ချစ်တင်းနှော ပြီးလို့ ကိစ္စပြီးချိန်မှာ အရင်ဆုံး ကွီးတို့ ဘာတွေလုပ်လေ့ ရှိပါသလဲ ? သေချာတာတော့ တစ်ကိုယ်ရည် သန့်ရှင်းမှုကို လုပ်ရမှာ မဟုတ်လား။ ဆိုလိုတာကတော့ အိပ်ရာပေါ်က ချက်ချင်းထပြီး ရေချိုးဖို့လောက်အထိတော့ မဟုတ်ပါဘူး။ ဒါပေယ့် လိင်အင်္ဂါနဲ့ ဆီးလမ်းကြောင်းလို အင်္ဂါအစိတ်အပိုင်းတွေမှာ ဘက်တီးရီးယား ရောဂါပိုးမွှားတွေ ကူးစက်ခံရတာ ၊ ပိုးဝင်တာ စတဲ့ အချက်တွေ ဖြစ်နိုင်ခြေနည်းစေဖို့ ကန့်သတ်ဧရိယာ တဝိုက်ကိုတော့ သေချာလေး ဆေးကြောသန့်စင်ပေးဖို့ မဖြစ်မနေလိုပါတယ်။ ဒါဟာ ကျန်းမာတဲ့ လိင်မှုဘဝ အလေ့အ ကျင့်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်တင်းနှောပြီးနောက်မှာ မဖြစ်မနေ သေချာပေါက် လုပ်ဆောင်ရမယ့် အရာလေးတွေလည်း ရှိနေပါသေးတယ်။ ဆက်ဖတ်ကြည့်ရအောင်ပါ။

(၁) ရိုးရိုးရှင်းရှင်းပဲ သန့်ရှင်းရေး လုပ်ပါ

Photo : Hello Doctor Philippines

ချစ်တင်းနှော ပြီးနောက်မှာ သန့်ရှင်းရေးလုပ်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဆပ်ပြာအပြင်းစားတွေ ၊ ခေါင်းလျှော်ရည်တွေ ဒါမှမဟုတ် အမွှေးရနံ့ပါတဲ့ ဆပ်ပြာဆီတွေသုံးပြီး ဖွားဖက်တော် / မိန်းမကိုယ် စတဲ့ နူးညံ့ပြီး ထိရှလွယ်တဲ့ ကန့်သတ်နေရာတွေကို ဆေးကြောသန့်စင်ဖို့ မသင့်ပါဘူး။ ဒါတွေဟာ ဓာတ်မတည့်မှု ၊ ယားယံမှုတွေကို ဖြစ်ပေါ်စေနိုင်ခြေ ရှိပါတယ်။ အကောင်းဆုံးကတော့ ရေနွေးနွေးလေးနဲ့သာ လိင်အင်္ဂါနဲ့ လိင်အင်္ဂါအနီးတဝိုက် အရေပြားကို ညင်သာစွာ ဆေးကြောပေးပါ။

(၂) ဆီးသွားပါ

man peeing

Photo : New York Post

ချစ်တင်းနှော နေစဉ်အတွင်း လိင်အင်္ဂါကနေ ထွက်ရှိတဲ့ အရည်တွေကနေတဆင့် ဘက်တီးရီးယားပိုးမွှားတွေဟာ ဆီးလမ်းကြောင်းနဲ့ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာတက်ပါတယ်။ ဒါက ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှားတွေ ကူးစက်ခံရနိုင်ခြေကို တိုးစေတယ်ဆိုတာ သတိပြုမိဖို့ လိုပါတယ်။ ချစ်တင်းနှောပြီးနောက် ဆီးသွားလိုက်တဲ့အခါမှာ အဆိုပါ ရောဂါပိုးမွှားတွေကို ဆီးလမ်းကြောင်းတစ်လျှောက်ကနေ ဖယ်ရှားသန့်စင်ပေးပါတယ်။ ဒါကြောင့် ချစ်တင်းနှောပြီးနောက်မှာ ဘက်တီးရီးယားပိုးမွှားတွေ ကူးစက်ပျံ့နှံ့မှုကို အထိုက်အလျောက် တားဆီးနိုင်ဖို့ သန့်ရှင်းရေးလုပ်ခြင်းနဲ့အတူ ဆီးသွားပေးဖို့လည်း အကြံပြုချင်ပါတယ်။

