ချစ်တင်းနှောခြင်းသည် လိင်မှုဘဝ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ သဘာဝဖြစ်စဥ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီသဘာဝဖြစ်စဥ် တစ်ခုဖြစ်တဲ့ ချစ်တင်းနှော ခြင်း ပြီးမြောက်တဲ့နောက်မှာ ကွီးတို့အနေနဲ့ ချက်ချင်း လုပ် ဆောင်ရမယ့်အရာတစ်ခု ရှိပါတယ်။

ဘာတွေလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်လက် ဖတ်ရှုကြည့်လိုက်ပါဦး။

ကွီးတို့ ညီလေးကို ရေဆေး သန့်စင်ပါ

washing cucumber

ပုရိသတော်တော်များများက သူတို့ရဲ့ ညီလေး တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ ပတ်သက်လာရင် အားနည်းတာကို တွေ့မြင်ရပါတယ်။ ချစ်တင်းနှော ပြီးနောက်မှာ ချက်ချင်း လုပ် ဆောင် သင့်တဲ့အထဲမှာ ကွီးတို့ ညီလေးကို ဆပ်ပြာနဲ့ သေချာ ဆေးကြော သန့်စင်ခြင်းပဲ ဖြစ်ပါတယ်။ ညီလေးရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး အားနည်းမယ်ဆိုရင်တော့ ရောဂါပိုး ဝင်ခြင်း၊ ရောင်ရမ်းခြင်းတို့ကိုပါ ခံစားရနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်များက ဆိုထားပါတယ်။

ရေများများ သောက်ပါ

ရေများများ သောက်ပါ

ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးဖို့ရန်အတွက် ရေသည် မဖြစ်မနေ လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ လုံလောက်တဲ့ ရေဓာတ်ကို ရရှိမှသာလျှင် ညီလေးဆီသို့ အောက်စီဂျင်နှင့် သွေးတို့ ကောင်းမွန်စွာ စီးဆင်းနိုင်အောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

တရေးလောက် အိပ်စက် အနားယူပါ

ချစ်တင်းနှော ချက်ချင်း လုပ်

ကွီးတို့ ချစ်တင်းနှောနေစဥ်မှာ သွေးကြောများကို တင်းကြပ်သွားစေတဲ့ ဟော်မုန်းတစ်ခုက ထုတ်လွှတ်နေတာဖြစ်ပြီး ချစ်တင်းနှော ပြီးနောက်မှာ ထိုဟော်မုန်းက ဦးနှောက်နှင့် ခန္ဓာကိုယ်ကို အေးဆေး အနားယူနိုင်အောင် ပြေလျော့ပေးမှာပဲ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ အမျိုးသားတော်တော်များများက ချစ်တင်းနှောပြီးနောက်မှာ မောမောနဲ့ အိပ်မောကျသွားရခြင်းပဲ ဖြစ်ပါတယ်။​

ငှက်ပျောသီး စားပါ

ချစ်တင်းနှော ချက်ချင်း လုပ်

နာကျင် ကိုက်ခဲခြင်းသည် ချစ်တင်းနှောခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်စဥ်တစ်ခုပါပဲ။ ဒါ့ကြောင့် ချစ်တင်းနှော နေစဥ်နှင့် ချစ်တင်းနှော ပြီးနောက်မှာ ကြွက်သားများ နာကျင် ကိုက်ခဲခြင်းကို လျော့ချချင်တယ် ဆိုရင်တော့ ငှက်ပျောသီး စားသုံးပေးနိုင်ပါတယ်။ ကျန်းမာရေး အာဟာရ ပညာရှင်များက ငှက်ပျောသီးထဲတွင် အမျိုးသားထုကြီးရဲ့ ကျားဟော်မုန်းကို မြှင့်တင်ပေးနိုင်တဲ့ အင်ဇိုင်းများ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဗီတာမင် ဘီကလည်းပဲ ကွီးတို့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် တစ်ခုဖြစ်တာကြောင့် ချစ်တင်းနှော ပြီးနောက်မှာ ငှက်ပျောသီးနဲ့ အားအင် ပြန်လည် ဖြည့်တင်းနိုင်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်း ဆက်သွယ်မှုရှိအောင် ဖန်တီးပါ

ချစ်တင်းနှော ချက်ချင်း လုပ်

ကိစ္စဝိစ္စတွေ အားလုံးပြီးမြောက်သွားပြီဆိုပြီး ကွီးတို့ စကီလေးနဲ့ ဘာသိဘာသာနေတာမျိုးကို (လုံးဝ) ရှောင်ကြဥ်သင့်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်မှု ရှိအောင်လို့ ချစ်တင်းနှောပြီးနောက်မျာ ပွေ့ဖက်ထားခြင်းမျိုး ပြုလုပ်သင့်ပါတယ်။ ဒီလိုမျိုး ပွေ့ဖက်ထားခြင်းအားဖြင့် ကွီးတို့ စကီလေးကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု အပြည့်အဝ ပေးနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်များက ဆိုထားပါတယ်။

ကွီးတို့ရော ချစ်တင်းနှောပြီးနောက်မှာ ကွီးတို့ စကီလေးကို စိတ်ပိုင်းဆိုင်ရာ လုံခြုံအောင် ပြုလုပ်ပေးရဲ့လား။

Source: Punchng

Featured Image: Tyla