ကွီးတို့ လိင်မှုဘဝမှာ ပါဖောမန့်စ် ကောင်းကောင်းနဲ့ အပြည့်အဝ စွမ်းဆောင်ပြီး ကိုယ့်ရဲ့ ရှော်တီလေးကို စိတ်ကျေနပ်မှု အပြည့်အဝ ပေးချင်ပါသလား။ ဒါဆိုရင်တော့ ကွီးတို့က အဘက်ဘက်ကနေ ကျန်းမာရေး ကောင်းအောင် ဂရုစိုက်ဖို့ လိုအပ်သလို ချစ်တင်းနှော ခြင်းဆိုင်ရာ ကျန်းမာရေး ရာ အဖြာဖြာကိုလည် သိရှိထားဖို့ လိုအပ်ပါတယ်။
ချစ်တင်းနှော ခြင်းဆိုင်ရာ ကျန်းမာရေး အဖြာဖြာကို အပွန်းအပဲ့ မခံဘဲ သေချာဂရုစိုက်မှသာလျှင် သာယာပျော်ရွှင်တဲ့ လိင်မှုဘဝတစ်ခုကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ မပြောကောင်း မဆိုကောင်း၊ ကွီးတို့ဆီမှာ အခုဖော်ပြမယ့် ရောဂါတစ်ခုခု ကြုံတွေ့ခဲ့ရမယ်ဆိုရင်တော့ ကွီးတို့ရဲ့ လိင်မှု ဘဝ ကို များစွာ ခြိမ်းခြောက်နေပြီဆိုတာ သတိကပ်ထား သင့်ပါတယ်။
ကွီးတို့ရဲ့ ချစ်တင်းနှော ခြင်းဆိုင်ရာ ပါဖောမန့်စ်တွေကို လျော့ကျစေနိုင်တဲ့ ကျန်းမာရေး အခံများကတော့
(၁) နှလုံးရောဂါ
(၂) ဆီးချိုရောဂါ
(၃) သွေးတိုးရောဂါ
(၄) အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း
(၅) စိတ်ကျရောဂါ
(၆) သွားနှင့် သွားဖုံး ကျန်းမာရေး မကောင်းခြင်း
ကွီးတို့ရဲ့ ပါဖောမန့်စ် ကောင်းမွန်စေဖို့ ဘာတွေ လုပ်ဆောင်သင့်သလဲ
ကွီးတို့ ခွန်အားတိုးပြီး ပါဖောမန့်စ် ကောင်းကောင်း လုပ်ဆောင်နိုင်ဖို့ဆိုရင်တော့ ငှက်ပျောသီး များများ စားသုံးပေးဖို့ လိုအပ်ပါတယ်။ ငှက်ပျောသီး က Bromelain နှင့် ဗီတာမင် B တို့ရဲ့ အကောင်းဆုံး အရင်းအမြစ်ဖြစ်ပြီး Testosterone ဟော်မုန်းကို ထိန်းညှိပေးကာ လိင်ပိုင်းဆိုင်ရာ စွမ်းအား၊ စွမ်းဆောင်ရည်နဲ့ သက်လုံ စသည်တို့ကို တိုးစေပါတယ်။ ဒါ့အပြင် လေ့လာမှုအရ ငှက်ပျောသီးဟာ ကာဗိုဟိုက်ဒရိတ် အရင်းအမြစ်ကောင်းတစ်ခုလည်းဖြစ်ကာ စွမ်းအင်ပမာဏကို မြှင့်တင်ပေးပြီး အမျိုးသား မျိုးပွားမှုစနစ်ဆီကို သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ထိုသွေးလည်ပတ်မှုက လိင်စိတ်ဆန္ဒကို ထိရောက်စွာ မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးမှာပါတဲ့ မန်းဂနိစ့်နဲ့ မဂ္ဂနီဆီယမ်တွေဟာ ဆီးကျိတ် ကျန်းမာရေးကို ကောင်းမွန်စေပြီး မျိုးပွားအင်္ဂါတွေရဲ့ လုပ်ဆောင်မှုကို အကောင်းဆုံးဖြစ်အောင် မြှင့်တင်ပေးပါတယ်။ ငှက်ပျောသီးအပြင် ထောပတ်သီး၊ သလဲသီး၊ ကမာ၊ ဆောလမွန် အစရှိတဲ့ အာဟာရ ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကိုလည်း များများ စားသုံးပေးသင့်ပါတယ်။
ဘေးကင်း စိတ်ချကာ လုံခြုံတဲ့ ချစ်တင်းနှော ခြင်းမျိုးကို ဖန်တီးပါ
ဆေးပညာအရ “ဘေးကင်းလုံခြုံတဲ့ လိင်ဆက်ဆံမှု အပြုအမူတွေကို လေ့ကျင့်ဖို့က အဓိကကျပါတယ်” လို့ ပညာရှင်များက အကြံပြုထားပါတယ်။ လိင်ဆက်ဆံမှု ကြိမ်ရေ များလေ ရောဂါကူးစက်နိုင်ခြေ များလေ ဖြစ်ပါတယ်။ ဒါကြောင့် လိင်အပျော်အပါး လိုက်စားခြင်းကို ရှောင်ပါ။ အရည်အသွေးမှန်ကန်တဲ့ အကာအကွယ်ပစ္စည်း ကွန်ဒုံးသုံးဖို့ မမေ့ပါနဲ့။ သဘာဝလွန်ပုံစံတွေ ဖြစ်တဲ့ ပါးစပ်ဖြင့်ဆက်ဆံခြင်း ၊ စအိုဖြင့် လိင်ဆက်ဆံ ခြင်းက ရောဂါကူးစက်မှု ပိုများကြောင်း သိထားပါ။ အချို့သော လိင်ဆက်ဆံခြင်းမှ ကူးစက်ရောဂါ တွေအတွက် ကာကွယ်ဆေးတွေ ပေါ်လာပြီ ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးပါ။ HPV သို့မဟုတ် အသည်း ရောင် အသားဝါ ဘီ ကာကွယ်ဆေးထိုးသင့် မသင့် ဆရာဝန်နှင့် ဆွေးနွေးပါ။ လိင်ဖျော်ဖြေရေး ဆီလီကွန်အရုပ်များသည်လည်း လိင်ကူးစက်ရောဂါရနိုင်ကြောင်း သတိပြုပါ။
ကွီးတို့ရော ချစ်တင်းနှော တဲ့အခါ ကျန်းမာရေး နဲ့ အညီ ချစ်တင်းနှော ရဲ့လား။
Source: Phillyvoice.com
Featured Image: Healthline.com