ချစ်တင်းနှောခြင်း ဟာ နှလုံး ကျန်းမာရေးအတွက် အကောင်းဆုံးသော သဘာဝဆေးတစ်လက်လို့ ပြောရင်မမှားနိုင်ပါဘူး။ လိင်မှုကိစ္စကနေ သာယာပျော်ရွှင်မှုတွေကို ခံစားရနိုင်ရုံသာမက နှလုံးရဲ့ လုပ်ဆောင်ချက်ကိုလည်း ကောင်းမွန်စေပြီး ခေါင်းကိုက်ခြင်း ၊ အိပ်မပျော်ခြင်း ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ American Journal of Cardiology ရဲ့ လေ့လာမှုတစ်ခုအရ တစ်ပတ်မှာ ၂ ကြိမ် ချစ်တင်းနှောတဲ့ အမျိုးသားတွေဟာ နှလုံးဖောက်နိုင်ခြေ လျော့ကျစေတယ်လို့ သိရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ချစ်တင်းနှောခြင်းက နှလုံးကျန်းမာရေးကို ဘယ်လိုဘယ်ပုံ အကျိုးပြုလဲဆိုတာ ပြောပြပေးပါမယ်။

(၁) Cardio လေ့ကျင့်ခန်းတစ်ခုကဲ့သို့ အကျိုးသက်ရောက်မှုရှိတယ်

Heart Health

Photo : Eat This Not That

ချစ်တင်းနှောခြင်းဟာ Cardio လေ့ကျင့်ခန်းတစ်ခုနည်းတူ ကောင်းကျိုးသက်ရောက်မှု ရှိပါတယ်။ ချစ်တင်းနှောခြင်း ကနေ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သလို နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေနိုင်ပြီး အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ပါတယ်။ သုတေသီတွေကတော့ လိင်မှုဆိုင်ရာလှုပ်ရှားမှုတွေဟာ တစ်မိနစ်လျှင် ကယ်လိုရီ ၃ဝ ခန့် လောင်ကျွမ်းစေတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတစ်ခုနဲ့ ညီမျှတယ်လို့ ဆိုထားပါတယ်။

သို့သော် ချစ်တင်းနှောခြင်း တစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို ပြုလုပ်ပြီး ကျန်းမာတဲ့နေထိုင်မှုပုံစံကို ထိန်းသိမ်းမှသာလျှင် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စွာ အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

(၂) နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

Heart Health

Photo : Facty Health

လေ့လာမှုတစ်ခုအရ တစ်ပတ်လျှင် ၂ ကြိမ် သို့မဟုတ် ၂ ကြိမ်ထက်မနည်း ချစ်တင်းနှောတဲ့ သက်လတ်ပိုင်း အမျိုးသားတွေမှာ နှလုံးဖောက်ခြင်း Heart Attack ရောဂါဖြစ်နိုင်ခြေ နည်းပါးတယ်လို့ ဆိုပါတယ်။

(၃) စိတ်ဖိစီးမှု လျှော့ချပေးတယ်

Hear Health

Photo : Clearlight® Saunast

ချစ်တင်းနှောခြင်း ဟာ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကို ဖန်တီးပေးတဲ့ Endorphin ဟော်မုန်းပမဏထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရ တစ်ပတ်လျှင် ၂ အကြိမ်ထက်မနည်း ချစ်တင်းနှောတဲ့ အမျိုးသားတွေဟာ သွေးလည်ပတ်မှု ပိုမိုကောင်းမွန်ပြီး စိတ်ဖိစီးမှု လျော့ကျစေတယ်လို့ ဆိုပါတယ်။

(၄) ရင်းနှီးမှု တိုးစေတယ်

Heart Health

Photo : Mayo Clinic News Network

အထီးကျန်ခြင်းဟာ နှလုံးရောဂါ ဖြစ်စေနိုင်ခြေကို တိုးစေပါတယ်။ ချစ်တင်းနှောခြင်း အားဖြင့် သင့်ပါတနာနဲ့ သင့်ကြားက ခင်မင်ရင်းနှီးမှုကို တိုးမြင့်စေတဲ့အတွက် အထီးကျန်မှု ကင်းဝေးပြီး နှလုံးရဲ့ ကျန်းမာရေးကိုလည်း ကောင်းစေနိုင်ပါတယ်။

Featured Photo : ThinkHealth – Priority Health