ချစ်တင်းနှော တဲ့အခါ ကွီးတို့ ကြုံတွေ့ ရတဲ့ အရာတွေ ကွီးတို့ရဲ့ အတွေ့အကြုံတွေက တစ်ယောက်နဲ့ တစ်ယောက် တူနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သုတေသန စစ်တမ်းများအရ အခုဖော်ပြပေးမယ့် အချက်တွေကတော့ အမျိုးသားထုကြီးကို ကိုယ်စားပြုထားတဲ့ ယေဘုယျအဖြေတွေပဲဖြစ်ပါတယ်။

အမျိုးသားများ ပထမဦးဆုံး အကြိမ် ချစ်တင်းနှောတဲ့အခါ သူတို့သည် အသက် ၁၇ နှစ်သာ ရှိပါသေးတယ်

couple sexual health

ဒါကတော့ ပျမ်းမျှကို တွက်ချက်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အနောက်နိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။ အနောက်နိုင်ငံများတွင် အမျိုးသားများသည် ဆယ်ကျော်သက် နှောင်းပိုင်းအရွယ်များတွင် သူတို့ရဲ့ ပထမဦးဆုံး အကြိမ် ချစ်တင်းနှောခြင်း အတွေ့အကြုံကို ရရှိလေ့ရှိပါတယ်

၆၀ ရာခိုင်နှုန်းသော အမျိုးသားများသည် တစ်ကိုယ်ရည် အာသာဖြေလေ့ရှိပါတယ်

couple sexual health

ဒါကတော့ ၂၀၁၀ ခုနှစ်က တွေ့ရှိခဲ့တဲ့ စစ်တမ်းကောက်ချက်အရ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်မှ ၅၉ နှစ်ရှိတဲ့ အမျိုးသားများရဲ့ ၆၀ ရာခိုင်နှုန်းခန့်သည် တစ်ကိုယ်တည်း လက်သိုင်းကျင့်ခြင်းကို ကျင့်သုံးကြတယ်လို့ သိရှိရပါတယ်။

၆၄ ရာခိုင်နှုန်းသော အမျိုးသားများသည် သူတို့ ပါတနာရဲ့ ပုလွေမှုတ်ပြီး ပြုစုယုယတာကို ခံစားကြရပါတယ်

couple sexual health

အသက် ၁၈ နှစ်မှ ၅၉ နှစ် ရှိပြီဖြစ်တဲ့ အမျိုးသားများရဲ့ ၆၄ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများရဲ့ ပုလွေမှုတ်ပြီး ပြုစုယုယတာကို ရရှိပိုင်ဆိုင်ကြပါတယ်။ အမျိုးသမီးများရဲ့ ၅၈ ရာခိုင်နှုန်းသည်လည်းလည်း အမျိုးသားများရဲ့ ဘာဂျာမှုတ်ပြီး ပြုစုတာကို ပိုင်ဆိုင်ကြတယ်လို့ သိရှိရပါတယ်။

၆ ရာခိုင်နှုန်းသော အမျိုးသားများသည် အမျိုးသားအချင်းချင်း ချစ်တင်းနှော ကြပါတယ်

ချစ်တင်းနှော ကြုံတွေ့

ယနေ့ခေတ်မှာ လိင်တူအချင်းချင်း ချစ်တင်းနှောတာမျိုးလည်း ရှိလာပြီဆိုတော့ ၆ ရာခိုင်နှုန်းသော အမျိုးသားများလည်း အမျိုးသားအချင်းချင်း ချစ်တင်းနှောတာက ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အမျိုးသမီးတွေကတော့ အမျိုးသားတွေထက် ၂ ဆ ပိုများတယ်ဆိုတာကိုလည်း ထိုစစ်တမ်းအရ သိရှိရပါတယ်။

၃ မိနစ်နဲ့ ပြီးမြောက်သွားတာကလည်း ပုံမှန်ပါပဲ

ချစ်တင်းနှော ကြုံတွေ့

အမျိုးသားများအတွက်တော့ ၃ မိနစ်နဲ့ ကိစ္စ ပြီးမြောက်သွားတာသည် ပုံမှန်ပါပဲ။ ပုံမှန်အားဖြင့် ချစ်တင်းနှောတဲ့အခါ ၃ မိနစ်ကနေ ၁၃ မိနစ်သည် အကောင်းဆုံး ကြာမြင့်ချိန်ပဲလို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အမျိုးသမီးများကတော့ သူတို့ ကိစ္စ ဝိစ္စ ပြီးမြောက်ဖို့အတွက် ၁၀ မိနစ်ကနေ မိနစ် ၂၀ အထိ ကြာလေ့ရှိပါတယ်။ ဒါ့ကြောင့် ကွီးတို့လည်း ကိုယ့်ရှော်တီလေးရဲ့ ကြာမြင့်ချိန်ကို သေချာ သိနားလည်ထားဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ ကြာမြင့်ချိန်ပေါ် မူတည်ပြီး ဘီးကျဲတို့လည်း အချိန်ပိုကြာအောင် အောင့်အည်းသည်းခံသင့်ရင်လည်း သည်းခံထားရမှာပါပဲ။

ကွီးတို့ ညီလေးရဲ့ ပျမ်းမျှအရှည်ကတော့ ၅.၁၆ လက်မပါ

ချစ်တင်းနှော ကြုံတွေ့

ဒါကတော့ အမျိုးသား အယောက် ၁၅၀၀၀ ခန့်ကို ဒေတာများ ကောက်ယူထားပြီးနောက် သိရှိရတဲ့ ပျမ်းမျှ အရွယ်အစားပဲ ဖြစ်ပါတယ်။ သူတို့ ညီလေးရဲ့ ပုံမှန် အရွယ်အစားသည် ၃.၆ လက်မ ရှိပြီး ညီလေး နိုးကြား တက်ကြွချိန်မှာတော့ ၅.၁၆ လက်မ ရှိတယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့် ကွီးတို့လည်း ကိုယ့်ပစ္စည်းနဲ့ကိုယ် ယုံကြည်ချက် ရှိရှိသာ နေလိုက်ပါ။

ကမ္ဘာပေါ်ရှိ လူပေါင်း သန်း ၁၁၀ ခန့်သည် လိင်မှတဆင့် ကူးစက်သော ရောဂါများ ခံစားနေကြရပါတယ်

ချစ်တင်းနှော ကြုံတွေ့

လိင်မှတဆင့် ကူးစက်သော ရောဂါများကို ခံစားနေရသူများသည် တစ်နှစ်လျှင် သန်း ၂၀ ခန့် ရှိပါတယ်။ စုစုပေါင်း ဦးရေဖြင့် တွက်ရလျှင် သန်း ၁၁၀ ခန့် ရှိတယ်လို့ သိရှိရပါတယ်။ ထိုလူဦးရေများထဲတွင် ကွီးတို့ မပါဘဲ ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်ရတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ဖို့အတွက် ကာကွယ် သင့်တာတွေ ကာကွယ် ကျန်းမာရေး အသိတွေလည်း ဆောင်ထားဖို့ လိုအပ်ပါတယ်။

ကွီးတို့ရော ချစ်တင်းနှော နေစဥ်မှာ ဘယ်လို ထူးဆန်းတဲ့ အရာများကို ကြုံတွေ့ ဖူးပါသလဲ။

Source: Mensjournal.com

Featured Image: Medicalxpress.com