ချစ်တင်းနှော ခြင်းသည် ကွီးတို့ရဲ့ စိတ်ခံစားချက်ကို ကောင်းမွန်စေရုံသာမကဘဲ အခြားသော အကျိုးကျေးဇူးများကိုလည်း ပေး စွမ်း နိုင်တယ်ဆိုတာ ကွီးတို့ သိပြီးပါပြီလား။ ကောင်းမွန်တဲ့ ချစ်တင်းနှော ခြင်းကြောင့် ဘယ်လို အ စွမ်း တွေ အကျိုးကျေးဇူးတွေကို ခံစားရနိုင်မလဲ။
(၁) ကွီးတို့ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ခြင်း
ပုံမှန် ချစ်တင်းနှော ခြင်းသည် ကွီးတို့ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တယ်လို့ ပင်ဆယ်ဗေးနီးယား တက္ကသိုလ်က ပြုလုပ်တဲ့ သုတေသန လေ့လာချက်များအရ သိရှိရပါတယ်။ ထိုသုတေသနပြုချက်ထဲတွင် တစ်ပတ်လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ချစ်တင်းနှော ကြတဲ့ ကွီးတို့သည် ချစ်တင်းမနှောတဲ့သူတွေနဲ့ ယှဥ်တဲ့အခါ ကိုယ်ခံစွမ်းအားသည် ပိုမိုမြှင့်မားတာကို တွေ့မြင်ရပါတယ်။
(၂) သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း
နောက်ထပ် သုတေသန လေ့လာချက်တွင် ဖော်ပြထားတာကတော့ တစ်ကိုယ်ရည် အာသာဖြေတာမျိုး မဟုတ်ဘဲ ကိုယ့်ချစ်သူနဲ့ ချစ်တင်းနှောခြင်းသည် ကွီးတို့ရဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ သွေးတိုးခြင်း၊ သွေးအားနည်းခြင်းတို့မှ ကာကွယ်ပေးတာကြောင့် ကွီးတို့လည်း ဒီအချက်ကို ထည့်စဥ်းစားဖို့ လိုပါလိမ့်မယ်။
(၃) လေ့ကျင့်ခန်းတစ်ခုအဖြစ် ယူဆနိုင်ခြင်း
ချစ်တင်းနှောခြင်းသည် တကယ်တော့ လေ့ကျင့်ခန်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ချစ်တင်းနှော တဲ့အခါ တစ်မိနစ်လျှင် ကယ်လိုရီ ၅ ကယ်လိုရီခန့် လောင်ကျွမ်းသွားတယ်လို့ ဆိုနိုင်ပါတယ်။ ချစ်တင်းနှော ခြင်းက တီဗွီရှေ့မှာ ထိုင်ပြီး အချိန်ဖြုန်းတာထက် အ စွမ်း ပိုထက်ပါတယ်။
(၄) နှလုံးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း
ချစ်တင်းနှောခြင်းသည် နှလုံးရောဂါ ဖြစ်ပွားခြင်းမှတောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ ခန္ဓာကိုယ်ထဲရှိ Estrogen နဲ့ Testosterone ပမာဏကိုလည်း ညီမျှစေပါတယ်။ ထိုဟော်မုန်း နှစ်မျိုးက မညီမျှဘဲ တစ်ခုခုက လျော့နည်းသွားတဲ့အခါ ကွီးတို့သည် အရိုးကျန်းမာရေး အားနည်းသွားတတ်တဲ့အပြင် နှလုံးရောဂါကိုလည်း ခံစားရနိုင်ပါတယ်။ လေ့လာချက်တစ်ခုတွင် တစ်ပတ်လျှင် အနည်းဆုံး ၆ ကြိမ်လောက် ချစ်တင်းနှော တဲ့အမျိုးသားများသည် အကြာကြီးနေမှ ချစ်တင်းနှော တဲ့ အမျိုးသားများထက် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ နည်းပါးတယ်လို့ သိရှိရပါတယ်။
(၅) နှစ်ခြိုက်စွာ အိပ်မောကျစေခြင်း
ကွီးတို့သည် ချစ်တင်းနှော ပြီးတဲ့အခါ ခန္ဓာကိုယ်က ပင်ပန်းသွားမှာဖြစ်ပြီး ခေါင်းချလိုက်တာနဲ့ အလိုလို အိပ်ပျော်သွားမှာပဲ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အထွတ်အထိပ် ပြီးမြောက်သွားတဲ့အခါ Prolactin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးက ထွက်ရှိလာမှာဖြစ်ပြီး ထိုဟော်မုန်းက စိတ်လက်အပန်းဖြေချင်တဲ့ ခံစားချက်နဲ့ အိပ်စက်ခြင်း ဆိုတဲ့ ခံစားချက်တို့ကို ဖြစ်ပေါ်စေလို့ပဲ ဖြစ်ပါတယ်။
(၆) စိတ်ဖိစီးမှုများကို ဖယ်ရှားပေးခြင်း
နောက်ထပ် လေ့လာချက်တစ်ခုမှာတော့ တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ခြင်း၊ ထိတွေ့ခြင်းတို့သည် ခန္ဓကိုယ်ထဲရှိ ကောင်းမွန်တဲ့ ဟော်မုန်းများကို ထုတ်လွှတ်ပေးပြီး ဦးနှောက်ကိုလည်း ပြေလျော့သွားစေကာ စိတ်ကြည်နူးမှုကို ခံစားရစေပါတယ်။ ချစ်တင်းနှော ခြင်းသည် ပျော်ရွှင်မှုနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတို့ကို တိုးမြှင့်လာစေတယ်လို့လည်း ဖော်ပြထားပါတယ်။
ကွီးတို့ရော ချစ်တင်းနှော ခြင်းရဲ့ စွမ်း ပကားတွေထဲက အကျိုးကျေးဇူး ဘယ်နှချက်လောက်ကို ရရှိခံစားပြီးပါပြီလဲ။
Source : Webmd
Featured Photo : Herworld