ချစ်တင်းမနှောခင်မှာ ဘာလုပ်ရမလဲဆိုတာကို ကွီးတို့ သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကွီးတို့ရဲ့ ရှော်တီလေးနဲ့ ချစ်တင်းနှော ပြီးတဲ့အခါ ဘာတွေ ပြုလုပ် ရမလဲဆိုတာကိုရော သိရဲ့လား။ ချစ်တင်းနှောနေစဥ် အချိန်ကလည်း အရေးကြီးသလို ချစ်တင်းနှော ပြီးနောက် ပြုလုပ် ရမယ့် အရာတွေကလည်း အရေးကြီးပါတယ်။
(၁) ရှုပ်ပွနေတာတွေ ပြန်ရှင်းပါ
ကွီးတို့ရဲ့ အဝတ်အစားတွေက ကြမ်းပြင်ထက်မှာ ပြန့်ကျဲကာ ရှုပ်နပွနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အခန်းကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြန်ဖြစ်သွားအောင် ရှုပ်ပွနေတာတွေ ပြန်ရှင်းဖို့ လိုအပ်ပါလိမ့်မယ်။ ဖဲမွေ့ရာထက်ပေါ်က ရှုပ်ပွနေတာတွေကိုလည်း ပြန်လည် သန့်ရှင်းရေး ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
(၂) ရေချိုးခန်းဆီ အပြေးအလွှား သွားလိုက်ပါ
အမျိုးသားတွေရဲ့ ဆီးလမ်းကြောင်းပြွန်က အမျိုးသမီးများထက် ပိုရှည်တဲ့အတွက်ကြောင့် ဆီးလမ်းကြောင်း ပိုးဝင်တာမျိုးတော့ အဖြစ်နည်းတတ်ပါတယ်။ အမျိုးသမီးတွေမှာသာ အဖြစ်များတာပါ။ ဒါပေမဲ့ ကွီးတို့က Pull Out Method (အပြင်သို့ ပန်းထုတ်ခြင်း နည်းလမ်း) ကို အသုံးပြုတယ်ဆိုရင်တော့ ကွီးတို့လည်း ချစ်တင်းနှော ပြီးတဲ့နောက်မှာ အပေါ့အပါးသွားတာ အကောင်းဆုံးပါပဲ။
(၃) ရေချိုးပါ
ကွီးတို့ ချစ်တင်းနှော ပြီးတဲ့အခါ ရေအတူတူ ချိုးခြင်းကိုလည်း ပြုလုပ်ပေးသင့်တယ်လို့ လိင်ကျန်းမာရေးဆိုင်ရာ အထူးကုဆရာဝန်က အကြံပေးထားတာပါ။ ဒီလိုမျိုး ချစ်တင်းနှော ပြီးတဲ့နောက်မှာ ရေအတူတူ ချိုးခြင်းက ကွီးတို့ကို တစ်ဖန် ပြန်လည်ကာ စိတ်ပါလာစေဖို့ အခွင့်အလမ်းနည်းပါတယ်။ ဒါ့ကြောင့် စိတ်ပူစရာမလိုပါဘူး။ ဒီလိုမျိုး အတူတူ ရေချိုးခြင်းအားဖြင့် ကွီးတို့ နှစ်ယောက်ကြားက စိတ်ခံစားချက်ကို ပိုမို နက်ရှိုင်းလာစေနိုင်ပါတယ်။
(၄) လူကြီးအရုပ်များကို သေချောဆေးကြောပြီး သိမ်းထားပါ
