်ပြီး လုံခြုံသော လိင်ဆက်ဆံမှုကို ရစေရန် ရေကို အခြေခံထားသော ချောဆီနဲ့ ကွန်ဒုံးကို အသုံးပြုပါ။

ချစ်ခင်တတ်ပါစေ

ခံစားမှုတွေ ရှယ်ဖိုင်းဖို့ဆို

Photo : Vista Create

လိင်မှုကိစ္စမှာ သာယာမှုကို ရယူပြီး ပြီးဆုံးသွားတာမျိုး မဖြစ်သင့်ပါဘူး။ ကွီးတို့ရဲ့ ခံစားမှုတွေ ပိုပြီးကောင်းမွန်စေဖို့ အစပိုင်းမှာ Foreplay ကို အလေးထားပြီး စိတ်လှုပ်ရှားဖွယ် စတင်ပါ။ အတူတူ ရေချိုးပါ သို့မဟုတ် အချင်းချင်း အာရုံခံစားမှု နှိပ်နယ်ပေးပါ။ ဆိုဖာပေါ်မှာ ပူပူနွေးနွေး အချစ်ခရီးကို စတင်ပါ။ တစ်ကိုယ်ရည်အာသာဖြေခြင်းဖြင့် တစ်ယောက်ကိုတစ်ယောက် ခံစားမှု အထွတ်အထိပ် (Orgasm) ကို ယူဆောင်လာပါ။ ပွေ့ဖတ်တာ၊ နမ်းတာ စတာလေးတွေကိုလည်း ပြုမူဖို့ မတွန့်ဆုတ်ပါနဲ့။

အသစ်အဆန်းတွေ စမ်းသပ်ကြည့်ပါ

Photo : Vista Create

ခံစားမှုတွေ ရှယ်ဖိုင်းဖို့ဆို ရင် ပိုမိုကောင်းမွန်တဲ့ လိင်ဆက်ဆံရေးကို ရရှိဖို့အတွက် လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှု အသစ်အဆန်းလေးတွေ စမ်းကြည့်နိုင်ပါတယ်။ နည်းလမ်းသစ်များဖြင့် အချင်းချင်း ထိတွေ့ပါ။ နေရာရွေ့ပြီး လိင်ဆက်ဆံမှုကို ပြုလုပ်ကြည့်ပါ။ ဘယ်ဟာတွေက အကောင်းဆုံးဖြစ်မလဲဆိုတာ သိနိုင်ဖို့ မတူညီတဲ့ လိင်ပုံစံတွေကို စမ်းကြည့်နိုင်ပါတယ်။ ဒါ့အပြင် Sex Toys လေးတွေ အသုံးပြုတာမျိုးလည်း လုပ်နိုင်ပါတယ်။

တစ်ကိုယ်ရည် အာသာဖြေပါ

Photo : Unplash

အိပ်ရာပေါ်မှာ ကိုယ်လိုချင်သလောက် ကြာရှည်မခံဘဲ သုတ်လွှတ်မြန်နေတယ်ဆိုရင် ဘယ်လိုမှ တစ်ဖက်သားက သာယာမှု အပြည့်အဝ ရနိုင်မှာ မဟုတ်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် တစ်ကိုယ်ရည် အာသာဖြေခြင်း နည်းလမ်းကို အသုံးပြုကြည့်ပါ။ တစ်ကိုယ်ရည် အာသာဖြေခြင်းကို စတင်ပြီး ခံစားမှု အထွတ်အထိပ် (Orgasms) မရောက်မှီ လိင်တံကို လှုံ့ဆော်ပေးခြင်းကို ရပ်တန့်ခြင်းက သုက်ထွက်ချင်စိတ်ကို အမြန်လျှော့ချနိုင်ပါတယ်။  အချိန်ကြာလာသည်နှင့်အမျှ မိမိ Orgasms ကို ထိန်းချုပ်ရန်နိုင်လာပြီး ကွီးတို့ရဲ့ လက်တွဲဖော်နှင့်အတူ ချစ်တင်းနှီးနှောရာမှာ ကြာချိန်နဲ့ ခံနိုင်ရည်ကိုလည်း တိုးတက်စေပါတယ်။

ကွီးတို့ တူနှစ်ကိုယ် ခံစားမှုတွေ ရှယ်ဖိုင်းဖို့ဆို ရင် ဒီနည်းလမ်းလေးတွေကို အသုံးပြုကြည့်ပါနော်။

Source : Flo. Health

Featured Photo : Vista Create