ကွီးတို့ရဲ့ ရှော်တီလေးနဲ့ ချစ်တင်းနှော ဖို့ အစီအစဥ်ရှိတယ်ဆိုရင် ချစ်တင်းမနှောခင်မှာ ရှင်း စရာ ရှိတာတွေကို သေချာ ရှင်းထားဖို့ လိုအပ်ပါတယ်။ ရှင်းစရာဆိုတဲ့ ကိစ္စတွေဆိုတာကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ကျန်းမာရေး ပြဿနာလည်း ဖြစ်နိုင်သလို နောက်ရည်းစား၊ ရှေ့ရည်းစား ပြဿနာ အကုန်လုံးကို ဖြေရှင်းသင့်ပါတယ်။ နို့မဟုတ်ရင်တော့ ကွီးတို့ နှစ်ယောက်စလုံး အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ပြီး နစ်နာစရာတွေ ဖြစ်ကုန်ပါလိမ့်မယ်။
ဒါဆိုရင် ချစ်တင်းနှော ဖို့ မပြင်ခင်မှာ ဘယ်လို ပြဿနာများကို ကြိုတင် ဖြေ ရှင်း ထားသင့်တယ်လို့ ထင်ပါသလဲ။
လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ရှိ မရှိ စစ်ဆေးပါ
STI ရဲ့ အရှည်ကောက်ကတော့ Sexually Transmitted Infection ဖြစ်ပြီး အရေပြား ထိတွေ့မှုကနေတဆင့် ကူးစက်နိုင်သလို Oral Sex ၊ Vaginal Sex (သို့) Anal Sex ဖြင့် ချစ်တင်းနှော နေစဥ်အတွင်းမှာလည်း ခန္ဓာကိုယ်မှ ထွက်ရှိတဲ့ အရည်ကနေတဆင့် ကူးစက်တတ်ပါတယ်။
အရေပြား ထိတွေ့မှုကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါများကတော့ ရေယုန်၊ HPV နဲ့ ကာလသားရောဂါတို့ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်မှ ထွက်ရှိတဲ့ အရည်ကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါများကတော့ ခလိုင်မီးယား (Chlamydia) ၊ ဆီးပူညောင်းကျရောဂါ၊ အသည်းရောင် အသားဝါ အေ ဘီ စီ၊ ရေယုန်၊ ခုခံအား ကျဆင်းတဲ့ HIV နှင့် Trichomoniasis အစရှိတဲ့ ရောဂါများပဲဖြစ်ပါတယ်။
ခုခံအား ကျဆင်းတဲ့ ရောဂါကတော့ ကုရာနတ္ထိ ဆေးမရှိတာကြောင့် ဖြစ်မလာခင်မှာ ကြိုတင် ကာကွယ် တားဆီးထားတာ အကောင်းဆုံးပါပဲ။ ကံအကောင်း အကြောင်းမလှလို့ ကူးစက်ခံရသည် ရှိခဲ့သော် စိတ်ဓာတ်ကျနေလို့လည်း မရပါဘူး။ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ပြုမူနေထိုင်မယ်ဆိုရင် သာမန် လူတစ်ယောက်ကဲ့သို့ နေထိုင်နိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကွီးတို့ နှစ်ယောက်စလုံးသည် သူ့ဆီက ကူးတာ၊ သူ့ကြောင့်၊ ငါ့ကြောင့် အစရှိတဲ့ ပြစ်တင်ခံနေရတဲ့အဖြစ် (သို့) အပြစ်တင်မယ့် အဖြစ်မျိုး မဖြစ်ဖို့ရန်အတွက် အပျော်အပါး လိုက်စားတာမျိုးကို ရှောင်ကြဥ်သင့်ပြီး နှစ်ဦးစလုံးသည် ထိုရောဂါများ မရှိကြောင်းကို သေချာစွာ စစ်ဆေးထားဖို့ လိုအပ်ပါတယ်။
