တစ်ခါတစ်လေ စုံတွဲတွေမှာ နားလည်မှုလွဲပြီး စိတ်ဆိုးစိတ်ကောက် ၊ ရန်ဖြစ်စကားများချိန်တွေ ရှိကြပါတယ်။ သေချာတာတစ်ခုကတော့ တကယ်ချစ်တဲ့ စုံတွဲတိုင်း ရန်ဖြစ်ပြီးနောက်မှာ တစ်ယောက်နဲ့တစ်ယောက် ပြန်လည်သင့်မြတ်အောင် နည်းလမ်းအမျိုးမျိုးနဲ့ ချော့ရင်း ၊ အလျှော့ပေးရင်းနဲ့ပဲ ညှိနှိုင်းဖြေရှင်း ကြရတာပါ။ ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက် ပြန်ပြီးသင့်မြတ်အောင် ညှိနှိုင်းကြတဲ့ ပုံမှန် နည်းလမ်းတွေနဲ့မတူတဲ့ လိင်ကိစ္စနဲ့ ဆက်စပ်နေတဲ့ နည်းလမ်းတစ်ခုကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ ပဋိပက္ခ ဖြစ်ပြီးနောက်မှာ အကောင်းဆုံး ပြန်လည်သင့်မြတ်နိုင်ဖို့ လိင်ဆက်ဆံမှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။ စုံတွဲတွေအနေနဲ့ ရန်ဖြစ်စကားများပြီးချိန် ချစ်တင်းနှောတာဟာ ဘယ်လိုကောင်းကျိုးတွေကို ရစေနိုင်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ယုံကြည်မှု စိတ်ချရမှုကို ပြန်လည် ရရှိစေတယ်

makeup sex
Photo : Healthshots

စုံတွဲတွေ အနေနဲ့ ရန်ဖြစ်စကားများ ပြီးနောက်မှာ ချစ်တင်းနှော တာဟာ တစ်ယောက်နဲ့တစ်ယောက်ကြား ယုံကြည်မှုကို ပြန်လည်ရရှိစေသလို ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အနာဂတ်မျှော်လင့်ချက်တွေကို တိုးပွားစေနိုင်ပါတယ်။ အဓိကအားဖြင့် တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ စိတ်ပိုင်းဆိုင်ရာ ယုံကြည်စိတ်ချရမှု ၊ လုံခြုံနွေးထွေးမှုတွေကို ပြန်လည်တည်ဆောက် ပေးတဲ့အတွက် ပဋိပက္ခ တွေကို အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ အကူအညီ ဖြစ်စေတာပါ။

(၂) ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေကို ဖြစ်ပေါ်စေတယ်

makeup sex
Photo : Healthshots

ချစ်တင်းနှော တဲ့အခါ ဦးနှောက်ကနေ အောက်ဆီတိုစင် (Oxytocin)နဲ့ ဒိုပါမင်း (Dopamine) တို့လို ပျော်ရွှင်မှု ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။ အဆိုပါ ဟော်မုန်းတွေဟာ စိတ်ပိုင်းဆိုင်ရာ တင်းကြပ်မှုတွေကို အမြန်ဆုံး ပြေလျော့သက်သာစေပြီး ကောင်းမွန်တဲ့ စိတ်ခံစားချက် ၊ ပျော်ရွှင်တဲ့ ခံစားမှုတွေကို ဖြစ်ပေါ်လာစေတာပါ။ အတိုချုပ် ပြောရမယ်ဆိုရင် ရန်ဖြစ်စကားများပြီးနောက်မှာ ချစ်တင်းနှော တဲ့အခါ ပျော်ရွှင်မှု ၊ ကောင်းမွန်တဲ့ စိတ်ခံစားမှုတွေ ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကို ဦးနှောက်ကနေ များများထုတ်လွှတ် ပေးတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ ၊ ဖိအားတွေနဲ့ ဒေါသတွေကို အထိရောက်ဆုံးနဲ့ အလျင်မြန်ဆုံး ကိုင်တွယ်ဖြေရှင်းနိုင်စေမှာ ဖြစ်ပါတယ်။

(၃) ပဋိပက္ခတွေကနေ ခဏအနားယူရာ ရောက်စေတယ်

makeup sex
Photo : Healthshots

အပြန်အလှန် ငြင်းခုံမှုတွေ ၊ ပဋိပက္ခတွေကိုပဲ ဆက်တိုက်ဖြေရှင်းနေရရင် ကွီးတို့ ချစ်သူ နှစ်ယောက်လုံး စိတ်ပင်ပန်း လူပင်ပန်း ဖြစ်လာရမှာပါ။ ချစ်တင်းနှော လိုက်တာဟာ ပြဿနာတွေ အားလုံးကို ပြေလည်ချင်မှ ပြေလည်သွားပါလိမ့်မယ်။ ဒါပေမယ့် ကြားထဲမှာ ပဋိပက္ခ တွေကနေ ခဏရှောင်ဖယ်ပြီး စိတ်ရောလူရော အနားပေးရာ ရောက်စေတာကြောင့် တစ်ယောက်နဲ့တစ်ယောက်ကြားက တင်းမာမှုတွေကို အနည်းငယ်ပြေလျော့ သွားစေမှာဖြစ်သလို ဆက်လက်ပြီး ပြဿနာတွေကို အဖြေရှာကြချိန်မှာလည်း ကောင်းမွန်တဲ့ ရလဒ်တစ်ခု ထွက်စေဖို့ အထောက်အပံ့ကောင်း ဖြစ်စေနိုင်ပါတယ်။

Source : Healthshots

Featured Photo : Oprah Daily