ကိုယ့်ရဲ့ ရှော်တီလေးနဲ့အတူတူ ချစ်တင်းနှော ပြီးတဲ့အခါ ကွီးတို့ ပုံမှန် ပြု လုပ် လေ့ရှိတဲ့ အမူအကျင့်တစ်ခု ဘာများဖြစ်မလဲ။ အမျိုးသားထုကြီးသည် များသောအားဖြင့် ချစ်တင်းမနှောခင်နဲ့ ချစ်တင်းနှောနေစက်အတွင်းမှာ ဘာတွေ ပြုလုပ်ရမလဲဆိုတာကိုသာ အာရုံထားမိတတ်ကြပါတယ်။ တကယ်တော့ ချစ်တင်းနှော ပြီးတဲ့အခါ ကွီးတို့ ပြု လုပ် လိုက်တဲ့ အမူအကျင့်သည်လည်း အများကြီး အရေးပါပါတယ်။ ချစ်တင်းနှောပြီးတဲ့အခါ ကွီးတို့ လုပ်လိုက်တဲ့ အပြုအမူပေါ် မူတည်ပြီး နောက်ထပ် တစ်ကျော့ ထပ်စမလား မစဖြစ်ဘူးလားဆိုတာကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။
ဒါဆိုရင် အတူတူနေပြီးတဲ့အခါမှာ ဘာတွေကို ပြုလုပ်သင့်သလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ပါ။
(၁) ကြည်နူးစရာကောင်းတဲ့ ထိုအချိန်လေးကို သေချာခံစားပါ
ကွီးတို့ ပြီးမြောက်သွားတဲ့အခါမှာ ဦးနှောက်က Oxytocin နဲ့ Dopamine တို့ကို ထုတ်လွှတ်ပေးတဲ့အတွက်ကြောင့် ကွီးတို့ရဲ့ ခံစားချက်က နတ်ပြည်ရောက်နေသလိုကို ခံစားရမှာပါပဲ။ လေ့လာချက်များအရ Oxytocin ပမာဏ များများ ထုတ်လွှတ်ပါက စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ Cortisol ပမာဏကို လျော့ကျပေးနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ အတူတူ နေပြီးကြတဲ့အခါ စိတ်ဖိစီးမှုတွေ ယူပစ်သလို ပျောက်သွားကြရတာပဲဖြစ်ပါတယ်။ ထိုအချိန်မျိုးမှာ ကိုယ့်ရဲ့ ရှော်တီလေးကို ထွေးပွေ့ထားရင်း တီတီတာတာ ပြောကာ ကြည်နူးစရာအချိန်ကို သေချာခံစားနိုင်ပါတယ်။
(၂) ကိုယ့်ရဲ့ စကီလေးကိုလည်း သေချာဂရုစိုက်ပါ
လူတိုင်းမှာ ကိုယ်ပိုင်အကြိုက်ဆိုတာ ရှိစမြဲပါပဲ။ ကွီးတို့ စကီလေးကလည်း ဘယ်လိုပုံစံမျိုး၊ အနေအထားမျိုး၊ ဘယ်လိုသိုင်းကွက်မျိုးကို ကြိုက်သလဲဆိုတာကို အတူတူနေပြီးတဲ့အခါ မေးမြန်းကြည့်လိုက်ပါ။ ဒီလိုမျိုး တစ်ဦးနဲ့ တစ်ဦး ပွင့်ပွင့်လင်းလင်း ဆက်သွယ်လိုက်ခြင်းအားဖြင့် ကွီးတို့ရဲ့ နှစ်ဦးသားအကြား သံယောဇဥ်များ ပိုမိုခိုင်မာသွားမှာဖြစ်ပြီး ချစ်တင်းနှောတဲ့ ကိစ္စနဲ့ ပတ်သက်လာရင်လည်း အလိုဆန္ဒ မပြည့်ဝလို့ ငြိုငြင်သွားတဲ့ ပြဿနာမျိုးတွေ ကြုံတွေ့ရတော့မှာမဟုတ်ပါဘူး။
(၃) သန့်ရှင်းရေး လုပ်ပါ
အတူနေပြီးနောက်မှာ ကွီးတို့ရဲ့ ဦးနှောက်က ခံစားချက်ကောင်းတွေကြောင့် ထုတ်လွှတ်နေတဲ့အတွက်ကြောင့် အချိန်တစ်ခုကြာသည်အထိ ကွီးတို့ရဲ့ ပတ်ဝန်းကျင်ကို သတိထားမိမှာမဟုတ်ပါဘူး။ ကွီးတို့ရဲ့ ဦးနှောက်က ပုံမှန် ပြန်ဖြစ်သွားတဲ့အခါ ကွီးတို့ရဲ့ အိပ်ရာခင်းကလည်း ဖရိုဖရဲနဲ့ ကွန်ဒုံးတွေ၊ အဝတ်အစားတွေ ဟိုဒီ ပြန့်ကျဲနေတာကို သတိထားမိသွားပါလိမ့်မယ်။ သတိထားမိလိုက်တာနဲ့ ချက်ချင်းဆိုသလို အမှိုက်ပုံးထဲ လွှင့်ပစ်သင့်တာ လွှင့်ပစ်၊ ကောက်သိမ်းသင့်တာတွေ ကောက်သိမ်းပြီး အခန်းကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြန်ထားရပါမယ်။ ဒါမှသာလျှင် နောက်တစ်ကြိမ် ချစ်တင်းနှောတဲ့အခါ စိတ်ကြည်ကြည်လင်လင်နဲ့ ချစ်တင်းနှောနိုင်မှာဖြစ်ပါတယ်။
(၄) အတူနေပြီးတဲ့နောက် အပေါ့သွားပါ
အတူနေပြီးနောက်မှာ အပေါ့သွားတဲ့ ဖြစ်စဥ်မျိုးသည် အမျိုးသမီးများအတွက်တော့ သာမန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ အမျိုးသမီးများရဲ့ ဆီးလမ်းကြောင်းသည် အမျိုးသားများထက် ပိုတိုတဲ့အတွက်ကြောင့် ဆီးလမ်းကြောင်းထဲ ပိုးဝင်လွယ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးများအတွက် အတူနေပြီးနောက်မှာ အပေါ့သွားခြင်းသည် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပဲဖြစ်ပါတယ်။
အမျိုးသားထုကြီးကလည်း အမျိုးသမီးတွေထက် ဆီးလမ်းကြောင်း ပိုရှည်လို့ ဆီးလမ်းကြောင်း ပိုးဝင်မှာ မဟုတ်ပါဘူးလေဆိုပြီး တွေးမိရင်တော့ မှားသွားပါလိမ့်မယ်။ အမျိုးသားများလည်း ထိုအလေ့အကျင့်ကောင်းကို မွေးမြူသင့်ပါတယ်။ ရောဂါဖြစ်လာမှ ကုသတာထက် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးပါပဲ။
ကွီးတို့မှာရော အတူနေပြီးနောက်မှာတော့ ဘယ်လိုမျိုး အလေ့အကျင့်မျိုး ပြုလုပ်လေ့ရှိပါသလဲ။
Source: Meetchamp
Featured Image: Freepik