စမ်းသပ်စစ်ဆေးမှုပိုင်းနဲ့ ပတ်သက်လာခဲ့ရင်
ကွီးတို့နှစ်ယောက်စလုံးက ချစ်တင်းနှော တဲ့အခါမှာ သံသယ ရှင်း ရှင်းနဲ့ ချစ်တင်းနှောချင်တယ်ဆိုရင်တော့ စမ်းသပ်စစ်ဆေးမှု ခံယူဖို့ လိုအပ်ပါတယ်။ စမ်းသပ် စစ်ဆေးမှု ခံယူတဲ့အခါ အဓိက မေးခွန်း (၃) ချက်ကို စဥ်းစားသင့်ပါတယ်။
(၁) ဘယ်လိုမျိုး စမ်းသပ်စစ်ဆေးမှုကို ခံယူမှာလဲ
(၂) ဘယ်နေရာမျိုးမှာ စမ်းသပ် စစ်ဆေးမှာလဲ
(၃) ဆရာဝန်တွေ တတ်ကျွမ်းနားလည်သူတွေက ဘယ်လိုနည်းလမ်းနဲ့ စစ်ဆေးမှာလဲ
ပထမ မေးခွန်းအတွက် အဖြေကတော့
ကွီးတို့ ဘယ်လို နည်းလမ်းနဲ့ စစ်ဆေးမှု ခံယူရမလဲဆိုတာကတော့ ကွီးတို့ ချစ်တင်းနှော ခဲ့ဖူးတဲ့ ရာဇဝင်နဲ့ သက်ဆိုင်ပါလိမ့်မယ်။
ဥပမာ ကွီးတို့က ချစ်တင်းနှော တဲ့အခါ ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းကို အများဆုံး သုံးဖြစ်သလဲ။ ဥပမာ ကွီးတို့ရဲ့ လိင်တံ၊ ကွီးတို့ ပါတနာရဲ့ မိန်းမကိုယ်၊ ပါးစပ်၊ တင်းပါး၊ စအို အစရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပေါ် မူတည်ပြီးလည်း စစ်ဆေးမှု အမျိုးအစားများက ပြောင်းလဲသွားတတ်ပါတယ်။
ကွီးတို့ ပါတနာရဲ့ ချစ်တင်းနှော တဲ့ ရာဇဝင်ကို ကွီးတို့က နှိုက်နှိုက်ချွတ်ချွတ် မသိဘူးဆိုရင်လည်း ကိုယ့်ဘက်က စိတ်ချရအောင် ဆေးစစ်ခိုင်းသင့်ပါတယ်။
ဒုတိယ မေးခွန်းအတွက် အဖြေကတော့
ကွီးတို့အနေနဲ့ ဘယ်နေရာမှာ စစ်ဆေးမလဲဆိုတာသည်လည်း ထည့်သွင်းစဥ်းစားရမယ့် အချက်တစ်ခုပါပဲ။ ကြိုတင် ဘိုကင် ချိတ်ထားပြီးမှ စစ်ဆေးမလား၊ ဒါမှမဟုတ် လမ်းကြုံတဲ့အချိန်မျိုးမှာ ဆေးရုံ၊ ဆေးခန်းထဲ တိုက်ရိုက် သွားပြီး စစ်ဆေးမလား၊ ဒါမှမဟုတ် ကိုယ့်ဘာသာ အိမ်မှာ စစ်ဆေးမလားဆိုပြီး ရွေးချယ်စရာ (၃) မျိုးရှိပါတယ်။
တတိယ မေးခွန်းအတွက် အဖြေ
ဆရာဝန်တွေက ကွီးတို့ရဲ့ လက်ချောင်းထိပ်ကနေ သွေး ဖောက်ထုတ်မှာလည်း ဖြစ်နိုင်သလို ပါးစပ်ထဲကနေ အရည်တွေ ထုတ်ယူပြီး စစ်ဆေးတာမျိုးလည်း ရှိပါတယ်။ ဒါမှမဟုတ် ဆီးနမူနာ ရယူတာမျိုးလည်း လုပ်ကြပါတယ်။ တချို့ကျတော့ ချစ်တင်းနှောစဥ် ထိတွေ့မှုရှိတဲ့ နေရာကနေတဆင့် စစ်ဆေးမှု ပြုလုပ်ကြပါတယ်။
ဘယ်လိုနည်းလမ်းနဲ့ပဲ စစ်ဆေးမှုကို ရယူပါစေ ကွီးတို့ သိရှိလိုသမျှကို ဆရာဝန်ထံ သေချာ မေးမြန်းတာကတော့ အကောင်းဆုံးပါပဲ။
ကွီးတို့ရော ကိုယ့်ရှော်တီလေးနဲ့ ချစ်တင်းနှော ဖို့ရန်အတွက် ပြဿနာတွေ သေချာ ရှင်း ပြီးမှ ချစ်တင်းနှောရဲ့လား။
Source: Healthysexuals
Featured Image: Samedaystdtesting