ကွီးတို့သည် ကိုယ့်ရဲ့ ရှော်တီလေးနဲ့ ချစ်တင်းနှော ဖို့ရန်အတွက် ရယ်ဒီ ဖြစ် မဖြစ်ကို ဘယ်လို လက္ခဏာတွေက ဖော်ပြနေသလဲဆိုတာကို ကွီးတို့ သိပြီးပါပြီလား။

ကွီးတို့ရဲ့ ရှော်တီလေးက ချစ်တင်းနှော ဖို့ရန်အတွက် ရယ်ဒီ မဖြစ်သေးတဲ့အခါမှာ ကွီးတို့သည် သူတို့ရဲ့ ဆန္ဒကို လေးစားတဲ့အနေနဲ့ သူတို့ကို အချိန်ပေးဖို့ လိုအပ်ပါတယ်။ ခွင့်မပြုလို့ ဆိုပြီးတော့ သူ(မ)ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ပြောဆို ပြုမူတာမျိုးကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။

တကယ်လို့ ကွီးတို့ရဲ့ ရှော်တီလေးက ချစ်တင်းနှော ဖို့ရန်အတွက် ရယ်ဒီ မဖြစ်သေးဘူးဆိုရင်တော့ အခုလို လက္ခဏာများတွေကို မြင်တွေ့ရပါလိမ့်မယ်။

ကွီးတို့နဲ့ အကြည့်ချင်းဆုံဖို့ ရှောင်ဖယ် ရှောင်ဖယ် လုပ်နေမယ်

ကွီးတို့နဲ့ အကြည့်ချင်းဆုံဖို့ ရှောင်ဖယ် ရှောင်ဖယ် လုပ်နေမယ်

ကွီးတို့ရဲ့ ရှော်တီလေးက ချစ်တင်းနှောဖို့ အကြောင်းကို ကွိးတို့ အစပြုလိုက်တဲ့အချိန်တိုင်းမှာ သူ(မ)ရဲ့ မျက်လုံးတွေက ကွီးတို့နဲ့ အကြည့်ချင်း မဆုံတော့တဲ့အခါမျိုး၊ ဒါမှမဟုတ် အပြုံးတုမျိုးနဲ့ ဟန်ဆောင် ပြုံးနေတဲ့အခါမျိုး၊ ဒါမှမဟုတ် မျက်မှောင်ကြီး ကြုတ်လိုက်တဲ့အခါမျိုးတွေမှာ သူ(မ)သည် ကွီးတို့နဲ့ ချစ်တင်းနှော ချင်စိတ် မရှိသေးကြောင်း ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

သူ(မ)ရဲ့ အသံကို နားထောင်ပါ

ချစ်တင်းနှော ရယ်ဒီ

သူ(မ)သည် ချစ်တင်းနှောခြင်းကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု မရှိဘူး၊ မသေမချာ မရေရာဖြစ်နေတယ်၊ ကြောက်စိတ်ဝင်နေတယ်ဆိုရင် သူ(မ)နဲ့ ချစ်တင်းနှောခြင်းသည် ကောင်းတဲ့ အကြံတစ်ခုတော့ မဟုတ်ပါဘူး။ မသေချာ မရေရာသလို ဖြစ်နေခြင်းက တစ်ချိန်ချိန်မှာ သူ(မ)သည် နောင်တရသွားနိုင်ကြောင်း ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သိပ္ပံနည်းကျ လေ့လာထားချက်အရ အမျိုးသမီးများသည် ချစ်တင်းနှောချင်စိတ် ပေါ်လာတဲ့အခါ သူ(မ)ရဲ့ အသံက အလိုလို တိုးဝင်သွားတတ်ကြောင်း ဖော်ပြထားပါတဘ်။

သူ(မ)ရဲ့ အပြုအမူကို သတိထားပါ

ချစ်တင်းနှော ရယ်ဒီ

တကယ်လို့ ကွီးတို့ရဲ့ ပါတနာက အယ်လ်ကိုဟောကြောင့် မူးဝေနေတဲ့အခါမျိုးမှာ သူ(မ)ကို အခွင့်ကောင်း ယူတာမျိုး မပြုလုပ်သင့်ပါတယ်။ သူ(မ)က ရုန်းနေပြီ၊ မကြည်ဖြူတာမျိုး ပြုလုပ်တဲ့အခါမျိုးမှာ ကွီးတို့က လူကြီးလူကောင်း ပီသစွာနဲ့ သူ(မ)ရဲ့ ဆန္ဒကို ဦးစားပေးဖို့ လိုအပ်ပါတယ်။ ဘယ်လောက်ပဲ ချစ်သူတွေ ဖြစ်နေပါစေ၊ အရက်မူးတာကို အခွင့်ကောင်းယူပြီး တစ်ဖက်လူ ဆန္ဒမပါဘဲ အတင်း အဓ္ဓမလုပ်ယူခြင်းသည် ကာမ အကြမ်းဖက်မှု မြောက်ပါတယ်။

သူ(မ)က ဘာသာတရား ကိုင်းရှိုင်းသူတစ်ယောက်လားဆိုတာကို ခွဲခြားသိပါ

ချစ်တင်းနှော ရယ်ဒီ

သူ(မ)ရဲ့ စကား အသွားအလာတွေကို နားထောင်ကြည့်လိုက်ရုံနဲ့ သူ(မ)သည် ဘာသာရေး ကိုင်းရှိုင်းသူတစ်ယောက်လားဆိုတာကို ကွီးတို့ သိရှိနိုင်ပါတယ်။ သူ့ရဲ့ စကား အသွားအလာကနေ အိမ်ထောင်သည်ဘဝ ရောက်မှ ချစ်တင်းနှောဖို့ လိုလားတယ်ဆိုရင်လည်း သူ(မ)ရဲ့ ဆန္ဒကို ဦးစားပေးရမှာဖြစ်ပါတယ်။ ဘယ်လောက်ပဲ ပွင့်လင်း မြင်သာတဲ့ ခေတ်ရောက်နေပါစေ၊ ဘာသာရေး ဆိုဆုံးမမှုတွေကို လိုက်နာတဲ့သူတွေလည်း ရှိတာကို မေ့မထားသင့်ပါဘူး။

ဒီလိုအချက်တွေ၊ လက္ခဏာတွေကို ကြုံတွေ့ရမယ်ဆိုရင်တော့ ကွီးတို့သည် ကိုယ့်ရှော်တီရဲ့ ဆန္ဒကို အလေးပေးရမှာ ဖြစ်ပါတယ်။

ကွီးတို့ရဲ့ ဘော်ဒါအပေါင်းက တွန်းအားပေးလို့ မဖြစ်မနေ ချစ်တင်းနှောရမယ် ဆိုတဲ့ စိတ်ကြီးကိုလည်း ဖယ်ရှားပစ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဘော်ဒါတွေကတော့ အသီးသီး ရှော်တီလေးနဲ့ ချစ်တင်းနှော နေတာကို အားကျစိတ် ဝင်နေတာမျိုးကိုလည်း ရှောင်သင့်ပါတယ်။

ကွီးတို့ရှော်တီလေးဆီမှာရော အခုဖော်ပြသွားတဲ့ လက္ခဏာများ မြင်ရပါသလား။

Source: Wikihow

Featured Image: Thepowermoves