(၃) ပွပွချောင်ချောင် အဝတ်အစားတွေ ဝတ်ပါ

Banana

Photo : Rolling Stone

ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှားတွေဟာ ပူလွန်းကျပ်လွန်းတဲ့ နေရာအစိတ်အပိုင်းတွေမှာ ပိုပြီး ရှင်သန်ကပ်တွယ် နေတက်ပါတယ်။ ဒါကြောင့် ချစ်တင်းနှော ပြီးနောက်မှာ နောက်ထပ်အရေးတကြီး လိုက်နာရမယ့် အချက်တစ်ခုက ထူလွန်းကျပ်လွန်းတဲ့ အတွင်းခံတွေ ၊ အဝတ်အစားတွေကို မဝတ်ဖို့ပါပဲ။ အကောင်းဆုံးကတော့ လေဝင်လေထွက်ကောင်းကောင်းနဲ့  ပွပွချောင်ချောင်ရှိတဲ့ အတွင်းခံနဲ့ အဝတ်အစားတွေ ၊ ချည်သားထည်တွေကို ဝတ်ဆင်ပေးတာဟာ ကျန်းမာရေးအရလည်း ပိုမိုသင့်လျော် ကောင်းမွန်ပါတယ်။

(၄) လူကြီးကစားစရာတွေကို ဆေးကြောသန့်စင်ပါ

sex toy

Photo : The New York Times

ချစ်တင်းနှောချိန်မှာ လူကြီးကစားစရာတွေကို အသုံးပြုခဲ့တယ်ဆိုရင် သေချာတာတော့ အဲ့ဒီအရာတွေကိုပါ ဆေးကြောသန့်စင်ရမှာ ဖြစ်ပါတယ်။ လူကြီးကစားစရာတွေကို အသုံးပြုပြီး ဒီတိုင်းထားတဲ့အခါ အညစ်အကြေးတွေ ၊ ဘက်တီးရီးယားနဲ့ မှိုတွေ စွဲကပ်နေနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ နောက်တစ်ကြိမ် ပြန်သုံးမယ်ဆိုရင်တော့ လိင်မှုတဆင့် ကူးစက်ပြန့်ပွားတက်တဲ့ ရောဂါတွေ STDs)နဲ့ အခြားကူးစက် ရောဂါပိုးတွေ ကူးစက်ခံရနိုင်ပါတယ်။

(၅) ကျန်းမာရေး စစ်ဆေးမှု ခံယူပါ

sexually transmitted diseases

Photo : Redcliffe Labs

လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ အမြဲမပျက် ရှိသူတွေအနေနဲ့ ပုံမှန်ကျန်းမာရေး စစ်ဆေးမှု ခံယူဖို့လည်း လိုအပ်ပါတယ်။ အထူးသဖြင့် ဆက်ဆံဖော် ပါတနာ တစ်ယောက်ထက် ပိုရှိသူတွေဟာ လိင်မှတစ်ဆင့် ကူးစက်တက်တဲ့ ရောဂါတွေ (Sexually Transmitted Diseases)နဲ့ ပတ်သတ်ပြီး အမြဲမပျက် ရောဂါလက္ခဏာတွေကို စောင့်ကြည့်သင့်သလို တိကျတဲ့ ကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှုတွေကိုလည်း ခံယူရပါမယ်။ ပုံမှန်မဟုတ်တဲ့ လိင်အင်္ဂါမှာ အနံ့ဆိုးတွေ ထွက်တာ ၊ နာကျင်မှုခံစားရတာ ၊ ပုံမှန်မဟုတ်တဲ့ အရည်ကြည်ဖုနဲ့ အဖုအပိန့်တွေ ထွက်တာ စသည်ဖြင့် ထူးခြားတဲ့ ပြောင်းလဲမှုလက္ခဏာတွေကိုကြည့်ပြီး လိုအပ်ပါက ဆေးစစ်တာ ၊ ကုသမှုခံယူရတာတွေလုပ်ဖို့ လိုပါတယ်။

Source : Web MD

Featured Photo : Business Insider