ချစ်ခြင်းတရားဟာ တကယ်ကို လှပပြီး ဆန်းကြယ်သော ခံစားမှုတွေနဲ့ ကြည်နူးမှုတွေကို ပိုင်ဆိုင်စေတဲ့ အရာပါ။ ဘယ်လို ချစ်ခြင်းတရားမဆို လှပပြီး လူတိုင်းနဲ့ ထိုက်တန်ပါတယ်။ ဒီနေရာမှာ အချစ်အကြောင်းပြောရမယ်ဆိုရင် လူနှစ်ယောက်ကြားက ချစ်ခြင်းတရားက ရင်ခုန်မှုတွေနဲ့ ပြည့်နှက်နေပြီး သူစိမ်းကနေ အရင်းနှီးဆုံးသောသူ အဖြစ် နှလုံးသားချင်း နီးစပ်ပြီး အတူတူဖြတ်သန်းကြတာ တကယ်ကို ပျော်ရွှင်ဖွယ် အတိပါပဲ။ ချစ်ခြင်း ကို နည်းမျိုးစုံနဲ့ ဖော်ပြကြသလို သီချင်းလေးတွေ သံစဉ်တွေ နဲ့လည်း ဖော်ပြကြပါတယ်။

ဒီဆောင်ပါးလေးမှာတော့ ချစ်ခြင်းကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ မရေမတွက်နိုင်တဲ့ ခံစားချက်များကို ရေးဖွဲ့သီကုံးထားတဲ့ သီချင်းများကို ဖော်ပြပေးချင်ပါတယ်။ ကဲ ကွီးတို့ ပုရိသတို့ စိတ်နှလုံးအာရုံမှာ စွဲထင်ရစ်စေမဲ့ ချစ်ခြင်း သံစဉ်တွေ ကို နားဆင်လိုက်ရအောင်။

Someone That Loves You (Late Night Version)

Source : HONNE

HONNE နဲ့ Izzy Bizu တို့သီဆို ထားတဲ့ ဒီအဓိပ္ပါယ်ပြည့်ဝတဲ့ အချစ်သီချင်းကောင်းလေးက ကွီးတို့ရင်ထိစေလား ဆိုတာ နားဆင်လိုက်ပါဦး။

Cinema by Harry Styles

Source : Harry Styles

ဒီသီချင်းလေးက Harry Styles ရဲ့ ၂၀၂၂ မှာ ထွက်ရှိထားတဲ့ အယ်လ်ဘမ် ဖြစ်တဲ့ ‘Harry’s House’ မှာ ပါဝင်တဲ့ သီချင်းကောင်းလေး ဖြစ်ပါတယ်။

The Scientist

Source : Coldplay

ထွက်ရှိတာ ကြာခဲ့ပြီဖြစ်ပေမဲ့ နားထောင်လို့ကောင်းဆဲဖြစ်တဲ့ Coldplay အချစ်သီချင်းလေးကိုလည်း ကွီးတို့အတွက် ရွေးချယ်ပေးလိုက်ပါတယ်။

The Power of Love

Source : Gabrielle Aplin

အချစ်ရဲ့ စွမ်းအားအကြောင်းကို Gabrielle Aplin ရဲ့ အသံပါဝါကောင်းကောင်းနဲ့ သီဆိုထားတဲ့ သီချင်းကောင်းကိုလည်း နားဆင်လိုက်ပါဦး။

Melt

Source : Kehlani

ဒီသီချင်းလေးမှာတော့ ဆက်ဆံရေးတစ်ခုရဲ့ ပျော်ရွှင်ဖွယ်၊ တပ်မက်မှု၊ ချစ်ခင်မှုနှင့် သဟဇာတရှိသော အခြေအနေတွေကို နားဆင်ခံစား ရမှာပါ။

A Thousand Years

Source : Christina Perri

ဒီသီချင်းလေးကိုတော့ ကွီးတို့တော်တော်များများ သိပြီးသားဖြစ်မှာပါ။ လူတော်တော်များများရဲ့ ရင်ဘတ်ထဲမှာ အခုထိ စွဲထင်ရစ်တဲ့ ချစ်ခြင်း သံစဉ်လေး တစ်ပုဒ်ဆိုလည်း မမှားပါဘူး။

My Love

Source : Westlife

အချစ်သီချင်းကောင်းလေးတွေ အကြောင်းပြောရင် Westlife ရဲ့ My Love ဆိုတဲ့ သီချင်းလေးကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။

Anything 4 U

Source : Banks

နောပ်ထပ်ဖော်ပြပေးချင်တာကတော့ Banks ရဲ့ Anything 4 U ပဲဖြစ်ပါတယ်။ မြူးမြူးကြွကြွနဲ့ ခံစားချက်အပြည့်ပါတဲ့ အချစ်သီချင်းစစ်စစ်လေး တစ်ပုဒ်ကို နားဆင်ခံစားကြည့်လိုက်ပါ။

အခုဖော်ပြပေးလိုက်တဲ့ သီချင်းကောင်းလေးတွေက ချစ်ခြင်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ အရောင်အသွေးတဲ့ ခံစားမှုတွေအကြောင်း ရေးဖွဲ့ထားတဲ့ သီချင်းလေးတွေပဲ ဖြစ်ပါတယ်။ ကွီးတို့ရော ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ ချစ်ခြင်း သံစဉ်တွေ က ဘယ်သီချင်းလေးတွေပါလဲ။

Featured Photo : Vista Create