ချစ်တင်းနှော တဲ့အခါ ကျန်းမာ တဲ့ သုတ်ပိုး များ ထုတ်လွှတ် ဖို့ ဘာ့ကြောင့် အရေးကြီးသလဲဆိုတာ ကွီးတို့ သိပြီးပြီလား။ ကွီးတို့ ကျန်းမာရေး ကောင်းမွန်မှသာလျှင် ကွာလတီ ပြည့်မှီတဲ့ သုတ်ပိုးများကို ထုတ်လွှတ်နိုင်မှာဖြစ်ပြီး ကလေး ယူဖို့ စိတ်ဆန္ဒ ပြင်းပြနေတဲ့ စုံတွဲများအတွက် ချစ်တင်းနှော တဲ့အခါ ကျန်းမာ တဲ့ သုတ်ပိုးများ ထုတ်လွှတ် ဖို့သည် အရေးကြီးဆုံးပါပဲ။

ဘာ့ကြောင့် ကျန်းမာတဲ့ သုတ်ပိုးတွေက အရေးကြီးသလဲ

couple pregnant

မျိုးမအောင်ခြင်းသည် အမျိုးသမီးတွေဆီမှာသာ ပြဿနာရှိတာ မဟုတ်ပါဘူး။ အမျိုးသားတွေ ဆီမှာလည်း ဒီလိုမျိုး ကျန်းမာရေး ပြဿနာမျိုး ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ကလေး လိုချင်ပေမယ့် ကလေး မရသေးတဲ့ အခါမျိုးမှာ ကိုယ့်ရဲ့ မဟေသီကိုပဲ အပြစ်တင်နေမယ့်အစား နှစ်ဦးသားစလုံး ကျန်းမာရေး စစ်ဆေးမှု ခံယူပြီး ဘယ်သူ့ဆီမှာ လိုအပ်ချက် ရှိသလဲဆိုတာကို သိရှိဖို့ လိုအပ်ပါတယ်။​ လိုအပ်ချက် ရှိတာကို သိမှသာလျှင် ဘယ်လို နည်းလမ်းများနဲ့ ပြုပြင်နိုင်မလဲဆိုတာကို သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။

ကျန်းမာတဲ့ သုတ်ပိုးဖြစ်ဖို့ လိုအပ်တဲ့ အချက် (၃) ချက်

ချစ်တင်းနှော ကျန်းမာ ထုတ်လွှတ်

ကျန်းမာတဲ့ သုတ်ပိုး ဖြစ်မဖြစ် ဆိုတာကို အခု ဖော်ပြပေးမယ့် အချက် (၃) ချက်နဲ့ တိုင်းတာနိုင်ပါတယ်။ ပထမတစ်ချက်ကတော့ ထုထည်ဖြစ်ပါတယ်။​ ထုထည် (သို့) သုတ်ပိုး အရေအတွက် များလေလေ မျိုးအောင်နိုင်ခြေ မြင့်လေလေပါပဲ။

ဒုတိယ တစ်ချက်ကတော့ ရွေ့လျားနှုန်းပါ။ ကွီးတို့ ထုတ်လွှတ်လိုက်တဲ့ သုတ်ပိုးတိုင်းက မရွေ့လျားနိုင်ပါဘူး။ ဒါပေမဲ့လည်း အဲ့ဒီလို မရွေ့လျားတာကလည်း ပုံမှန်ပါပဲ။ ပြဿနာ ကြီးကြီး မဟုတ်ပါဘူး။ ကွီးတို့ ထုတ်လွှတ်လိုက်တဲ့ သုတ်ပိုးနဲ့ မ မျိုးဥ နဲ့ ထိတွေ့ပြီး သန္ဓေအောင်ဖို့ဆိုရင် ကွီးတို့ သုတ်ပိုးက ၄၀ ရာခိုင်နှုန်းလောက်သာ ရွေ့လျားဖို့ လိုအပ်တာပါ။

နောက်ဆုံး အရေးကြီးဆုံး အချက်ကတော့ ပုံသဏ္ဍာန်ပါပဲ။ ကျန်းမာတဲ့ သုတ်ပိုးတစ်ခုမှာ လုံးဝန်းနေတဲ့ ဦးခေါင်း၊ ရှည်လျားပြီး သန်မာတဲ့ အမြီးတို့ ပါရှိဖို့ လိုအပ်ပါတယ်။ ထိုကဲ့သို့ အသွင် သဏ္ဍာန်နဲ့ ပြည့်စုံမှသာလျှင် မ မျိုးဥဆီ ကူးခတ်သွားလာနိုင်ပြီး သန္ဓေအောင်မှာပဲ ဖြစ်ပါတယ်။

ချစ်တင်းနှော စဥ်မှာ ကျန်းမာ သုတ်ပိုးများ ထုတ်လွှတ် ဖို့အတွက် ပြုပြင်ပြောင်းလဲနိုင်မလား

ချစ်တင်းနှော ကျန်းမာ ထုတ်လွှတ်

ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ အဓိကက ကွီးတို့ရဲ့ နေ့စဥ် ဘဝကို အပြောင်းလဲကြီး ပြောင်းလဲဖို့ပါပဲ။

(၁) ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို များများစားသုံးခြင်း

(၂) လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်း (အလွန်အကျွံ မပြုလုပ်မိဖို့လည်း လိုအပ်ပါတယ်။)

(၃) ကာဖိန်းဓာတ်များ၊ အယ်လ်ကိုဟော ဖျော်ရည်များကို ဆေးဖြစ်ဝါးဖြစ်သာ မှီဝဲခြင်း

(၄) ဓာတုပစ္စည်းများ အလွန်အကျွံ ပါဝင်တဲ့ ပစ္စည်းများ အသုံးချခြင်းကို လျော့ချခြင်း (ဥပမာ ခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဂျယ်လ် စသည်တို့)

(၅) စိတ်ဖိစီးမှုများကို လျော့ချခြင်း

(၆) ညဉ့်နက်သည်အထိ မအိပ်ဘဲ နေခြင်းမျိုးကို ရှောင်ကြဥ်ကာ စောစော အိပ်ရာဝင်၊ စောစော အိပ်ရာ ထတတ်တဲ့ အကျင့်မျိုး ကျင့်သုံးခြင်း

အစရှိတဲ့ အလေ့အကျင့်များကို နေ့စဥ် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါဆိုရင်တော့ ကွီးတို့လည်း ချစ်တင်းနှောတဲ့အခါ ကျန်းမာတဲ့ သုတ်ပိုးများကို ထုတ်လွှတ်နိုင်မှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရဲ့ နေ့စဥ် ဘဝမှာ ပြုလုပ်လေ့ရှိတဲ့ အလေ့အကျင့်များကို ပြောင်းလဲပစ်ဖို့ ရယ်ဒီပဲလား။

Source: Healthline.com

Featured Image: Morulaivf.co.id