ချစ်တင်းနှော တဲ့အခါ အသုံးပြုကြတဲ့ ချော ဆီ တွေက ဘယ်အချိန်ကတည်းက စတင် ပေါ်ပေါက်ခဲ့သလဲဆိုတာကို ကွီးတို့ သိပြီးပါပြီလား။

တကယ်တော့ ချောဆီကို လွန်ခဲ့တဲ့ ၆၀၀ ဘီစီခန့်က ရှေးခေတ် တရုတ်လူမျိုးများက စတင်အသုံးပြုခဲ့ကြတာပဲဖြစ်ပါတယ်။ ရေညှိနှင့် ဆေးဝါးများမှ ရရှိတဲ့ ပါဝင်ပစ္စည်းများကို အသုံးပြုကာ ရေကို အခြေခံထားတဲ့ ချောဆီကို ထုတ်လုပ်ကာ အသုံးပြုခဲ့ကြတာပဲဖြစ်ပါတယ်။

ထိုမှတဆင့် ၃၅၀ ဘီစီ ခန့်မှာတော့ ရှေးခေတ် ဂရိလူမျိုးများနှင့် ရောမ လူမျိုးများက ချစ်တင်းနှောနေစဥ်မှာ သက်သောင့်သက်သာဖြစ်ဖို့ရန်အတွက် သံလွင်ဆီကို သုတ်လိမ်းပြီး ချစ်တင်းနှောခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုကနေ ထုတ်ပိုးမှုနဲ့ ပါဝင်ပစ္စည်းများကို တဖြည်းဖြည်း အဆင့်မြှင့်လာခဲ့ရာမှ နောက်ဆုံးကျတော့ ယနေ့ခေတ်လိုမျိုး အရောင်ရော အနံ့ အရသာပါ စုံလင်တဲ့ ချောဆီများ ထွက်ပေါ်လာရခြင်း ဖြစ်ပါတယ်။

ဘာ့ကြောင့် ချစ်တင်းနှော တဲ့အခါ ချော ဆီ ကို မဖြစ်မနေ အသုံပြုသင့်သလဲ။

ခြောက်သွေ့နေတဲ့အခါ နာကျင်မှု သက်သာအောင် ကူညီပေးနိုင်လို့

lubricant

တစ်ခါတစ်ရံမှာ အသက်အရွယ် ကြောင့်ပဲဖြစ်ဖြစ်၊ ဟော်မုန်း အပြောင်းအလဲကြောင့်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ သဘာဝ ချောဆီတွေက အလုပ်မဖြစ်တော့တဲ့အခါ အရောင် အနံ့ စုံလင်တဲ့ ချောဆီများရဲ့ အခန်း ကဏ္ဍက အင်မတန်မှ အရေးပါလာပါပြီ။ ခြောက်သွေ့နေတဲ့အချိန် ချစ်တင်းနှောတဲ့အခါ သာယာ ကြည်နူးမှုကို မရရှိနိုင်တာကြောင့် ချောဆီကို အသုံးပြုရခြင်း အကြောင်းဖန်လာတာပဲ ဖြစ်ပါတယ်။

အနောက်တံခါးဝကနေ ချစ်တင်းနှောမယ့်သူတွေအတွက် မရှိမဖြစ်ပါပဲ

ချစ်တင်းနှော ချော ဆီ

အနောက်တံခါးဝသည် မိန်းမကိုယ်နဲ့ ကွီးတို့ ညီလေးတို့လိုမျိုး မဟုတ်ပါဘူး။ သဘာဝ ချောဆီက သူ့အလိုအလျောက် မထွက်နိုင်ပါဘူး။ ဒါ့ကြောင့် အနောက်တံခါးဝကနေ ချစ်တင်းနှောမယ်ဆိုရင် ချောဆီသည် မဖြစ်မနေ လိုအပ်လာပြီပဲ ဖြစ်ပါတယ်။

နာကျင်မှုကို သက်သာစေပြီး ဘေးကင်းကင်းနဲ့ ချစ်တင်းနှောနိုင်အောင် ကူညီပေးခြင်း

ချစ်တင်းနှော ချော ဆီ

ချောဆီသည် ပွတ်တိုက်မှုကို လျော့ချပေးနိုင်တဲ့အတွက်ကြောင့် ချစ်တင်းနှော နေစဥ်အတွင်း ပွန်းပဲ့ အနာတရ ရသွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။​ ဦးထုပ်ဆောင်းနေရင်းနဲ့လည်း ချောဆီကို စိတ်ချ လက်ချ အသုံးပြုနိုင်ပါတယ်။ ချောဆီကြောင့် ဦးထုပ် ကျွတ်ကျသွားမှာကိုလည်း ပူနေစရာမလိုတဲ့အပြင် ဦးထုပ်ကြောင့် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှလည်း ကာကွယ်ပေးပြီးသား ဖြစ်သွားပါတယ်။

အထက်ဖော်ပြပါ အကြောင်းအရင်းများကြောင့် ချောဆီသည် လူအများရဲ့ အကြိုက်ဖြစ်နေရခြင်း ဖြစ်ပါတယ်။

ကွီးတို့ရော ချစ်တင်းနှော နေစဥ်မှာ ချော ဆီကို အသုံးပြုဖြစ်ရဲ့လား။

Source: Mensjournal

Featured Image: Gqindia