ကိုယ့်ရှော်တီလေးနဲ့အတူတူ ချစ်တင်းနှော နေချိန်မှာ အဆုံးစွန်သော ပျော်ရွှင်မှုကို ခံစားရခြင်းသည် ကွီးတို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်သလို တစ်ချိန်တည်းမှာပဲ အချို့သော ရောဂါတွေကိုလည်း ခံစားရနိုင်ခြေ များနေစေပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာလည်းဆိုတော့ ချစ်တင်းနှော တဲ့အချိန်မှာ လိင်မှတဆင့် ကူးစက်တတ်တဲ့ ဘေး အန္တရာယ်များကို ကြိုမစဥ်းစားထားဘဲ​ စိတ်လွတ်လက်လွတ် ပြုမူမိတဲ့အခါမျိုးမှာပါ။

ဒါ့ကြောင့်မို့လို့ တူနှစ်ကိုယ် ချစ်တင်းနှော ချိန်မှာ ဘေး မဖြစ်ဖို့အတွက် အခုဖော်ပြပေးမယ့်အချက်များကို မမေ့မလျော့ သိထားသင့်ပါတယ်။

(၁) နှစ်ကိုယ်တူ တီးတိုး တိုင်ပင်ပါ

နှစ်ကိုယ်တူ တီးတိုး တိုင်ပင်ပါ

ဒီလိုကိစ္စတွေဆိုတာသည် ရှက်ကြောက်နေလို့ မရပါဘူး။ အတူတူ တီးတိုး တိုင်ပင် ဆွေးနွေးရမှာပဲဖြစ်ပါတယ်။ ဒီအကြောင်း ဆွေးနွေးနေချိန်မှာလည်း အလုပ်ကိစ္စများ၊ မိသားစု တာဝန်များနဲ့ အခြားသော စိတ်ဖိစီးစရာ အကြောင်းအရာများဆီသို့ လမ်းကြောင်း မပြောင်းသွားအောင် ဂရုစိုက်ပါ။ ဘယ်အချိန်ကတော့ ချစ်တင်းနှောလို့ ရသလဲ မရဘူးလဲ စတဲ့ အချက်များကိုလည်း သေချာ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါလိမ့်မယ်။

(၂) အကာအကွယ် အသုံးပြုပါ

အကာအကွယ် အသုံးပြုပါ

အလွှာခြားရင် ကမ္ဘာခြားတယ်ဆိုပြီး တလွဲ ဆံပင်ကောင်းမနေပါနဲ့။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ဝင်ရောက်လာမှ တစ်သက်လုံး ကမ္ဘာခြားသွားပါလိမ့်မယ်။ နှစ်ယောက်သားမှာလည်း ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောပြထားဖို့ လိုအပ်ပါမယ်။ တကယ်လို့ ကလေးယူဖို့ အစီအစဥ် မရှိသေးဘူးဆိုရင်လည်း နေ့စဥ် တားဆေးကဒ်များကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သုံးဖို့ လိုအပ်ပါလိမ့်မယ်။

(၃) ကွန်ဒုံး အသုံးပြုရင်တောင်မှ ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူပါ

ချစ်တင်းနှော ဘေး

ဘယ်လောက်ပဲ အကာအကွယ် အသုံးပြုတယ်ပဲဆိုဆို ကွီးတို့အနေနဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုကို ခံယူဖို့ လိုအပ်ပါတယ်။ အခုနောက်ပိုင်းမှာ စုံတွဲ အချို့သည် လက်မထပ်ခင်မှာ ကျန်းမာရေး စစ်ဆေးမှု ခံယူတာသည်လည်း ခေတ်စားပါတယ်။ ကွီးတို့အနေနဲ့လည်း တစ်ယောက်ကို တစ်ယောက် ကူညီဖေးမရင်း ဆိုးအတူတူ ကောင်းအတူတူ ကျော်ဖြတ်သွားဖို့ လိုအပ်ပါလိမ့်မယ်။

(၄) ကွီးတို့ရဲ့ ပါဖောမန့်စ်ကို မြှင့်တင်ပေးနိုင်မယ့် အစားအစာများ စားသုံးပါ

ချစ်တင်းနှော ဘေး

ကွီးတို့ရဲ့ ပါဖောမန့်စ်ကို မြှင့်တင်နိုင်ဖို့ရန်အတွက် အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာများကို များများစားသုံးသင့်ပါတယ်။ အမိုင်နို အက်ဆစ်ဓာတ် ကြွယ်ဝသော အစားအစာများ၊ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝသော အစားအစာများ၊ ကျန်းမာရေးနဲ့ ညီညွှတ်သော အဆီဓာတ်များ ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာများကို စားသုံးပေးခြင်းအားဖြင့် ကွီးတို့ရဲ့ ပါဖောမန့်စ်ကို မြှင့်တင်နိုင်ပါတယ်။

(၅) ကျန်းမာရေး အကြံဥာဏ်ကောင်းများ ရယူပါ

ချစ်တင်းနှော ဘေး

တကယ်လို့ ကွီးတို့က ကိုယ့်ရှော်တီလေးနဲ့ ချစ်တင်းနှော ဖို့ကို စိတ်မပါဖြစ်နေမယ်။ စိတ်မပါတာတောင် အချိန်အတော်ကြာသည်အထိ စိတ်မပါတာမျိုး၊ ဟိုစိတ် ဒီစိတ်တွေ လုံးဝ ပျောက်နေသလို ခံစားရတဲ့အခါ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင် ဆွေးနွေးသင့်ပါတယ်။ ဒီလိုမျိုး လိင်စိတ် တပ်မက်မှု (လုံးဝ) မရှိခြင်းသည် နောက်ကွယ်က ကျန်းမာရေး တစ်ခုခုကြောင့်လည်း ဖြစ်နိုင်တာမို့လို့ အချိန်မနှောင်းခင် မြန်မြန် အဖြေရှာသင့်ပါတယ်။​

ကွီးတို့ရော ကိုယ့် ရှော်တီလေးနဲ့ ချစ်တင်းနှော တဲ့အခါ ဘေး အန္တရာယ် ကင်းကင်းနဲ့ ချစ်တင်းနှောဖို့အတွက် ဘယ်လို လုပ်ဆောင်လေ့ရှိပါသလဲ။

Source : Hamiltonhealthcenter

Featured Photo : Prevention