ချစ်တင်းနှော ဖို့ စကီလေးက အနားမှာ မရှိလို့ လက် သိုင်း ကျင့် ဖို့ပဲ ရွေးချယ်လိုက်ရတဲ့ ဘော်ဒါတို့ သိထားသင့်တဲ့အချက်လေးတွေ ရှိပါတယ်။ ဒီအချက်များကို သိထားမှသာလျှင် ကွီးတို့အတွက် ကျန်းမာရေးအတွက်လည်း စိတ်ချရပြီး အထွတ်အထိပ်သော သာယာပျော်ရွှင်မှုကို ခံစားနိုင်မှာပါ။

အရှိန်လျော့ပါ

အရှိန်လျော့ပါ

အမျိုးသားထု တစ်ရပ်လုံး နီးပါက လက်သိုင်းကျင့်တဲ့အခါ အရှိန်မြန်မြန်နဲ့ မြန်မြန်ဆန်ဆန် ပြီးမြောက်အောင် ကျင့်ကြံကြပါတယ်။ ဒါပေမဲ့ ဒီလို ပြုလုပ်တာက မှားယွင်းနေတယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ မြန်မြန်ဆန်ဆန် ပြီးမြောက်ဖို့ ကြိုးစားရင်းနဲ့ စကီလေးနဲ့ ချစ်တင်းနှောတဲ့အခါမှာလည်း အကျင့်ပါသွားပြီး မြန်မြန်ဆန်ဆန်ပဲ ပြီးသွားပါလိမ့်မယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ စကီလေးနဲ့ ချစ်တင်းနှော တဲ့အခါ အချိန် ဘယ်လောက် ကြာနိုင်သလဲဆိုတာကို စဥ်းစားကြည့်ပြီး လက် သိုင်း ကျင့် တဲ့အခါမှာလည်း ထိုကြာချိန်အတိုင်း ကျင့်သုံးဖို့ လိုပါလိမ့်မယ်။ ဥပမာ ကွီးတို့က ၁၀ မိနစ် ကြာချင်တယ်ဆိုပါစို့။ ဒါဆိုရင် လက်သိုင်း ကျင့်တဲ့အခါမှာလည်း ၁၀ မိနစ် ကြာအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။

နည်းလမ်းပြောင်းလဲပါ

ချစ်တင်းနှော လက် ကျင့်

လက် အနေအထား တစ်ခုတည်း ပြုလုပ်ထားမယ်၊ စည်းချက်ကိုလည်း တစ်သတ်မှတ်ထား ထားမယ့်အစား အပြောင်းအလဲလေး ပြုလုပ်ကြည့်လိုက်ပါ။ အရှိန်ကို အနှေး အမြန် ပြောင်းကြည့်တာမျိုး၊ စည်းချက်ကိုလည်း အနှေးအမြန် ပြောင်းလဲကြည့်တာမျိုး ပြုလုပ်ကြည့်ပါ။ ဒါဆိုရင်တော့ ကွီးတို့လည်း မတူညီတဲ့ ခံစားချက်ကို ခံစားရမှာပဲဖြစ်ပါတယ်။

ဒီလိုမျိုး လက်သိုင်းကျင့်တာက ကွီးတို့ ကျန်းမာရေးအတွက် ကောင်းမွန်တယ် ဆိုတာရော သိပြီးပါပြီလား။

လက်သိုင်းကျင့်ခြင်းကြောင့် ကွီးတို့ ခံစားရရှိမယ့် အကျိုးကျေးဇူးများကတော့

ချစ်တင်းနှော လက် ကျင့်

လိင်စိတ် တပ်မက်မှုကြောင့် ပါတနာရဲ့ ရှေ့မှာ ပါဖောမန့်စ်ကောင်းအောင် လုပ်ပြနေစရာမလိုတဲ့အတွက်ကြောင့် လိင်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုများ မရှိခြင်း။

လိင်ဆက်ဆံတာမျိုး မရှိဘဲ တစ်ယောက်တည်း လှုပ်ရှားတာဖြစ်တဲ့အတွက် လိင်မှကူးစက်တတ်တဲ့ ရောဂါများ မခံစားရခြင်း။

စိတ်ဖိစီးမှုများ လျော့နည်းသွားခြင်း။

ညဘက်မှာ ကောင်းကောင်းမွန်မွန်နဲ့ နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း။

စိတ်ခံစားချက်များ ပိုမိုကောင်းမွန်လာခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ခံစားရစေပါတယ်။

ဒီလို အကျိုးကျေးဇူးများကြောင့် ပုရိသတွေက လက်သိုင်းကျင့်ခြင်းကို နှစ်သက်ကြတာပဲဖြစ်ပါတယ်။

ကွီးတို့ရော လက်သိုင်းကျင့်ရတာကို နှစ်သက်ခုံမင်ရဲ့လား။ လက်သိုင်းကျင့်တာနဲ့ ချစ်တင်းနှောခြင်း နှစ်မျိုးဆိုရင် ကွီးတို့က ဘယ်အရာကို ပိုအားသန်ပါသလဲ။

Source: Mensjournal.com

Featured Image: Menshealth