လူကြီးအရုပ်များသည် ကွီးတို့ရဲ့ စိတ်ခံစားချက်ကို မြှင့်တက်လာအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ ကွီးတို့က ထိုလူကြီးအရုပ်များကို သေချာ ဂရုမစိုက်ဘူးဆိုရင်တော့ ကွီးတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် လူကြီးအရုပ်တွေပေါ်မှာ ဘက်တီးရီးယားများ ကပ်ငြိနေတာကြောင့် နောက်တစ်ကြိမ် ပြန်လည် အသုံးမပြုခင်မှာ ရေ၊ ဆပ်ပြာ (သို့) ရေနွေးတို့နဲ့ သေချာစွာ ပိုးသတ်ကာ ဆေးကြော သန့်စင်သင့်ပါတယ်။
(၅) အသုံးပြုပြီးသား ကွန်ဒုံးများကို စနစ်တကျ စွန့်ပစ်ပါ
ကွီးတို့က ကွန်ဒုံးကို အသုံးပြုတယ်ဆိုရင် ချစ်တင်းနှော ပြီးတဲ့နောက်မှာ စနစ်တကျ စွန့်ပစ်ဖို့လည်း မမေ့ပါနဲ့။ စွန့်ပစ်တဲ့အခါမှာလည်း အသုံးပြုပြီးသား ကွန်ဒုံးကို စက္ကူ (သို့) တစ်သျှူး (သို့) ပလပ်စတစ် တစ်ခုခုနဲ့ သေချာ ပတ်ပြီးမှ စနစ်တကျ စွန့်ပစ်သင့်ပါတယ်။ ကွီးတို့ရဲ့ ရှော်တီလေးက ကွီးတို့အတွက် သန့်ရှင်းရေး လုပ်ပေးနေရပြီး ကွီးတို့က အသာလေး ထိုင်ကြည့်နေတာမျိုးကို မလုပ်ချင်ဘူး မဟုတ်လား။ တာဝန်ယူတတ်တဲ့ လူကြီးလူကောင်းတစ်ယောက်ဖြစ်ကြောင်း ပြသဖို့အတွက် ကွီးတို့ ကိုယ်တိုင် လွှင့်ပစ်တာ အကောင်းဆုံးပါပဲ။
(၆) အစား စားပါ
ကွီးတို့ Workout လေ့ကျင့်ခန်းများ ပြုလုပ်ပြီးတဲ့နောက်မှာ အစားအစာများက စားရတာ ပိုအရသာရှိတယ်လို့ ခံစားဖူးကြတယ် ဟုတ်။ ချစ်တင်းနှောပြီးတဲ့နောက်မှာလည်း အတူတူပါပဲ။ ကွီးတို့ရဲ့ ကုန်ခမ်းသွားတဲ့ အားအင်များကို ပြန်လည် ဖြည့်တင်းပေးဖို့ရန်အတွက် အစား စားဖို့ လိုအပ်ပါပြီ။ ပြန်လည် အားဖြည့်ပေးမယ့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို ရွေးချယ်ကာ စားသုံးလိုက်ပါ။
(၇) ရှော်တီလေးကို ပွေ့ဖက်ထားပါ
ချစ်တင်းနှောပြီးတဲ့နောက်မှာ ကိစ္စ ဝိစ္စတွေ ပြီးပြီဆိုပြီး ရှော်တီလေးကို ပစ်မထားပါနဲ့။ သူ(မ)ကို ပွေ့ဖက်ထားကာ နွေးထွေးမှုကို ခံစားရအောင် ပြုလုပ်ပါ။ ပြီးတော့ သူ(မ)ရဲ့ ချစ်တင်းနှောနေစဥ်အတွင်း ခံစားချက်များကို မေးမြန်းကြည့်ပါ။သူ(မ) ကြိုက်တာ၊ မကြိုက်တာ၊ ကွီးတို့ ကြိုက်တာ၊ မကြိုက်တာတွေကိုလည်း အချင်းချင်းဝေမျှရင်း နောက်တစ်ကြိမ် ချစ်တင်းနှောတဲ့အခါ အကောင်းမွန်ဆုံး စိတ်ခံစားချက်များ ပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းနိုင်ပါတယ်။
ကွီးတို့ရော ချစ်တင်းနှော ပြီးတဲ့နောက်မှာ ဘာတွေ ပြုလုပ် လေ့ရှိပါသလဲ။
Source: Bestlifeonline
Featured Image: Uhhospitals.org