ကွီးတို့ စကီလေးနဲ့ ချစ်တင်းနှော နေစဥ်မှာ မလုပ် သင့်ဆုံး အချက်ကတော့ သူ(မ)ရဲ့ လိင်စိတ်တောင့်တမှုကို ရပ်တန့်သွားအောင် မလုပ်မိဖို့ပဲဖြစ်ပါတယ်။ သူ(မ) စိတ်ပါနေချိန်မှာ ကွီးတို့ရဲ့ အပြုအမူတစ်ခု၊ အပြောအဆိုတစ်ခုကြောင့် စိတ်မပါတော့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုမျိုး မဖြစ်ဖို့ဆိုရင်တော့ ကွီးတို့ စကီလေးနဲ့ ချစ်တင်းနှော နေစဥ်မှာ အခုဖော်ပြပေးမယ့် အချက်များကို မလုပ် မိဖို့ လိုအပ်ပါတယ်။

မနမ်းရှုံ့ခြင်း

couple in bed

ကွီးတို့ ယုံချင်ယုံ၊ မယုံချင်နေပါ။ လူတော်တော်များများက ချစ်တင်းနှောနေစဥ်မှာ တစ်ယောက်ကို တစ်ယောက် မနမ်းကြပါတယ်။ ဘာ့ကြောင့်ဖြစ်မယ်လို့ ထင်ပါသလဲ။

သူတို့ရဲ့ သိုင်းကွက်အနေအထားအရ နမ်းရှုံ့လို့ မရတာလည်း ဖြစ်နိုင်သလို၊ စိတ်ပါလွန်းအားကြီးပြီးတော့ နမ်းရှုံ့ဖို့ မေ့သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်နေပါစေ၊ ချစ်တင်းနှောနေစဥ်မှာ နမ်းရှုံ့ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် သူ(မ)ရဲ့ လိင်စိတ်တောင့်တမှုကို ပိုမို မြင့်တက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

ကွီးတို့ စကီလေးက ရယ်ဒီမဖြစ်သေးဘဲ ကိုက်ခြင်း

man bitting his gf

တချို့လူတွေက အကိုက်သန်ကြပါတယ်။ သူတို့ စိတ်ပါလာပြီဆိုရင် ကိုက်တော့တာပါပဲ။ ကွီးတို့ရော အကိုက်သန်တဲ့အထဲမှာ ပါပါသလား။ အကိုက်မတော်တဲ့အခါ ကွီးတို့ရဲ့ ချစ်တင်းနှောခြင်း ဖြစ်စဥ်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။

တကယ်လို့ ကွီးတို့ ရှော်တီလေးက ရယ်ဒီမဖြစ်သေးဘဲ၊ တစ်နည်းပြောရရင် လိင်စိတ် တပ်မက်မှု မများသေးတဲ့အချိန်မှာ ကွီးတို့က သွားကိုက်ဆွဲမိမယ်ဆိုရင် သူ(မ)က နာကျင်သွားမှာဖြစ်ပြီး ကြောက်လန့်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ကွီးတို့က အကိုက်သန်တယ်ဆိုရင်တော့ အခြေအနေကို အကဲခတ်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။​

ကွီးတို့ အာရုံကို သူတစ်ခုတည်းမှာပဲ ထားခြင်း

ချစ်တင်းနှော မလုပ်

ဒီနေရာမှာ ပြောချင်တဲ့ “သူ” ဆိုတာကတော့ ကွီးတို့ ရှော်တီလေးရဲ့ ညီမလေးကို ပြောချင်တာပါ။ လူတိုင်းကတော့ လိင်စိတ်တောင့်တမှု များနေတဲ့အချိန်မှာ သူတို့ရဲ့ အာရုံက အဲ့နေရာတစ်ခုတည်းကိုပဲ အာရုံစိုက်မိနေတာ သဘာဝပါပဲ။ ဒါပေမဲ့ ကွီးတို့ကတော့ အဲ့ဒီလိုဖြစ်လို့ မရပါဘူး။ သူ(မ)ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အကုန်လုံးကို အာရုံဖြန့်ကျက်ထားဖို့ လိုအပ်ပါတယ်။ သူ(မ)ရဲ့ ဒူးခေါင်း၊ လက်ကောက်ဝတ်၊ ဝမ်းဗိုက် စတဲ့ နေရာတွေကလည်း သူ(မ)ကို လိင်စိတ်တောင့်တမှု မြင့်တက်လာအောင် လှုံ့ဆော်ပေးနိုင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။

