ကွီးတို့က ကွီးတို့ရဲ့ မဟေသီနဲ့ အချိန်မှန်မှန် ချစ်တင်းနှော ချင်ပေမယ့် ကလေး ယူဖို့ ရယ်ဒီ မဖြစ်သေးလို့ စိတ်ပူနေရပါသလား။ ယခုလို အဘက်ဘက်က ခေတ်မီနေတဲ့အချိန်မှာ ဆေးသိပ္ပံပညာနှင့် ကျန်းမာရေး စောင့်ရှေက် ကုသမှုတွေကလည်း ခေတ်မီနေတာပဲဖြစ်ပါတယ်။ ဒီလို ခေတ်မီနေတဲ့ခေတ်ကြီးထဲမှာ ချစ်တင်းနှော ချင်ပြီး အေးဆေးမှ ကလေး ယူချင်တယ်ဆိုရင်တော့ ပြုလုပ်လို့ရတဲ့ နည်းလမ်းတွေက အများကြီးမှ အများကြီးပါပဲ။

အေးဆေးမှ ကလေးယူချင်တဲ့ ကွီးတို့အတွက် သားဆက်ခြားနည်းတွေက အများကြီး ရှိပါတယ်။ အဲ့ဒီအထဲကမှ ကွီးတို့နဲ့ အသင့်တော်ဆုံး နည်းလမ်းကို ရွေးချယ်ရမှာပဲဖြစ်ပါတယ်။

IUDs ကို သားအိမ်ထဲ ထည့်တဲ့နည်းလမ်း

IUDs

IUD ကတော့ အင်္ဂလိပ် အက္ခရာ T ပုံသဏ္ဍာန်လေးရှိပြီး ပလပ်စတစ်နဲ့ ကြေးနီ (သို့) ဟော်မုန်းတို့ ပေါင်းစပ်ထားတဲ့ ဟော်မုန်း တားဆေးတစ်ခုပဲဖြစ်ပါတယ်။ ဆရာဝန်ရဲ့ အကူအညီ ညွှန်ကြားချက်တို့ဖြင့် မိန်းမကိုယ်ထဲ ထည့်သွင်းရမှာပဲဖြစ်ပါတယ်။

IUS မှာဆိုရင် အမျိုးအစား နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ကော့ပါး IUD ဖြစ်ပြီး ကော့ပါးက သုတ်ပိုးများ မမျိုးဥနှင့် မထိတွေ့ဖို့အတွက် တားဆီးပေးပါတယ်။ ၁၀ နှစ်နှင့် အထက်အထိ ခံပါတယ်။

ဟော်မုန်း IUD ကလည်း ကိုယ်ဝန်တားပေးတဲ့ ပစ္စည်းတစ်မျိုးပါပဲ။​ သူကတော့ အမျိုးအစားပေါ် မူတည်ပြီး ၃ နှစ်မှ ၈ နှစ်အထိ သားဆက်ခြားပေးနိုင်ပါတယ်။ သားအိမ်ထဲမှာ IUD ထည့်ထားပေမယ့်လည်း ထည့်ထားမှန်း သိမှာမဟုတ်ပါဘူး။ ပုံမှန်အခြေအနေအတိုင်း ချစ်တင်းနှော နိုင်ပါတယ်။ တစ်ခုသတိထားရမှာကတော့ IUD လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။ ရောဂါ ကာကွယ်ချင်တယ်ဆိုရင်တော့ ကွန်ဒုံးနဲ့ပါ တွဲဖက် အသုံးပြုရမှာဖြစ်ပါတယ်။

ဟော်မုန်း IUD ဆိုတာကရော

ချစ်တင်းနှော ကလေး

စောစောက ပြောခဲ့သလိုပဲ ဟော်မုန်း IUD က အမျိုးအစားပေါ် မူတည်ပြီး နှစ်အလိုက် ကြာရှည်ခံချိန်လည်း ကွာခြားသွားပါတယ်။

Implant လို့ ခေါ်တဲ့ တုတ်ချောင်းသေးသေးလေးကို အရေပြားအောက် ထည့်ထားတာကတော့ ၃ နှစ်နှင့် အထက် ခံပါတယ်။ ဆေးထိုးရတာကကျတော့ ၃ လ၊ တစ်ကြိမ်စီ ထိုးရမှာဖြစ်ပါတယ်။ ဆေးကပ်ခွာလေးကတော့ အရေပြားပေါ်မှာ ကပ်ရမှာဖြစ်ပြီး တစ်ပတ်ကြာ တစ်ခါစီ လဲပေးရမှာဖြစ်ပါတယ်။ လက်စွပ်ပုံစံကကျတော့ မိန်းမကိုယ်ထဲထည့်ပြီး တစ်လ တစ်ကြိမ်စီ လဲပေးရပါမယ်။ ဆေးကဒ်ကတော့ နေ့တိုင်း အချိန်မှန်မှန် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ကွီးတို့က ဘယ်နည်းကိုပဲ သုံးသုံး လိင်မှတဆင့် ကူးစက်တာတွေကို မခံစားချင်ဘူးဆိုရင်တော့ ကွန်ဒုံး သုံးဖို့ လိုအပ်ပါတယ်။

အတားအဆီး နည်းလမ်းကို အသုံးပြုခြင်း

ချစ်တင်းနှော ကလေး

အတားအဆီး နည်းလမ်းဆိုတာကတော့ ရှင်းပါတယ်။ ကွန်ဒုံး အသုံးပြုပြီး တံတိုင်းသဖွယ် တားဆီးထားတာပဲဖြစ်ပါတယ်။ ကွန်ဒုံးလို့ ပြောတဲ့အခါ အမျိုးသားသုံး ကွန်ဒုံးလည်း ရှိသလို၊ အမျိုးသမီး သုံး ကွန်ဒုံး များလည်း ရှိပါတယ်။ အမျိုးသားသုံးကတော့ ကွီးတို့ အသုံးပြုနေကြ ပုံစံမျိုးပါ။ အမျိုးသမီးသုံး ကွန်ဒုံးကျတော့ မိန်းမကိုယ် အတွင်းထဲ ထည့်သုံးရတဲ့ Internal Condoms မျိုးပဲဖြစ်ပါတယ်။ အမျိုးသားသုံး ကွန်ဒုံးများကိုတော့ အမျိုးသားများရဲ့ လိင်တံပေါ်တွင် စွပ်ရတာဖြစ်တဲ့အတွက်ကြောင့် External Condoms လို့လည်း ခေါ်ပါသေးတယ်။ External Condoms များကတော့ HIV နဲ့ အခြားသော လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ အန္တရာယ်များ ကာကွယ်ပေးနိုင်ပါတယ်။ Internal Condoms များကတော့ External Condoms များလောက် အာနိသင် မရှိပေမယ့်၊ အတိုင်းအတာ တစ်ခုအထိ ကာတော့ ကာကွယ်ပေးနိုင်ပါတယ်။

ကွီးတို့ရော ကွီးတို့ရဲ့ မဟေသီအတွက် ဘယ်လို နည်းလမ်းဖြင့် သားဆက်ခြားဖို့ ဆုံးဖြတ်ထားပါသလဲ။

Source: Health.gov

Featured Image: Nypost.com