ချစ်တင်းနှော နေစဉ်အချိန်အတွင်းမှာ ဘာအသံမှမထွက်ပဲ ရေငုတ်နှုတ်ပိတ် အသံတိတ်နေမယ်ဆိုရင် တော်တော်လေး ငြီးငွေ့စရာ ကောင်းနိုင်ပါတယ်။ သင်နဲ့ သင့်ပါတနာကြားမှာ ပွင့်လင်းရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ချင်တယ် ၊ ပျော်ရွှင်ဖွယ်ရာ လိင်မှုဘဝ အတွေ့အကြုံကို ခံစားရရှိချင်တယ်ဆိုရင်တော့ တုံ့ပြန်မှုတွေပေးဖို့ မရှက်သင့်ပါဘူး။
Photo : Business Insider
စုံတွဲအများစုက ချစ်တင်းနှော နေစဉ်အတွင်း သူတို့ရဲ့ လိုအင်ဆန္ဒတွေ ၊ ကြိုက်နှစ်သက်မှုတွေ ၊ ခံစားမှုတွေအကြောင်းကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖို့ ရှက်ရွံ့ကြပါတယ်။ သို့သော် ဒီလို တုံ့ပြန်မှုတွေဟာ ပျော်ရွှင်စရာကောင်းပြီး ကျန်းမာတဲ့ လိင်မှုဘဝရဲ့ မရှိမဖြစ်တဲ့ အစိတ်အပိုင်း တစ်ခုဆိုတာ မေ့မထားသင့်ပါဘူး။
တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းစွာ ဆက်သွယ်ပြောဆိုမှုရှိမှ ၊ တုံ့ပြန်မှုတွေ ပေးနိုင်မှသာ အပေးအယူမျှမျှနဲ့ ပိုပြီး သာယာပျော်ရွှင်ဖွယ် အတွေ့အကြုံကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ချစ်တင်းနှော နေစဉ်အတွင်းမှာ လုံးဝကြီး အသံတိတ်ဆိတ်နေမယ် ၊ ကောင်းခြင်းမကောင်းခြင်း Feedback တစ်စုံတစ်ရာ မပေးဘူး ၊ ချမ်းမွမ်းစကားတွေ မပြောပေးဘူးဆိုရင် ခံစားချက်မပဲတဲ့ Sex သက်သက် ၊ စက်ရုပ်လူသားဆန်ဆန် ဆက်ဆံရေးတစ်ခုဆီ ဦးတည်သွားနိုင်ပါတယ်။
ဒါကြောင့် ချစ်တင်းနှောတဲ့အခါ နှုတ်ပိတ် တိတ်ဆိတ်မနေပဲ အသံထွက်ပေးပါ။ ကိုယ့်ပါတနာကို ချီးမွမ်းစကားလေးတွေ ပြောပေးပါ။ ညည်းညူတာ ဒါမှမဟုတ် မျက်လုံးချင်းဆုံပြီး ရင်ခုန်ခြင်း ချစ်ခြင်းသံစဉ်တွေကို ပိုမိုအရှိန်မြှင့်တင်ပေးပါ။ နောက်တစ်ချက်ကတော့ ချစ်တင်းနှော နေစဉ်အတွင်း နှစ်ဦးလုံးအတွက် သက်တောင့်သက်သာ မဖြစ်မှုတွေ ၊ နာကျင်မှု ခံစားရတာတွေ ရှိရင်လည်း နှုတ်ဆိတ်မနေပဲ ပွင့်လင်းစွာ ထုတ်ဖော်ပြောပြပါ။
Photo : What to Expect
ဒီလို ကိုယ်နဲ့ ကိုယ့်ပါတနာကြား အကောင်းအဆိုး အားလုံးကို ပွင့်လင်းရင်းနှီးစွာ ဆက်သွယ်ပြောဆိုနိုင်ဖို့က အရေးကြီးပါတယ်။ ဒါမှလည်း အပေးအယူမျှတပြီး ပျော်ရွှင်ကြည်နူးဖွယ် လိင်မှုဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
Source : Lifehacker
Featured Photo : CNN