လက်ထပ်ပြီးချိန်မှာ အိမ်ထောင်တာဝန် ၊ အလုပ်တာဝန်တွေနဲ့ လုံးပန်းနေရလို့ အိမ်သူသက်ထားလေးကို ဂရုစိုက်ဖို့ မေ့လျော့နေပြီလား။ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြင်နာခြင်းဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးရဲ့ သော့ချက်ပါပဲ။ ကွီးတို့ရဲ့ ချစ်ဇနီးလေးကို ချစ်ကြောင်း ၊ ဂရုစိုက်ကြောင်းပြဖို့ တကယ်တော့ ကြီးကျယ်ခမ်းနားတဲ့ လုပ်ဆောင်မှုတွေ လုပ်ပေးမှ မဟုတ်ပါဘူး။ အခုပြောပြမယ့် နည်းလမ်းလေးတွေနဲ့လည်း ကွီးတို့ရဲ့ ကြင်သူ ချစ်ဇနီးလေး ကို ရိုမန့်တစ်ဆန်တဲ့ ခံစားမှုလေးရအောင် ဖန်တီးပေးနိုင်ပါတယ်။
(၁) ဒိတ်လုပ်ဖို့ခေါ်သွားပါ

Photo : The Gottman Institute
ကွီးတို့ နောက်ဆုံး ဘယ်အချိန်မှာ ဒိတ်လုပ်ခဲ့ကြတာလဲ ပြန်တွေးကြည့်ပါ။ လက်ထပ်ပြီးချိန်မှာ သမီးရည်စားဘဝကလို ရင်ခုန်စရာဒိတ်လေးတွေ အနည်းနဲ့အများ နည်းသွားတက်ကြတာပါပဲ။ ဒါကြောင့် ချစ်သူရည်းစားဘဝတုန်းကလို ရိုမန့်တစ် ဆန်တဲ့ ဒိတ်လုပ်နည်းလေးတွေနဲ့ တကြော့ပြန် လတ်ဆတ်တဲ့အချစ်ရဲ့ ခံစားမှုအငွေ့အသက်လေးတွေကို ဖန်တီးပေးလိုက်ပါ။
(၂) သူမလှကြောင်းပြောပါ
Photo : Talkspace
ခင်ပွန်းသည်ရဲ့ လှတယ်လို့ပြောတဲ့ စကားတစ်ခွန်းဟာ အမျိုးသမီးတွေအတွက်တော့ ကမ္ဘာကြီးတစ်ခုပါပဲ။ ဒီအတွက်ကြောင့် ကွီးတို့ ခင်ပွန်းသည်တွေအနေနဲ့ ကိုယ့်ရဲ့ ချစ်ဇနီးလေး ကို လှတယ်ပြောဖို့ မမေ့လျော့ပါနဲ့။ ဒီစကားလေးဟာ ရိုးရိုးလေးနဲ့ ရိုမန့်တစ် ဆန်စေသလို သူမအပေါ် ချစ်မြတ်နိုးကြောင်း ဖော်ပြရာလည်း ရောက်ပါတယ်။
(၃) လူတွေရှေ့မှာ ဂရုစိုက်ကြင်နာကြောင်း ပြပေးပါ

Photo : Kylie Lepri Counselling
မိန်းကလေးတိုင်းလိုလို လူရှေ့သူရှေ့မှာ အချစ်ခံရတာကို သဘောကျကြပါတယ်။ လူတွေရှေ့မှာ ဂရုစိုက်ကြင်နာခံရတာကို ဂုဏ်ယူဝမ်းမြောက်ကြသလို ပျော်လည်းပျော်ကြပါတယ်။ အပြင်ထွက်ချိန်မှာ သူမရဲ့ လက်လေးကို ကြင်ကြင်နာနာဆုပ်ကိုင်ထားတာ ၊ အသေးအဖွဲ့အရာလေးတွေကအစ ဂရုစိုက်ကြင်နာတာတွေ လုပ်ပေးပါ။ သူမအနေနဲ့ ရိုမန့်တစ် ဆန်တဲ့ ခံစားမှုလေးကို ခံစားရစေမှာ အသေအချာပါပဲ။
(၄) ခရီးတစ်ခု စီစဉ်ပေးပါ

Photo : The Travel Scribes
ကွီးတို့ရဲ့ ချစ်ဇနီးလေး ကို ရိုမန့်တစ် ဆန်ဆန်နဲ့ စပရိုက်ဖြစ်သွားစေချင်တယ်ဆိုရင်တော့ ခရီးတစ်ခု စီစဉ်ပေးလိုက်ပါ။ အားလပ်ရက်မှာ အလုပ်တွေ ၊ မိသားစုတာဝန်တွေ ခဏမေ့ထားပြီး နှစ်ဦးသား လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ပါးပါး ခရီးထွက်လိုက်ပါ။ ဇနီးမောင်နှံနှစ်ဦးသားရဲ့ ဆက်ဆံရေး ပိုရင်းနှီးလာမှုတိုးလာစေပြီး အားလပ်ရက်ကို အဓိပ္ပါယ်ရှိရှိဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။
Featured Photo : The Good Men Project

