ချစ်တင်းနှော ပြီးနောက် စာရေးသူတို့ရဲ့ ခန္ဓာကိုယ် သဘာဝအတိုင်း ရုပ်ပိုင်းဆိုင်ရာ ထူးခြားမှု လက္ခဏာအချို့ ပြတက်ပါတယ်။ ဒါဟာ လူတိုင်းကြုံရတဲ့ သဘာဝ ဖြစ်စဉ်တစ်ခုပါ။ ကွီးတို့ ဒီလက္ခဏာတွေနဲ့ ပတ်သတ်ပြီး ဘာမှအရမ်းကြီး စိတ်ပူဖို့ မလိုပါဘူး။ ဒီဆောင်းပါးမှာတော့ ချစ်တင်းနှောပြီးချိန်မှာ လူတိုင်း ကြုံတွေ့ရနိုင်တဲ့ စိတ်ပူစရာမလိုတဲ့ ရုပ်ပိုင်းဆိုင်ရာ ထူးခြားမှု လက္ခဏာအချို့အကြောင်း ပြောပြပေးချင်ပါတယ်။
(၁) သားအိမ်အောင့်ခြင်း
Photo : Grace Obstetrics and Gynecology
အမျိုးသမီးတွေမှာ တစ်ခါတစ်ရံ လိင်ဆက်ဆံပြီးနောက် သားအိမ်အောင့်တဲ့ ဝေဒနာ ခံစားရတက်ပါတယ်။ ဒါဟာ ထိုးသွင်းဆက်ဆံမှု လုပ်ဆောင်ချိန်မှာ မိန်းမကိုယ်အတွင်းဘက် သားအိမ်ရဲ့အောက်ခြေပိုင်းနေရာကို ထိမိတာကြောင့် ယာယီ သားအိမ်အောင့်တဲ့ ဝေဒနာ ဖြစ်ပေါ်တာပါ။ ယေဘုယျအားဖြင့် ချစ်တင်းနှော ပြီးနောက် ၄၅ မိနစ် ကနေ ၁ နာရီအတွင်း သူ့အလိုလို ပြန်သက်သာတက်ပါတယ်။ အကယ်၍ နာရီနဲ့ချီ သားအိမ်နေရာက ဆက်အောင့်နေတယ် ၊ မိန်းမကိုယ်ကနေ သွေးဆင်းတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသဖို့ လိုပါတယ်။
(၂) လိင်အင်္ဂါနဲ့ တင်ပါးဆုံတဝိုက် နာကျင်ခြင်း
Photo : Steinberg Urology
ဒီပြဿနာက အမျိုးသမီးတွေမှာ အဖြစ်များပြီး တစ်ခါတစ်ရံ အမျိုးသားတွေလည်း ဖြစ်တက်ပါတယ်။ ချစ်တင်းနှော ပြီးနောက် မိန်းမကိုယ်/လိင်တံနဲ့ တင်ပါးဆုံတဝိုက် ကြွက်သားတွေ နာကျင်ကိုက်ခဲတာဟာ ကြမ်းတမ်းတဲ့ ဆက်ဆံမှု ပုံစံတွေကြောင့် ဖြစ်နိုင်သလို ချောဆီ မလုံလောက်တာ ၊ အချိန်အကြာကြီး ဆက်ဆံတာ စတဲ့ အကြောင်းအရင်းတွေကြောင့် လိင်အင်္ဂါနဲ့ တင်ပါးဆုံတဝိုက်မှာ ယာယီ နာကျင်ကိုက်ခဲမှု ဝေဒနာ ခံစားရတာ ဖြစ်ပါတယ်။
(၃) အသားအရေ နီမြန်းခြင်း
Photo : Jacksonville Beach Dermatology
ချစ်တင်းနှောပြီးနောက် မျက်နှာ ၊ လည်ပင်းနဲ့ ရင်ဘတ်လို အရေပြားဧရိယာတွေမှာ ပုံမှန်ထက်ပိုပြီး အသားအရေဟာ ပန်းရောင်သမ်းပြီး နီမြန်းနေတာကို တွေ့ရတက်ပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး ကွီးတို့ စိတ်ပူစရာ မလိုပါဘူး။ ဒီလိုအသားအရေ နီးမြန်းတာဟာ လိင်ဆက်ဆံနေစဉ်အတွင်းမှာ ခန္ဓာကိုယ်အတွင်း သွေးစီးဆင်းမှု တိုးလာတာကြောင့် ဖြစ်ပါတယ်။
(၄) ဆီးလမ်းကြောင်းပိုးဝင်ခြင်း
Photo : Touchwood Pharmacy
ချစ်တင်းနှော ပြီးနောက်မှာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာဟာ တော်တော်လေး အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များတာ တွေ့ရတက်ပါတယ်။ လိင်ဆက်ဆံနေချိန်အတွင်းမှာ မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းအတွင်း ဘက်တီးရီးယားပိုးတွေ ဝင်ရောက်ရာကနေ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာ ဖြစ်ပေါ်တာပါ။ ဆီးလမ်းကြောင်းပိုးဝင်တဲ့ အခြေအနေဟာ ပုံမှန်အားဖြင့်တော့ အရမ်းကြီး စိုးရိမ်စရာမလိုပါဘူး။ ဆီးမကြာခဏသွားတာ ၊ ဆီးသွားချိန်မှာ ပူစပ်ပူလောင် ခံစားရတာ ၊ ဆီးသွားချင်ပေမယ့် ဆီးနည်းနည်းပဲထွက်တာ စတဲ့ လက္ခဏာတွေ ကြုံရတက်ပါတယ်။ အကယ်၍ ရောဂါလက္ခဏာတွေ ပိုမိုပြင်းထန်လာတယ် ၊ ဆီးစွန့်ချိန်မှာ သွေးစတွေ ပါလာတယ် ၊ ဆီးအနံ့ဆိုးထွက်လာတယ် ၊ ခါးနဲ့ တင်ပါးဆုံတဝိုက် ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲလာတယ် စတဲ့ လက္ခဏာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသဖို့ အကြံပေးချင်ပါတယ်။
Source : Lifehacker
Featured Photo : Yahoo