လူအများစုက အမှောင်ထဲမှာ ဆိုရင် လိင်စိတ်ပိုကြွတယ်လို့ ပြောကြပါတယ်။ အမှောင်ထုက ရှက်စိတ်တွေကို လျှော့ချပေးနိုင်တာကြောင့်လည်း ပါတာပေါ့။ တကယ်တော့ ချစ်တင်းနှောတဲ့အခါ မီးပိတ်ထားရမလား ၊ ဖွင့်ထားရမလားဆိုတာ ကွီးတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှု ဖြစ်ပေမယ့် မီးဖွင့်ပြီး ချစ်တင်းနှော မယ်ဆိုရင်တော့ အခုပြောပြမယ့် အားသာချက်တွေ ရနိုင်ပါတယ်။

(၁) ဆက်သွယ်ပြောဆိုမှုပိုင်းမှာ ပိုကောင်းစေတယ်

Couple In Bed

Photo : South China Morning Post

မီးဖွင့်ပြီး ချစ်တင်းနှော မယ်ဆိုရင် နှစ်ဦးသားရဲ့ Communication ပိုင်းမှာ သိသိသာသာ ပိုကောင်းတာကို တွေ့ရပါလိမ့်မယ်။ အလင်းထဲမှာ တစ်ယောက်ကိုတစ်ယောက် ရှင်းလင်းစွာ မြင်နိုင်တဲ့အတွက် တစ်ယောက်ရဲ့ နှစ်သက်မှုတွေ ၊ အကြိုက်တွေကို ပိုပြီး ပေါ်လွင်စေမှာ ဖြစ်သလို မျက်နှာအမူအရာ ၊ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေကို ထင်ထင်ရှားရှား မြင်နေရတာကြောင့် စကားလုံးတွေထက် ပိုပြီး နားလည် သဘောပေါက် လွယ်စေမှာ ဖြစ်ပါတယ်။ ဒါက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုကိုပါ တိုးစေပြီး စိတ်ချလုံခြုံမှု ၊ စိတ်ကျေနပ်မှုတွေကို ခံစားနိုင်ပါလိမ့်မယ်။

(၂) ထိခိုက်ဒဏ်ရာ ရနိုင်ခြေနည်းတယ်

Couple In Bed x

Photo : Elite Readers

အမှောင်ထဲမှာ မြင်ကွင်းမရှင်းလင်းတဲ့အတွက် တော်ရုံဆရာကျ ပါတယ်ဆိုတဲ့ သူတွေတောင် မတော်တဆ ထိခိုက်ဒဏ်ရာရတာ ၊ အဆင်မပြေတာတွေ ကြုံရတက်ပါတယ်။ ဒီလိုအခြေအနေတွေကို ရှောင်လွှဲဖို့ ဆိုရင် မီးဖွင့်ပြီးသာ လုပ်ငန်းစလိုက်ပါ။ မီးဖွင့်ထားခြင်းက ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့ လှုပ်ရှားမှုတိုင်းကို ထင်သာမြင်သာ ရှိစေတဲ့အတွက် မတော်တဆ ဒဏ်ရာရတာတွေ ရှိတော့မှာ မဟုတ်ပါဘူး။

(၃) ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်စွမ်းနဲ့ ယုံကြည်မှု တိုးစေတယ်

Couple In Bed

Photo : Patheos

မီးအလင်းထဲမှာ ခန္ဓာကိုယ် ပုံရိပ်တွေဟာ ထင်ထင်ရှားရှား မြင်နေရတယ်ဆိုပေမယ့် ဒါဟာရှက်စရာ မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ် ပုံပန်းအသွင်အပြင်ကို အရှိအတိုင်း လက်မခံပဲ အမှောင်ထုထဲမှာ ဖုံးကွယ်ထားခြင်းဟာ မလိုလားအပ်တဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာ မရှိတဲ့ ခံစားချက်ကို ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီအစား သင်ရော သင့်ပါတနာရဲ့ခန္ဓာကိုယ် ပုံရိပ်ကို အရှိအတိုင်း လက်ခံလိုက်ခြင်းဟာ ဆွဲဆောင်မှု ပိုရှိစေတယ်လို့ ခံစားရမှာဖြစ်သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးစေနိုင်ပါတယ်။

(၄) လိင်စိတ် နိုးကြားတက်ကြွ စေတယ်

Couple In Bed
Photo : Femia

အိပ်ရာထက်မှာ တစ်ယောက်ကိုတစ်ယောက် ရှင်းလင်းစွာ မြင်နေရတာဟာ ရင်ခုန်စရာ ပိုကောင်းသလို လိင်စိတ်နိုးကြား တက်ကြွမှုကိုလည်း ပိုတိုးစေမှာ ဖြစ်ပါတယ်။ အစပိုင်းကတော့ ရှက်စရာကောင်းတယ်လို့ ခံစားရနိုင်ပေမယ့် မယုံမရှိပါနဲ့ အဲ့ဒီခံစားချက်ဟာ မိနစ်အနည်းငယ်လောက်ပါပဲ။ သင်ရောသင့်ပါတနာ နှစ်ဦးလုံးရဲ့ လိင်စိတ်နိုးကြားမှုကို အမြင့်ဆုံးအထိ မြှင့်တက်စေမှာ ဖြစ်ပြီး သာယာပျော်ရွှင်စရာ အခိုက်တန့်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Source : Pulse Nigeria

Featured Photo : Daily Star