နူးနှပ်ပွတ်သပ်ရတဲ့ Foreplay အဆင့်မှာ လက်သိုင်း ကျွမ်းကျွမ်းကျင်ကျင် သုံးတက်တယ်ဆိုရင် သင့်ပါတနာကို ခံစားမှု ကောင်းကောင်းပေးနိုင်မှာ ဖြစ်သလို လိင်စိတ်နိုးကြားမှုကို အဆုံးထိ မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး အထွတ်အထိပ် ခံစားမှုဆီ ခေါ်ဆောင်သွားပေးနိုင်မှာ ဖြစ်ပါတယ်။ နှစ်ဦးလုံး သာယာကျေနပ်ဖွယ် လိင်မှုဆိုင်ရာခံစားမှုကို ရရှိခံစားနိုင်ဖို့ဆိုရင် လက်သိုင်းပြတက်ဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ ဒီတစ်ခေါက်တော့ Foreplay အဆင့်မှာ ကွီးတို့ရဲ့ လက်တွေကို အသုံးပြုပြီး ပါတနာရဲ့ ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်း နေရာတွေကို နှိုးဆွလှုံ့ဆော်ပေးသင့်လဲဆိုတာ ပြောပြပေးပါမယ်။

(၁) ဦးခေါင်းကနေ နားအနောက်ဘက် နေရာကို နှိပ်နယ်ပေးပါ

 Foreplay

Photo : WMH India

Foreplay အဆင့်မှာ သင့်လက်တွေကို အသုံးပြုပြီး ပါတနာရဲ့ ဦးခေါင်းနဲ့ နားအနောက်ဘက် နေရာတဝိုက်ကို ညင်သာစွာ နှိပ်နယ်ပေးလိုက်ပါ။ လက်တွေကို တဖြည်းဖြည်းချင်း ရွေ့လျားနှိပ်နယ်ပေးတာဟာ သင့်ချစ်သူ ပါတနာရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို သက်တောင့်သက်သာ ပိုဖြစ်စေသလို ပွတ်သပ်နှိပ်နယ်ခြင်းကနေ လိင်စိတ်ခံစားချက်တွေ တဖြည်းဖြည်းချင်း နိုးကြားလာဖို့ နှိုးဆွပေး နိုင်ပါတယ်။

(၂) လည်ပင်းနဲ့ ညှပ်ရိုးတဝိုက်ကို ပွတ်သပ်လှုံ့ဆော်ပါ

 Foreplay

Photo : Nona Woman

မိန်းကလေးတွေရဲ့ လိင်စိတ်ခံစားမှုကို နှိုးဆွလှုံ့ဆော်ပေးဖို့ ဆိုရင် လည်ပင်းနဲ့ ညှပ်ရိုးတဝိုက်ကို မေ့ထားလို့ မရပါဘူး။ ပါတနာရဲ့ လည်တိုင်ကို ခပ်ဖွဖွ အနမ်းတွေပေးပြီး လက်တွေနဲ့ ပွတ်သပ်လှုံ့ဆော် ပေးနိုင်ပါတယ်။ လည်တိုင်ကနေ တဖြည်းဖြည်းချင်း အောက်ကိုဆင်းပြီး ညှပ်ရိုးနေရာကို ပွတ်သပ်နမ်းရှုတာဟာလည်း လိင်စိတ်ခံစားချက်တွေ တဖွားဖွား မြှင့်တက်လာစေဖို့ ကူညီပေးနိုင်ပါတယ်။

(၃) ရင်ညွှန့်နေရာကို လက်နှစ်ဖက်လုံး အသုံးပြုပြီး နှိုးဆွပါ

 Foreplay

Photo : Times Applaud

မိန်းကလေးတွေရဲ့ ရင်ညွှန့်နေရာဟာ လက်သိုင်း ကောင်းကောင်းပြဖို့လိုတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုပါပဲ။ မိန်းကလေးတွေရဲ့ ရင်ညွှန့်နေရာကို လက်နဲ့ နှိုးဆွလှုံ့ဆော်မယ်ဆိုရင် အဓိကလိုက်နာရမယ့် လျို့ဝှက်ချက်တစ်ခုက လက်နှစ်ဖက်လုံးကို အသုံးပြုပြီး လက်အစုံလိုက် ပွတ်သပ်ရွေ့လျား ကိုင်တွယ်နှိုးဆွ ပေးဖို့ပါ။ ဒီလို လက်အစုံလိုက် အသုံးပြုပြီး နှိုးဆွပေးတာဟာ ခံစားမှုပိုကောင်းသလို လိင်စိတ်နှိုးကြားမှု တဟုန်ထိုး မြင့်တက်လာစေမှာ ဖြစ်ပါတယ်။

(၄) ဝမ်းဗိုက်နဲ့ ပေါင်တံကို ထိတွေ့ပွတ်သပ်ပါ

 Foreplay

Photo : ABC

တဖြည်းဖြည်းချင်း ရင်ခုန်ဖို့ ပိုကောင်းတဲ့ အပိုင်းကို ခေါ်ဆောင်သွားပေးရမှာပါ။ ရင်ညွှန့်နေရာကို နှိုးဆွပေးပြီးပြီ ဆိုရင်တော့ အောက်ကိုဆက်ဆင်းပြီး ဗိုက်သားပြင်လေးနဲ့ ပေါင်တံနေရာလေးတွေကို ဆက်လက် ထိတွေ့ပွတ်သပ် ပေးရမှာ ဖြစ်ပါတယ်။ ဝမ်းဗိုက်ကနေ ဖြည်းဖြည်းချင်း လက်တွေကို ရွေ့လျားပြီး ပါတနာရဲ့ ခန္ဓာကိုယ်အနောက်ကနေ သိုင်းဖက်ကာ ပေါင်သားတွေကို ပွတ်သပ်နှိုးဆွပေး ရမှာပါ။ ပေါင်တံအတွင်းဘက် ဧရိယာဟာ လိင်စိတ်ခံစားမှုတွေ တဟုန်ထိုး နိုးကြားလာစေမယ့် အဓိကနေရာ တစ်ခုဖြစ်သလို တီကောင်ဆားပတ်သလို ထွန့်ထွန့်လူးပြီး နေမထိထိုင်မသာ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ သင့်အနေနဲ့ ညင်သာနူးညံ့တဲ့ ထိတွေ့ပွတ်သပ်မှုတွေနဲ့ တစ်ကွက်ချင်းရွေ့ကာ လက်သိုင်း ပြပေးဖို့ အရေးကြီးပါတယ်။

ချစ်တင်းနှောချိန်မှာ အခုပြောပြခဲ့တဲ့ သင့် ပါတနာရဲ့ ခန္ဓာကိုယ်ပေါ်က အစိတ်အပိုင်း နေရာတွေကို နှိုးဆွလှုံ့ဆော် လက်သိုင်း ပြခြင်းဖြင့် အိပ်ရာထက်က စွဲမက်စရာ လက်သိုင်း ကျွမ်းကျင်တဲ့ ဆရာကြီးတစ်ပါး ဖြစ်နိုင်ပါပြီ။

Source : My Fit Brain

Featured Photo : Noble Marriage