ချစ်တင်းနှော ပြီးနောက်မှာ နာကျင်မှု ဝေဒနာ ခံစားရတာဟာ အမျိုးသမီးတွေပဲ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ကြုံရနိုင်ခြေ ရှိပါတယ်။ နာကျင်မှု ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ ပြင်းပြင်းထန်ထန် အကြမ်းပတမ်း လှုပ်ရှားမှုတွေကြောင့် ခါးနာတာ ၊ တင်ပါးဆုံနဲ့ ပေါင်ကြွက်သားတွေနာကျင်တာ ၊ လိင်တံ နာကျင်တာတွေအပြင် အခြားသော ပုံမှန်မဟုတ်တဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ကျန်းမာရေး နောက်ခံအကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စာရေးသူတို့ အမျိုးသားတွေမှာ ဘယ်အချက်တွေကြောင့် ချစ်တင်းနှောပြီးနောက် နာကျင်မှုခံစားရစေတာလဲဆိုတာနဲ့ ပတ်သတ်ပြီး ပြောပြပေးချင်ပါတယ်။

(၁) လိင်တံထိပ် အရေပြား ဖြတ်တောက်ထားမှု မရှိခြင်း

circumcision

Photo : Alonzo Cosmetic Surgery

အချို့သော လိင်တံထိပ် အရေပြား ဖြတ်ထားခြင်း မရှိတဲ့ အမျိုးသားတွေမှာ ချစ်တင်းနှောနေချိန်အတွင်းနဲ့ ချစ်တင်းနှော ပြီးနောက် လိင်တံထိပ်ဖူး ဧရိယာတဝိုက်မှာ ပြင်းပြင်းထန်ထန် နာကျင်မှု ခံစားရတက်ပါတယ်။ အမျိုးသားတွေရဲ့ လိင်တံထိပ်ဖျားပိုင်းဟာ တစ်ရှုးများစွာနဲ့ ဖွဲ့စည်းထားတာပါ။ ချစ်တင်းနှောနေစဉ် ပွတ်တိုက်မှုကြောင့် တစ်ရှုးတွေ စုတ်ပြဲပြီး အရေပြား တင်းတင်းကြပ်ကြပ် ကြီးဖြစ်နေတာ ၊ နာကျင်တာတွေ ခံစားရနိုင်ပါတယ်။

(၂) ယခင်က ခွဲစိတ်ကုသမှု ခံယူထားဖူးခြင်း

Scar Tissue

Photo : Giddy

ဝမ်းဗိုက် ၊ တင်ပါးဆုံနဲ့ ဆီးလမ်းကြောင်း ဧရိယာတဝိုက်မှာ ယခင်က ခွဲစိတ်ကုသမှု လုပ်ထားဖူးတယ်ဆိုရင် ချစ်တင်းနှော ပြီးနောက်မှာ အဆိုပါနေရာတွေကနေ နာကျင်မှု ပြန်ခံစားရတာမျိုး ဖြစ်တက်ပါတယ်။ ဒီလို ဒဏ်ရာဟောင်းတွေဟာ ချစ်တင်းနှော နေချိန်အတွင်းမှာရော ခချစ်တင်းနှောပြီးနောက်မှာပါ နာကျင်မှု ဝေဒနာ ခံစားရနိုင်ခြေ ရှိနေတာပါ။ ယခင် ခွဲစိတ်ကုသထားတဲ့ ဒဏ်ရာဟောင်းနဲ့ ပတ်သတ်ပြီး နာကျင်မှု ပြန်လည်ခံစားရတယ်ဆိုပါက ဆရာဝန်နဲ့ သွားရောက် ပြသပြီး ကုသမှု ထပ်မံခံယူတာ အကောင်းဆုံး ဖြစ်ပါတယ်။

(၃) လိင်တံကျိုးခြင်း

Penile fracture

Photo : Healthgrades

လိင်တံကျိုးတဲ့ ပြဿနာကတော့ ဖြစ်တောင့်ဖြစ်ခဲ ဆိုပေမယ့် မတော်တဆ ဖြစ်နိုင်ခြေ ရှိပါတယ်။ လိင်တံဟာ အရိုးနဲ့ ဖွဲ့စည်းထားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခု မဟုတ်ပေမယ့် လိင်တံရဲ့ ပတ်ပတ်လည်မှာ ဖွဲ့စည်ထားတဲ့ တစ်ရှုးတွေ စုတ်ပြဲသွားတဲ့အခါကို လိင်တံကျိုးတယ်လို့ အလွယ်ခေါ်ပါတယ်။ လိင်တံကျိုးစေနိုင်တဲ့ အဓိကအကြောင်းအရင်းကတော့ ပြင်းပြင်းထန်ထန် ချစ်တင်းနှောတာ ဒါမှမဟုတ် လိင်ဆက်ဆံမှု Position အနေအထား မမှန်တာတွေကြောင့် ဖြစ်တက်သလို အိပ်ပျော်နေစဉ် လိင်တံအပေါ် ဖိမိတာ ၊ လိမ်ချိုးမိသလို ဖြစ်တဲ့ အခြေအနေတွေကလည်း ကွီးတို့ရဲ့ လိင်တံကို ကျိုးစေနိုင်ပါတယ်။ လိင်တံကျိုးပြီဆိုရင်တော့ နာရီပိုင်းအတွင်း နီးစပ်ရာ ဆေးရုံဆေးခန်းကိုသာ အမြန်ဆုံး သွားရောက်ကုသဖို့ အကြံပြုချင်ပါတယ်။

(၄) ပုံမှန်မဟုတ်တဲ့ လိင်တံကွေးကောက်ခြင်း

Peyronie’s Disease
Photo : Dr Rami Hamed Medical Center

ပါရိုးနိစ်ရောဂါ (Peyronie’s Disease) လို့ ခေါ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ လိင်တံကွေးကောက်တဲ့ ရောဂါအခြေအနေပါ။ ဒီရောဂါဟာ လိင်တံမှာရှိတဲ့ အမာရွတ် တစ်ရှူးတွေ ပုံပျက်ပြီး လိင်တံဟာ ပုံမှန်ရှိရမယ့် အဖြောင့်အနေအထား အတိုင်း မရှိတော့ပဲ ဘေးဘယ်ညာ သို့မဟုတ် အပေါ်အောက်ကို အနည်းငယ် ကွေးကောက်နေတဲ့ အခြေအနေကို ခေါ်ပါတယ်။ ပါရိုးနိစ်ရောဂါ (Peyronie’s Disease) ဟာလည်း ပုံစံအနေအထား မမှန်တဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကြောင့် ဖြစ်တက်ပြီး လိင်တံမှာ ပြင်းပြင်းထန်ထန် နာကျင်မှုဝေဒနာ ခံစားရတာ ၊ လိင်တံကောင်းစွာ ထောင်မတ်နိုင်ခြင်းမရှိတာ ၊ လိင်တံပုံပျက်တာ စတာတွေ ကြုံရနိုင်ပါတယ်။

Source : Orlando Health

Featured Photo : Times of India