တစ်ခါတရံမှာ ချစ်တင်းနှော ချင် စိတ် ပျောက်နေတာက သဘာဝကျပါတယ်။ သွားလာလှုပ်ရှားစရာများ၊ လုပ်ဆောင်စရာ လုပ်ငန်းဆောင်တာ ရှိနေတဲ့အတွက်ကြောင့် တစ်ချိန်လုံး ချစ်တင်းနှော ချင်စိတ် ဝင်နေတာကမှသာ မူမမှန်တာပါ။ ဒါပေမဲ့ ကာလကြာရှည်သည်အထိ ချစ်တင်းနှော ချင်စိတ် ကုန်ခမ်း နေပြီဆိုရင်တော့ ကွီးတို့ ညီလေး ကျန်းမာရေးက တစ်ခုခု ချို့ယွင်းနေလို့ပဲဖြစ်ပါတယ်။
ကွီးတို့သည် ဘာ့ကြောင့် အချိန်အကြာကြီး ချစ်တင်းနှော ချင်စိတ်တွေ ကုန်ခမ်း နေရတယ်လို့ ထင်ပါသလဲ။
(၁) Testosterone လျော့ကျနေလို့
Testosterone ဆိုတာကတော့ အမျိုးသားများအတွက် အရေးကြီးတဲ့ ကျားဟော်မုန်းတစ်မျိုးပါပဲ။ ထိုဟော်မုန်း အများဆုံး ထွက်ရှိရာနေရာကတော့ ကွီးတို့ ညီလေးရဲ့ ဖွားဖက်တော် ကြက်ဥ နှစ်လုံးဆီမှာပဲဖြစ်ပါတယ်။ ထိုဟော်မုန်းသည် ကြွက်သားများ၊ အရိုးများ တည်ဆောက်ဖို့အတွက်လည်း တာဝန် ယူပေးရသလို ကွီးတို့ရဲ့ သုတ်ပိုး ထွက်ရှိမှုအတွက်လည်း တာဝန်ယူပေးရပါသေးတယ်။
ကွီးတို့ရဲ့ Testosterone ပမာဏက လျော့ကျနေမယ်ဆိုရင်တော့ ချစ်တင်းနှော ချင်စိတ် ကလည်း ကုန်ခမ်း နေမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် အသက်ကြီးလာသည်နှင့်အမျှ ထိုဟော်မုန်း ထွက်ရှိမှုကလည်း တဖြည်းဖြည်း လျော့ကျလာမှာဖြစ်ပါတယ်။
(၂) စိတ်ကျရောဂါ ခံစားနေရလို့
စိတ်ကျရောဂါသည် လူတစ်ယောက်ရဲ့ ဘဝကို အပြောင်းလဲကြီး ပြောင်းလဲစေနိုင်ပါတယ်။ စိတ်ကျရောဂါ ခံစားနေရသူတစ်ယောက်အဖို့ ချစ်တင်းနှောဖို့ မဆိုထားနဲ့ ဘာမှ လုပ်ချင် ကိုင်ချင်စိတ်လည်း ရှိမှာ မဟုတ်ပါဘူး။ ကိုယ် ဝါသနာပါတဲ့ အရာတွေကိုတောင် လုပ်ချင်နေမှာ မဟုတ်ပါဘူး။ တကယ်လို့ ကွီးတို့ဆီမှာ စိတ်ကျရောဂါရဲ့ လက္ခဏာများ ကြုံတွေ့နေရတယ်ဆိုရင်တော့ တတ်ကျွမ်းတဲ့ ပညာရှင်များနဲ့ အမြန်ဆုံး ကုသဖို့ လိုအပ်ပါလိမ့်မယ်။
(၃) အသက်အရွယ် ရလာလို့
အမျိုးသားတစ်ယောက်သည် သူ့ရဲ့ ဆယ်ကျော်သက် နှောင်းပိုင်းကာလများနဲ့ နှစ်ဆယ်ကျော် ကာလများတွင် Testosterone ဟော်မုန်း အများဆုံး ထွက်ရှိတဲ့ ကာလအပိုင်းအခြားပဲဖြစ်ပါတယ်။ ကွီးတို့က အသက် တဖြည်းဖြည်း ရလာသည်နှင့်အမျှ ကွီးတို့ရဲ့ ချစ်တင်းနှော ချင် စိတ်နဲ့ သုတ်ပြီး ထုတ်လွှတ်ချိန်တို့သည် အချိန်အများကြီး ကြာတတ်ပါတယ်။ အသက်အရွယ် ရလာတဲ့အချိန်မှာ ကွီးတို့ရဲ့ ညီလေး ထောင်မတ်လာဖို့က အချိန်သိပ် မယူရပေမယ့် အချိန်ကြာကြာ ထောင်မတ်ဖို့ကတော့ ခက်ခဲလာပါပြီ။
(၄) လေ့ကျင့်ခန်း ပြုလုပ်ခြင်း မရှိလို့
လေ့ကျင့်ခန်း (လုံးဝ) မပြုလုပ်ခြင်းနဲ့ လေ့ကျင့်ခန်း အလွန်အကျွံ ပြုလုပ်ခြင်းတို့ကလည်း ကွီးတို့ရဲ့ ချစ်တင်းနှော ချင်စိတ်ကို ကုန်ခမ်းစေနိုင်ပါတယ်။
လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းအားဖြင့် အဝလွန် ရောဂါ၊ ဆီးချိုရောဂါနှင့် နှလုံး ရောဂါတို့ ခံစားရခြင်းမှ ရာခိုင်နှုန်း နည်းစေပြီး ကွီးတို့ကို သက်လုံကောင်းကာ အမောခံနိုင်အောင် ကူညီပေးနိုင်ပါတယ်။ တန်ဆေး လွန်ဘေး ဆိုတဲ့ စကားအတိုင်းပဲ လေ့ကျင့်ခန်း အလွန်အကျွံ ပြုလုပ်လို့လည်း မရပါဘူး။ လေ့ကျင့်ခန်း အလွန်အကျွံ ပြုလုပ်ခြင်းကလည်း ကွီးတို့ရဲ့ ကျားဟော်မုန်းအပေါ် အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။
အထက်ဖော်ပြပါ အချက်များအပြင် အိပ်ရေး ဝဝ အိပ်စက်မှု မရှိခြင်း၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါတို့ ခံစားနေရခြင်း၊ အယ်လ်ကိုဟော ဖျော်ရည်များကို ဆေးဖြစ် ဝါးဖြစ် မှီဝဲတာထက် ကျော်လွန်ပြီး အလွန်အကျွံ သောက်သုံးခြင်း စတဲ့ အကြောင်းအရင်းများကြောင့်လည်း ချစ်တင်းနှော ချင်စိတ် ကုန်ခမ်း လေ့ရှိပါတယ်။
ကွီးတို့ရော လက်ရှိမှာ ချစ်တင်းနှော ချင်စိတ်တွေ ကုန်ခမ်း နေပါသလား။
Source: Healthline
Featured Image: Menshealth