ချစ်တင်းနှော စဥ်မှာ ကွန်ဒုံး အသုံးပြုခြင်းသည် မလိုလားအပ်တဲ့ ရောဂါများ ဝင်ရောက်လာခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများသည် ကုသ ပျောက်ကင်းနိုင်တာလည်း ရှိသလို ကုရာနတ္ထိ ဆေးမရှိတဲ့ ရောဂါတွေက ပိုများပါတယ်။ ဒါ့ကြောင့် ချစ်တင်းနှော စဥ်မှာ ကျန်းမာရေးအကျိုးအတွက် ရည်ရွယ် ကာ ထုတ်လုပ်ထားတဲ့ ကွန်ဒုံး များကို မဖြစ်မနေ အသုံးပြုသင့်တာပဲ ဖြစ်ပါတယ်။

ကွန်ဒုံးများသည် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများအပြင် ကြိုတင် မစီစဥ်ထားဘဲ​ ကလေးရသွားခြင်းမျိုးကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

ချစ်တင်းနှော ဖို့အတွက် ရည်ရွယ် ကာ ထုတ်လုပ်ထားတဲ့ ဦးထုပ် အမျိုးအစား ဘယ်နှမျိုးရှိတယ်လို့ ထင်ပါသလဲ။ ကွီးတို့ သိထားတာကတော့ အမျိုးသားတွေ အသုံးပြုကြတဲ့ ကွန်ဒုံး တစ်ခုတည်းကိုပဲ သိကြပါလိမ့်မယ်။ တကယ်တော့ ကွန်ဒုံးတွေက အများကြီး ရှိပါတယ်။ အမျိုးအစားပေါင်း ၁၅ မျိုးတောင် ရှိတာပါ။

Latex ကွန်ဒုံးများ

Latex

ဒီကွန်ဒုံးတွေကတော့ ရာဘာပင်ကနေရတဲ့ ပစ္စည်းကို အသုံးပြုကာ ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ မမျှော်လင့်ထားဘဲ ကိုယ်ဝန်ရသွားခြင်းမှ ကာကွယ်ပေးတဲ့အပြင် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

Non-Latex ကွန်ဒုံးများ

Non-Latex

စောစောက Latex အမျိုးအစားနဲ့ မတည့်တဲ့ ကွီးတို့ကတော့ Non-Latex ကွန်ဒုံးကို အသုံးပြုနိုင်ပါတယ်။ အာနိသင်ကတော့ အတူတူပါပဲ။ သူလည်းပဲ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှ ကာကွယ်ပေးပြီး မစီစဥ်ထားဘဲ ကိုယ်ဝန်ရသွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ တချို့သော Non-Latex ကွန်ဒုံးများကတော့ သိုးရဲ့ အူနဲ့ ပြုလုပ်ထားတဲ့အတွက်ကြောင့် သားသတ်လွတ် သမားများအတွက်တော့ ရွေးချယ်စရာ မရှိဖြစ်သွားပါလိမ့်မယ်။ သို့သော် ထို သိုးရဲ့ အူနဲ့ ပြုလုပ်ထားတဲ့ Non-Latex ကွန်ဒုံးကျပြန်တော့ သူ့ရဲ့ သဘာဝကြောင့် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများကို မကာကွယ်ပေးနိုင်ပါဘူး။

အတွင်းထဲမှာ အသုံးပြုရတဲ့ ကွန်ဒုံး

ချစ်တင်းနှော ရည်ရွယ်

ဒီကွန်ဒုံးကျတော့ အမျိုးသမီးတွေ အသုံးပြုကြတဲ့ ကွန်ဒုံးတွေပါ။ သူတို့ရဲ့ မိန်းမကိုယ်ထဲ ထည့်ပြီး အသုံး ပြုရတာပဲ ဖြစ်ပါတယ်။ ထိုကွန်ဒုံးတွေသည်လည်း လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှ ကာကွယ်ပေးနိုင်ပြီး ကိုယ်ဝန် ရသွားခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။ ဒီကွန်ဒုံး အသုံးပြုမယ်ဆိုရင် အမျိုးသားတို့က ကွန်ဒုံး အသုံး ပြုစရာမလိုပါဘူး။ ကွန်ဒုံး တစ်မျိုးတည်း အသုံးပြုရင်ပဲ လုံလောက်ပါပြီ။

အမှောင်ထဲမှာ လင်းလက်လာတဲ့ ကွန်ဒုံးများ

ချစ်တင်းနှော ရည်ရွယ်

ဒီကွန်ဒုံးတွေကတော့ တစ်မျိုးလေး ဆန်းနေမှာပါ။ အမှောင်ထဲမှာ ချစ်တင်းနှောမယ်ဆိုရင် လင်းလက်လာတဲ့ ကွန်ဒုံးအမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီကွန်ဒုံး ထုတ်လုပ်တဲ့ ဘရန်းတွေ တော်တော်များများကလည်း FDA လက်မှတ်ရရှိ ထားပြီးသားပါ။ သူတို့ကလည်း ကိုယ်ဝန် ရသွားခြင်းနဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှ ကာကွယ်ပေးနိုင်ပါသေးတယ်။

အမှောင်ထဲမှာ လင်းလာစေချင်ရင်တော့ အသုံး ပြုနည်း မှန်ဖို့လည်း လိုပါသေးတယ်။ အရင်ဦးဆုံး ကွန်ဒုံးကို မဝတ်ခင်မှာ စက္ကန့် ၃၀ လောက် အလင်းရောင်အောက်မှာ ပြထားဖို့ လိုအပ်ပါတယ်။

ဒီကွန်ဒုံးက အလွှာသုံးလွှာ ပါဝင်တဲ့အတွက်ကြောင့် စိတ်ချစွာ အသုံးပြုနိုင်ပါသေးတယ်။

အနံ့မျိုးစုံ ပါတဲ့ ကွန်ဒုံး

ချစ်တင်းနှော ရည်ရွယ်

အချို့သော ကွန်ဒုံး ဘရန်းတွေသည် ပူရှိန်းအရသာ၊ စပျစ်၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ စတော်ဘယ်ရီ၊ ချောကလက် အစရှိတဲ့ အနံ့ အရသာများ ထည့်သွင်းထားတဲ့အတွက် ကွီးတို့ စိတ်ကြိုက် ရွေးချယ်လို့ ရပါတယ်။ FDA လက်မှတ်ရထားတဲ့ အမျိုးအစားတွေကို ရွေးချယ် အသုံးပြုဖို့တော့ လိုအပ်ပါလိမ့်မယ်။

ကွီးတို့ရော ချစ်တင်းနှောနေစဥ်မှာ ဘယ်ကွန်ဒုံးများကို အသုံးပြုပါသလဲ။

Source: Verywellhealth.com

Featured Image: Nhsinform.scot