အားအပြည့်နဲ့ ချစ်တင်းနှော ပြီး စိတ်သွားတိုင်း ညီလေး ပါဖို့ဆိုရင် ကွီးတို့သည် ကျန်းမာရေးကောင်းပြီး အမောခံနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး အားအင်အပြည့်နဲ့ ချစ်တင်းနှော ဖို့အတွက် အခုဖော်ပြပေးမယ့် အစားအစာများကို မှန်မှန် စားသုံးဖို့လည်း လိုအပ်ပါတယ်။

အခုဖော်ပြပေးမယ့် အစားအစာများနဲ့ ကွီးတို့ အကြိုက် ကိုက် မကိုက်ကို စစ်ဆေးကြည့်ပါဦး။

(၁) မုန်လာဥနီ

healthy food

Photo : Healthline

မုန်လာဥနီမှာ ပါဝင်တဲ့ Carotenoids က လိမ္မော်ရောင်ရောင်ခြယ် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်ပြီး ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ရရှိစေပါတယ်။ ဒါ့အပြင် သုတ်ပိုးအရေးအတွက်ကို မြှင့်တင်နိုင်ဖို့ ကူညီပေးနိုင်ပြီး ရွေ့လျားမှုကိုလည်း ကူညီပေးနိုင်ပါတယ်။

(၂) ပန်းသီး

healthy food

Photo : Healthier Steps

ပန်းသီးကတော့ ကွီးတို့ကို ဆီးကျိတ်ကင်ဆာ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီး စားမယ်ဆိုရင်တော့ အခွံ ခွာစားတာထက် ပန်းသီးကို ရေ သေချာ စင်ကြယ်အောင် ဆေးပြီး ပန်းသီးအခွံပါ စားသုံးသင့်ပါတယ်။ ဒါမှသာလျှင် အာဟာရဓာတ် အပြည့်အဝ ရရှိမှာဖြစ်ပြီး ဆီးကျိတ် ကင်ဆာဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၃) ထောပတ်သီး

ချစ်တင်းနှော မှန်မှန်

Photo : Everyday Health

လိင်အင်္ဂါကျန်းမာရေးအတွက် နေ့စဉ်စားပေးသင့်တဲ့ အစားအစာတစ်ခုကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။ ထောပတ်သီးမှာ အရည်ရွှမ်းသော အိုမီဂါ-၃ နဲ့ ဖက်တီးအက်ဆစ်များ ကြွယ်ဝစွာပါဝင်ပြီး နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ ၎င်းမှာ ဗီတာမင် B6 နှင့် ဖောလစ်အက်ဆစ်တို့လည်း ကြွယ်ဝစွာပါဝင်ပြီး စွမ်းအင်ကို မြှင့်တင်ပေးနိုင်ပါတယ်။ Libido ကိုလည်း တိုးမြှင့်စေပါတယ်။ Libido ကတော့ လူတစ်ဦးရဲ့ အလုံးစုံသော လိင်ပိုင်းဆိုင်ရာ တွန်းအား သို့မဟုတ် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအတွက် ဆန္ဒဖြစ်ပါတယ်။

(၄) ကာဖိန်းဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ ကော်ဖီ

ချစ်တင်းနှော မှန်မှန်

Photo : Select Health

လေ့လာချက်တစ်ခုအရ တစ်နေ့လျှင် ကော်ဖီ ၁ ခွက်မှ ၃ ခွက်လောက် သောက်သုံးသူများသည် ကော်ဖီ မသောက်တဲ့သူတွေထက် ရွှေပန်း ညှိုးနိုင်ခြေ ရာခိုင်နှုန်း နည်းတယ်လို့ လေ့လာသိရှိရပါတယ်။ ကွီးတို့က ကော်ဖီချစ်သူ ဆိုရင်တော့ ရွှေပန်း ညှိုးသွားမှာမျိုးကို ပူစရာမလိုတော့ပါဘူး။

(၅) ဟင်းနုနွယ်

ချစ်တင်းနှော မှန်မှန်

Photo : The Telegraph

ဟင်းနုနွယ်သည် ဖောလိတ်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပြီး သွေးလှည့်ပတ်စီးဆင်းမှုကိုလည်း မြန်ဆန်ကောင်းမွန်စေပါတယ်။ အမျိုးသားထုကြီးရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားဖို့ရန်အတွက် ဖောလစ်အက်ဆစ်ဓာတ်သည် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဖောလစ်အက်ဆစ် ပမာဏ နည်းပါးခြင်းသည် ကွီးတို့ရဲ့ ရွှေပန်းလေး ညှိုးနွမ်းသွားစေတဲ့ အကြောင်းအရင်းများထဲမှ တစ်ခုပဲဖြစ်ပါတယ်။​ဒါ့ကြောင့်မို့လို့ ဟင်းနုနွယ်ကို များများ စားသုံးပေးဖို့ လိုအပ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ အစားအစာများကို မှန်မှန် စားသုံးဖြစ်ရဲ့လား။ အားအင် အပြည့်နဲ့ ချစ်တင်းနှော ချင်တယ်ဆိုရင်တော့ ဒီအစားအစာများကို မှန်မှန် စားဖို့ လိုပါတယ်။

Source : Timesofindia.indiatimes.com

Featured Photo : Freepik