ကွီးတို့ရဲ့ ဘော်ဒီဝိတ်ကို သူ(မ)အပေါ်မှာ ဖိထားခြင်း

ချစ်တင်းနှော မလုပ်

ဒီအချက်ကတော့ ကွီးတို့အတွက်ရော ကွီးတို့ ရှော်တီလေးအတွက်ပါ ရည်ညွှန်းပါတယ်။ ချစ်တင်းနှောနေစဥ်မှာ ကိုယ့်ရဲ့ ခန္ဓာကိုယ် ဝိတ်ကြီးကို သူ(မ)အပေါ်မှာ အလုံးစုံ ပုံအပ်ထားခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။ မတော်လို့ ဘော်ဒီဝိတ်နဲ့ ကွီးတို့ ရှော်တီလေးကို ဖိထားမိမယ်ဆိုရင် သူ(မ)အတွက် အသက်ရှူရတာ ခက်ခဲသွားနိုင်ပြီး လိင်စိတ်တောင့်တမှု လျော့ကျသွားပါလိမ့်မယ်။ ထိုနည်းတူပဲ နမ်းရှုံ့တဲ့အခါမှာလည်း သူ(မ)ရဲ့ ပါးစပ်နဲ့ နှာခေါင်းတို့ကို အလုံးစုံ​ပိတ်ထားပြီး နမ်းရှုံ့တာမျိုးကို ရှောင်ကြဥ်သင့်ပါတယ်။ သူ(မ)ကို အသက်ရှူခွင့် ပေးဖို့ မမေ့ပါနဲ့။

မြန်လွန်းခြင်း (သို့) နှေးလွန်းခြင်း

ချစ်တင်းနှော မလုပ်

ကွီးတို့ရဲ့ အလုံးစုံ​ပြီးမြောက်သွားခြင်း ဖြစ်စဥ်က မြန်လွန်းလို့လည်း မရသလို နှေးလွန်းလို့လည်း မရပါဘူး။ အကောင်းဆုံးကတော့ သူ(မ)က ဘယ်နှမိနစ်လောက် လိုလားသလဲ။ သူ(မ)က ဘယ်နှမိနစ်ပြည့်ရင် ပြီးမြောက်သွားသလဲဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကွီးတို့ရဲ့ Timing ကိုလည်း သူ(မ)နဲ့ ကွက်တိ လိုက်ညှိနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ နို့မဟုတ်ရင်တော့ ၃ မိနစ် ခေါက်ဆွဲပြုတ်ဆိုပြီး အမည်တွင်သွားပါလိမ့်မယ်။ တကယ်လို့ ကွီးတို့က ကြာလွန်းရင်လည်း သူ(မ)က ငြီးငွေ့သွားပါလိမ့်မယ်။​

တိတ်တိတ်ဆိတ်ဆိတ်နေခြင်း

ချစ်တင်းနှော မလုပ်

ချစ်တင်းနှောနေစဥ်မှာ ကွီးတို့က ကိုယ့်ဘာသာကိုယ် ဈာန်ဝင်ပြီး ဘာမှ မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် နေလို့လည်း မရပါဘူး။ ကိုယ် အာရုံလာရင် လာတဲ့အလျောက် ငြီးငြူသံလေးများကို အလိုက်သင့် အသုံးပြုတတ်ဖို့ လိုအပ်ပါလိမ့်မယ်။ သူ(မ) နာမည်ကို ခေါ်ပေးတာမျိုးလည်း ပြုလုပ်သင့်ပါတယ်။ နာမည်တော့ မှားမခေါ်မိဖို့ လိုအပ်တယ်နော်။

ကွီးတို့ရော စကီလေးနဲ့ ချစ်တင်းနှောနေစဥ်မှာ တကူးတကကြီး ရှောင်ကြဥ်လေ့ရှိတဲ့အရာလေးများ ရှိပါသလား။

Source: Timesofindia.indiatimes.com

Featured Image: Lovepanky