ချစ်တင်းနှောတဲ့အခါမှာ ဆန့်ကျင်ဘက် ပါတနာအတွက် နာကျင်မှုနည်းစေပြီး ခံစားမှုအာရုံကို ပိုမိုကောင်းမွန်စေဖို့ဆိုရင် Foreplay ကိုသေချာ အချိန်ပေးသင့်သလို ချောဆီရဲ့ အကူအညီလည်း ရယူသင့်ပါတယ်။ ဒါ့အပြင် နောက်တစ်ချက်ကတော့ သိုင်းကွက် အနေအထား ပြောင်းလဲဖို့ပါ။ ဒီဆောင်းပါးလေးမှာတော့ ချစ်တင်းနှော ချိန်မှာ ခံစားရတဲ့ နာကျင်မှု ဝေဒနာကို လျှော့ချပေးနိုင်တဲ့ အကောင်းဆုံး အိပ်ရာပေါ်က သိုင်းကွက် အနေအထားအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) 69 သိုင်းကွက်

couple

Photo : TheBody

69 ကတော့ ထိုးသွင်းဆက်ဆံခြင်းမရှိတဲ့ သိုင်းကွက်တစ်ခုပါ။ ထိုးသွင်းဆက်ဆံမှုမရှိရင် နာကျင်မှုလည်း မရှိနိုင်ပါဘူး။ ဒီသိုင်းကွက် နှစ်ဦးလုံးအတွက် သာယာပျော်ရွှင်ဖွယ် အထိအတွေ့ ခံစားမှုကို ပြည့်ပြည့်ဝဝ ခံစားရရှိစေမှာ ဖြစ်သလို နာကျင်မှု လုံးဝမရှိပဲ အိပ်ရာထက်မှာ အသိမ်မွေ့ဆုံး ချစ်တင်းနှော နိုင်မှာ ဖြစ်ပါတယ်။

(၂) ဒေါ့ဂီ တင်မြှောက် သိုင်းကွက်

Couple

Photo : Hello Sehat

ဒေါ့ဂီစတိုင်ကတော့ ချစ်တင်းနှော တဲ့အခါ အသုံးများဆုံး ဘုံသိုင်းကွက် တစ်ခုပါ။ ဒီအနေအထားဟာ ဆန့်ကျင်ဘက် ပါတနာရဲ့ အတွင်းပိုင်းထိ အနက်ရှိုင်းဆုံး ဝင်ရောက်နိုင်တဲ့ သိုင်းကွက်တစ်ခု ဖြစ်တာကြောင့် နာကျင်မှု ပိုများနိုင်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ သို့သော် ဒီနေရာမှာ လှည့်ကွက်တစ်ခု ရှိပါတယ်။ ပါတနာရဲ့ တင်ပါးကို အနည်းငယ် အပေါ်သို့ မြှောက်ခိုင်းထားမယ် ဆိုရင်တော့ နာကျင်မှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

(၃) မတ်တပ် သိုင်းကွက်

couple

Photo : Unsplash

ချစ်တင်းနှောတဲ့အခါ နာကျင်မှုနည်းစေတဲ့ နောက်ထပ် သိုင်းကွက်တစ်ခုကတော့ မတ်တပ်ရပ် အနေအထားပါ။ ဒါက ပြင်းပြင်းထန်ထန် ထိုးဖောက်ဝင်ရောက်ဖို့ ခက်ခဲစေတဲ့အတွက် နာကျင်မှု နည်းစေပါတယ်။ အထူးသဖြင့် သားအိမ်နဲ့ပတ်သတ်တဲ့ Endometriosis ပြဿနာရှိတဲ့ အမျိုးသမီးတွေ ဒါမှမဟုတ် ချစ်တင်းနှော တိုင်းမှာ နာကျင်မှုဝေဒနာ အလွန်အမင်းခံစားရတဲ့ အမျိုးသမီးတွေအတွက် ဒီသိုင်းကွက်က အသင့်တော်ဆုံး ဖြစ်ပါတယ်။

(၄) မြင်းစီး သိုင်းကွက်

Couple

Photo : RSVP

ဒါကတော့ ပါတနာကို အပေါ်ကိုနေ ဦးဆောင်စေတဲ့ သိုင်းကွက်ပါ။ လှုပ်ရှားမှုနဲ့ အဝင်အထွက် အတိမ်အနက် အားလုံးကို သူမစိတ်ကြိုက် ထိန်းချုပ်ကိုင်တွယ်ခွင့် ပေးထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ချစ်တင်းနှော ချိန်မှာ နာကျင်မှုနည်းနည်းနဲ့ သာယာဖွယ်ခံစားမှုကို ရရှိစေဖို့ဆိုရင် မြင်းစီး သိုင်းကွက်ကိုလည်း ထုတ်သုံးဖို့ အကြံပေးချင်ပါတယ်။

Source : Healthshots

Featured Photo : Yahoo Movies