ပုရိသတို့အတွက် ချစ်တင်းနှော ခြင်းကနေ ရရှိတဲ့ အကျိုးကျေးဇူးများက အများကြီးရှိပါတယ်။ စိတ်ဖိစီးမှုများ ပြေလျော့သွားခြင်း၊ ဆီးအိတ်ကျန်းမာရေးအတွက် ကောင်းမွန်ခြင်း၊ သွေးပေါင်ချိန် ထိန်းညှိပေးခြင်း၊ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း၊ ကိုယ့်ပစ္စည်းနဲ့ ကိုယ် ယုံကြည်ချက်ရှိခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ခံစားရရှိစေပါတယ်။ ဒါပေမဲ့ ထိုအကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်နိုင်ဖို့ဆိုရင် ကွီးတို့ရဲ့ ညီလေးက ချစ်တင်းနှော ဖို့အတွက် ခံနိုင်ရည် ရှိနေဖို့ လိုအပ်ပါတယ်။

ကွီးတို့ရဲ့ ညီလေးသည် ချစ်တင်းနှောတဲ့အခါ ခံနိုင်ရည် ရှိဖို့အတွက် ဘာတွေ လုပ်ဆောင်ရမလဲ။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

love yourself

ကွီးတို့သည် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့အခါ ကွီးတို့ ညီလေးရဲ့ စွမ်းဆောင်ရည်သည်လည်း အလိုလို တိုးလာကာ ချစ်တင်းနှော ဖို့အတွက် ခံနိုင်ရည်ရှိလာမှာပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဘယ်လို နည်းလမ်းများနဲ့ ဂရုစိုက်ရမလဲ

ချစ်တင်းနှော ခံနိုင်ရည်

(၁) လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ပါ။ ဒါပေမဲ့ အရမ်းကြီး အလွန်အကျွံ​ မလုပ်မိဖို့လည်း လိုအပ်ပါတယ်။

(၂) အိပ်ရေး ဝဝ အိပ်စက် အနားယူပါ

(၃) ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရ ပြည့်ဝတဲ့ အစားအစာများ များများစားသုံးပါ

(၄) စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ

(၅) ဗီတာမင် ဖြည့်စွက် အားဆေးများ သောက်သုံးပါ

(၆) အယ်လ်ကိုဟော ဖျော်ရည်များကို ဆေးဖြစ် ဝါးဖြစ်သာ မှီဝဲပါ

အစရှိတဲ့ နည်းလမ်းများနဲ့ ကွီးတို့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ စိတ် ကျန်းမာရေးကို ဂရုစိုက်ပြီး ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးကို မြှင့်တင်နိုင်ပါတယ်။

ချစ်တင်းနှောတဲ့အခါမှာလည်း လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ မခံစားရအောင် လုပ်ဆောင်ပါ

ချစ်တင်းနှော ခံနိုင်ရည်

အလွှာခြားရင် ကမ္ဘာခြားတယ်ဆိုပြီး တလွဲ ဆံပင်ကောင်းမနေပါနဲ့။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ဝင်ရောက်လာမှ တစ်သက်လုံး ကမ္ဘာခြားသွားပါလိမ့်မယ်။ နှစ်ယောက်သားမှာလည်း ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောပြထားဖို့ လိုအပ်ပါမယ်။ တကယ်လို့ ကလေးယူဖို့ အစီအစဥ် မရှိသေးဘူးဆိုရင်လည်း နေ့စဥ် တားဆေးကဒ်များကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သုံးဖို့ လိုအပ်ပါလိမ့်မယ်။

မတော်လို့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ကြုံတွေ့ ခံစားရပါက ကျွမ်းကျင်တဲ့ ဆရာဝန်များထံမှ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။ ကိုယ့်ဘာသာကိုယ် ဆေးမြီးတိုတွေနဲ့ ရမ်းသမ်းကုသဖို့ မစဥ်းစားပါနဲ့။ ဆရာဝန်နဲ့ ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာမယ်ဆိုရင်တော့ ထိုရောဂါကို စိတ်ပူစရာမလိုဘဲ လူ့သက်တမ်းစေ့ နေနိုင်ပါတယ်။

ကွီးတို့ရဲ့ ညီလေးရော ချစ်တင်းနှော ဖို့ရန်အတွက် ခံနိုင်ရည် ရှိရဲ့လား။

Source: Thebiostation

Featured Image: Freepik