ကွီးတို့ရဲ့ ချစ်သူ ပါတနာဟာ ရုတ်တရက် ဆိုသလို လိင်မှုကိစ္စအပေါ် စိတ်ဝင်စားမှု နည်းသွားတယ် ၊ ကွီးတို့နဲ့ ချစ်တင်းနှော ဖို့ ဆန္ဒသိပ်မပါဘူး ဖြစ်နေတယ်ဆိုရင် ဒါဟာ Libido ကျနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရလို့ ဖြစ်နိုင်ခြေ ရှိပါတယ်။ အမျိုးသားတွေ နည်းတူ အမျိုးသမီးတွေမှာလည်း လိင်စိတ်အတက်အကျ ပြဿနာ ဖြစ်တက်ပြီး အခြေခံအားဖြင့် အသက်အရွယ် ၊ ကိုယ်ဝန်ဆောင်ခြင်း ၊ ဟော်မုန်းပြောင်းလဲမှုနဲ့ ပါတနာနဲ့ ဆက်ဆံရေး အခြေအနေတွေ စတဲ့အကြောင်းအရင် များစွာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသမီးတွေမှာ ဖြစ်တက်တဲ့ လိင်စိတ်ကျဆင်းမှု ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေကို ပြောပြပေးပါမယ်။

(၁) နာကျင်မှု

Painful Sex

Photo : Sirona

ချစ်တင်းနှော တိုင်းမှာ နာကျင်မှု ဝေဒနာ ခံစားနေရမယ်ဆိုရင် နောက်တစ်ကြိမ် အတူနေဖို့ကို လက်တွန့် သွားတက်ပါတယ်။ အမျိုးသမီးတွေမှာ ပထမဆုံးအကြိမ် ဆက်ဆံမှုက လွဲပြီး ပြင်းထန်တဲ့ နာကျင်မှုဝေဒနာ ဆက်လက် ခံစားနေရတာဟာ လွဲမှားနေတဲ့ ဆက်ဆံမှု ပုံစံတွေကြောင့် ဒါမှမဟုတ် မိန်းမကိုယ်မှာ ပြဿနာရှိခြင်း ၊ ပိုးဝင်ခြင်း အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လိုအပ်ပါက နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ သွားရောက် ဆွေးနွေးတိုင်ပင်ဖို့ အကြံပြုချင်ပါတယ်။

(၂) ဟော်မုန်းအပြောင်းအလဲ

Hormonal changes

Photo : Women’s Health Arizona

ခန္ဓာကိုယ်ရဲ့ ဟော်မုန်းအတက်အကျ အပြောင်းအလဲပေါ် မူတည်ပြီးလည်း လိင်စိတ် နိုးကြားတက်ကြွမှုဟာ အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် အဓိကအားဖြင့်  အီစထရိုဂျင်နဲ့ တက်စတိုစတီရုန်း ဟော်မုန်း အပြောင်းအလဲ ဖြစ်တဲ့အခါ Libido ပေါ် သက်ရောက်မှု များစွာ ရှိနိုင်ပြီး လိင်မှုရေးရာ ကိစ္စအပေါ် စိတ်ပါဝင်စားမှု ကျဆင်းနိုင်ပါတယ်။

(၃) ကျန်းမာရေး အခြေအနေ

Women's Health

Photo : EA HealthWell Hub

အဆစ်အမြစ်ရောင် ရောဂါ ၊ သွေးတိုးရောဂါ ၊ အာရုံကြောဆိုင်ရာ ရောဂါတွေနဲ့ ရင်သား သို့မဟုတ် လိင်အင်္ဂါတဝိုက် ခွဲစိတ်မှု စတဲ့ ဆေးဘက်ဆိုင်ရာ ကျန်းမာရေး အခြေအနေတွေနဲ့ ဆက်စပ်ပြီး လိင်မှုဘဝ ကျန်းမာရေးဟာ အပြောင်းအလဲ အများကြီး ဖြစ်နိုင်ပါတယ်။ စိတ်ဓာတ်ကျခြင်းကို ကုသတဲ့ ဆေးဝါးတွေ အပါအဝင် တချို့သော ဘေးဘက်ဆိုင်ရာ ရောဂါကုသမှုအတွက် မှီဝဲရတဲ့ ဆေးဝါးတွေဟာ လိင်စိတ်ဆန္ဒ Libido ကို ထိခိုက်စေနိုင်ပါတယ်။

(၄) စိတ်ဖိစီးမှု ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာ

Mental Health
Photo : The US Sun

စိတ်ဓာတ်ကျခြင်း ၊ စိတ်ဖိစီးမှုများခြင်း ၊ မိမိကိုယ်ကိုယ် ချစ်ခင်လေးစားမှု နည်းပါးခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ အမျိုးသမီးတွေမှာ Libido နည်းပါးမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင် ဖျားနာမှုဟာ နေ့စဉ်ဘဝရော လိင်မှုဘဝအတွက်ပါ ဆိုးကျိုး အကြီးအကျယ် သက်ရောက်စေနိုင်တဲ့အတွက် စိတ်ကို ကျန်းမာအောင် ထားနိုင်ဖို့က အရေးကြီးပါတယ်။

Source : Healthshots

Featured Photo : Prevention