အိုမီဂါသရီး ကြွယ်ဝစွာ ပါဝင်တဲ့ ငါးကြီးဆီသည် ကွီးတို့ရဲ့ ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်သာမက ကွီးတို့ရဲ့ မျိုးပွားအင်္ဂါ ကျန်းမာရေးအတွက်ပါ များစွာ အထောက်အကူ ပြုပေးနိုင်ပါတယ်။ သိသာထင်ရှားတဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို ဖော်ပြပါဆိုရင်တော့ ပုရိသတို့ရဲ့ ခန္ဓာကိုယ်ထဲရှိ Testosterone ပမာဏကို မြှင့်တင်ပေးဖို့ ကူညီပေးနိုင်ပါတယ်။ ဒီအချက်ကိုတော့ ၂၀၂၀ ခုနှစ်တုန်းက ပြုလုပ်ထားတဲ့ လေ့လာချက်များအရ သိရှိရတာပဲ ဖြစ်ပါတယ်။ ကွီးတို့လည်း ချစ်တင်းနှော ရာမှာ အမောခံနိုင်ဖို့ဆိုရင်တော့ ငါးကြီးဆီ ကို မှန်မှန် မှီဝဲသင့်ပါတယ်။

ငါးကြီးဆီ ဆိုတာ ဘာလဲ

fish oil

ငါးကြီးဆီဆိုတာကတော့ ကမ္ဘာနဲ့တစ်ဝှမ်းမှာ လူသိများတဲ့ ကျန်းမာရေး ဖြည့်စွက်စာ တစ်မျိုးပဲဖြစ်ပါတယ်။ ငါးထဲက ရတဲ့ တစ်သျှူးအဆီကနေ ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ ဆော်လမွန်ငါး၊ ငါးသေတ္တာ၊ မက်ကရယ်၊ တူနာငါး အစရှိတဲ့ ငါးတွေဆီကနေ အများကြီး ထုတ်ယူထားတာပဲဖြစ်ပါတယ်။ ငါးကြီးဆီကို မှန်မှန် မှီဝဲမယ်ဆိုရင် နှလုံဂသွေးကြောကျဥ်းရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း၊ စိတ်ကျရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးခြင်း၊ ကိုလက်စတော ပမာဏကို လျော့ချပေးခြင်း၊ မှတ်ဥာဏ် စွမ်းအား ကောင်းမွန်စေခြင်း၊ အသားအရေ အလှအပကို တိုးမြှင့်ပေးခြင်း၊ အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ ရင်ကြပ် ရောဂါ ခံစားရသူများကို ဝေဒနာ သက်သာအောင် ကူညီပေးခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ခံစားရေစနိုင်ပါတယ်။ အမျိုးသားများမှာဆိုရင်တော့ ကွီးတို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ Testosterone လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို များများ ထွက်ရှိအောင် ကူညီပေးပါသေးတယ်။

ကွီးတို့အတွက် Testosterone က ဘာလို့ အရေးကြီးတာလဲ

ချစ်တင်းနှော ငါးကြီးဆီ

Testosterone ဆိုတဲ့ ဟော်မုန်းကတော့ ကွီးတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး ချစ်တင်းနှော ဖို့ရန်အတွက် လိုအပ်တဲ့ ဟော်မုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ချစ်တင်းနှော တဲ့အခါမှာ အမောခံ နိုင်ဖို့အတွက်လည်း ငါးကြီးဆီ က ကူညီပေးပါသေးတယ်။

တခြားရော ဘယ်လို ကူညီပေးနိုင်သေးသလဲ

ချစ်တင်းနှော ငါးကြီးဆီ

ပုရိသတို့အနေနဲ့ ငါးကြီးဆီကို မှန်မှန် စားသုံးမယ်ဆိုရင်တော့ ရွှေပန်း ညှိုးတဲ့အဖြစ်ကနေလည်း ကာကွယ်ပေးနိုင်သေးတယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။ ဒါ့အပြင် ကါီးတို့ရဲ့ စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေပြီး စိတ်ကျရေားါ ခံစားရခြင်းမှ ကာကွယ်ပေးနိုင်ပါသေးတယ်။ နောက်ဆုံး အကျိုးကျေးဇူးတစ်ခုကတော့ ကလေး ယူချင်တဲ့ ကွီးတို့အတွက် အသင့်တော်ဆုံးပါပဲ။ ဘာအကျိုးကျေးဇူးလဲဆိုတော့ ကွာလတီကောင်းတဲ့ သုတ်ပိုးများကို များများ ထုတ်လွှတ်ပေးနိုင်အောင် ကူညီပေးခြင်းပဲဖြစ်ပါတယ်။

ကဲ… ဒါဆိုရင် ကွီးတို့ရော ချစ်တင်းနှော ရာမှာ များစွာ အထောက်အကူပေးမယ့် ငါးကြီးဆီ ကို မှန်မှန် မှီဝဲဖို့ အဆင်သင့်ဖြစ်ပြီလား။

Source: Paramountmensmedical

Featured Image: Healthline