ကွီးတို့ ပါတနာနဲ့ ချစ်တင်းနှော ချိန်မှာ ပုံမှန်နဲ့ မတူတဲ့ ခံစားမှု အတွေ့အကြုံ အသစ်တွေ ရှာဖွေချင်တယ် ဆိုရင်တော့ နည်းလမ်းကောင်း အချို့ကို ပြောပြပေးချင်ပါတယ်။ မတူညီတဲ့ လုပ်ဆောင်မှုလေးတွေနဲ့ နှစ်ဦးသား ရင်ခုန်စိတ်လှုပ်ရှားမှု အသစ်တွေကို နှိုးဆွကြည့်လိုက်ပါနော်။

(၁) ခန္ဓာကိုယ်ချင်း ပွတ်သပ်နှိုးဆွပါ

sexy married couple kissing in bed

Photo : Pond5

ထိုးသွင်းဆက်ဆံမှု မပါပဲ လိင်စိတ်ခံစားမှု အထွတ်အထိပ်ရောက်အောင် လုပ်ဆောင်လို့ ရပါတယ်။ ဒါကတော့ ခန္ဓာကိုယ်ချင်း ပွတ်သပ်လှုံ့ဆော်တဲ့ နည်းလမ်းပါ။ Foreplay အဆင့်မှာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်ချင်း နီးနီးကပ်ကပ် ရှိနေရမှာ ဖြစ်ပြီး အပြန်အလှန် ပွတ်သပ်နှိုးဆွမှုတွေကို လုပ်ဆောင်ပေး ရမှာပါ။ ဒီနည်းက ရင်ခုန်စရာကောင်းသလို ပျော်ရွှင်ကျေနပ်မှုကိုလည်း ခံစားရနိုင်ပါတယ်။

(၂) အတူတူ တစ်ကိုယ်ရည် အာသာဖြေပါ

sexy married couple kissing in bed
Photo : VistaCreate

သင့်ပါတနာနဲ့ အတူတူ တစ်ကိုယ်ရည် အာသာမဖြေဖူးသေးရင် စမ်းကြည့်ဖို့ အကြံပေးချင်ပါတယ်။ တစ်ချိန်တည်းမှာပဲ နှစ်ဦးသား တက်ညီလက်ညီ တစ်ကိုယ်ရည် အာသာဖြေတာဟာ စိတ်လှုပ်ရှားမှုကို အမြှင့်ဆုံးထိ မြင့်တင်ပေးနိုင်မှာ ဖြစ်သလို တစ်ယောက်ရဲ့ နှစ်သက်မှု အကြိုက်တွေကိုလည်း လေ့လာသိရှိခွင့် ရမှာ ဖြစ်ပါတယ်။

(၃) ပါးစပ်ကနေ ခံစားချက်တွေကို ဖွင့်ထုတ်ပြောပြပါ

Couple looking into each other's eyes in bed

Photo : Depositphotos

ချစ်တင်းနှော တဲ့အခါ စိတ်လွတ်လက်လွတ်နဲ့ ပွင့်လင်းမှု ရှိနေဖို့က အရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေကို အရှိအတိုင်း ဖွင့်ထုတ်ပြောပြဖို့ မရှက်ပါနဲ့။ တစ်ခါတစ်ရံ ညစ်ညမ်းစကားလေးတွေ ပြောပေးတာက ရင်ခုန် စိတ်လှုပ်ရှားမှုတွေကို တိုးစေပြီး တစ်ဦးနဲ့တစ်ဦး ကျေနပ်စရာကောင်းတဲ့ လိင်စိတ်ခံစားမှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

(၄) မှန်ရှေ့မှာ ချစ်တင်းနှော ပါ

Beautiful young couple hugging and kissing in the bathroom mirror while doing a morning routine.

Photo : Getty Images

နည်းနည်းလေး ကြောင်တောင်တောင် နိုင်တယ် ထင်ရပေမယ့် ဒီနည်းက တကယ်ပဲ စိတ်လှုပ်ရှားဖို့ ကောင်းစေပါတယ်။ သင်နဲ့ သင့်ပါတနာရဲ့ ချစ်ကြည်နူး တစ်တီတူးနေတဲ့ မြင်ကွင်းကို မှန်ထဲကနေ အတိုင်းသား ပြန်မြင်နေရတာဟာ ရင်ခုန်သံတွေကို ပိုမြန်စေသလို လိင်စိတ် တက်ကြွမှုလည်း တိုးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မှန်ရှေ့မှာ တစ်ခါမှမ Try ဖူးသေးရင် စမ်းကြည့်ဖို့ မှာချင်ပါတယ်။

Source : Men’s Health

Featured Photo : VistaCreate