ကွီးတို့ စကီလေးကို ချစ်တင်းနှောဖို့ စကားစလိုက်ပေမယ့် သူ(မ)ဘက်က ငြင်းလွှတ်နေလို့ ကွီးတို့က စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ကွီးတို့က ကွီးတို့ ကောင်မလေးရဲ့ အကြောင်းကို နောကျေနေအောင် မသိသေးလို့ပါပဲ။ ချစ်တင်းနှော တဲ့အခါ အရင်ဦးဆုံး သူ(မ)ရဲ့ ချစ်တင်းနှောချင်စိတ်ကို လှုံ့ဆော် ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် သူ(မ)က ကြည်ကြည်ဖြူဖြူနဲ့ ချစ်တင်းနှောဖို့ ခေါင်းညိတ်မှာပါ။

ဒါဆိုရင် ကွီးတို့ စကီလေးရဲ့ ချစ်တင်းနှော ချင်စိတ်ကို လှုံ့ဆော် ဖို့ရန်အတွက် ဘယ်လိုအချက်တွေကို ကျင့်သုံးရမလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

ရုပ်ရှင်ကြည့်ရင်းနဲ့ ပွေ့ဖက်ထားပါ

couple watching movie

သည်းထိတ်ရင်ဖို ရုပ်ရှင်ကား ကြည့်ရင်းပဲဖြစ်ဖြစ်၊ ရိုမန့်တစ် ဆန်ဆန် အချစ်ကား ကြည့်ရင်းပဲဖြစ်ဖြစ် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ထားကာ ကွီးတို့ နှစ်ယောက်ကြားက သံယောဇဥ်ကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားလိုက်ပါ။ များသောအားဖြင့် စုံတွဲတွေသည် ချစ်သက်တမ်းကြာလေရင် ဒီလိုမျိုး ပွေ့ဖက်တာတွေ အထိအတွေ့တွေက လျော့နည်းသွားတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ချစ်တင်းနှောဖို့ စိတ်မပါတော့တာတွေ ဖြစ်နိုင်ပါတယ်။

အနမ်းပန်းခြွေဖို့ မမေ့ပါနဲ့

ချစ်တင်းနှော လှုံ့ဆော်

တစ်ယောက်ကို တစ်ယောက် မကြာခဏဆိုသလို ပွေ့ဖက် နမ်းရှုံ့ပေးခြင်းကလည်း ကွီးတို့ကြားက လိင်ပိုင်းဆိုင်ရာ တပ်မက်မှုကို လှုံ့ဆော်ပေးနိုင်ပါတယ်။ တစ်နေ့တာလုံးမှာ ဘယ်အချိန်မှာ အနမ်းပန်း ခြွေရမယ်ဆိုတာမျိုးကို သတ်မှတ်ထားခြင်း မရှိဘဲ မထင်မှတ်ထားတဲ့အချိန်မှာ အနမ်းပန်း ခြွေပေးလိုက်ရင်တော့ ကွီးတို့ ရှော်တီလေးက ရင်ခုန်သွားမှာ အမှန်ပါပဲ။

သူ(မ)ကို စနောက်ရင်းနဲ့ သူ(မ)ရဲ့ ချစ်တင်းနှော ချင် စိတ်ကို လှုံ့ဆော် ပါ

couple in bed

စနောက် ကျီစယ်ခြင်းကလည်း ကွီးတို့ နှစ်ယောက်ကြားက သံယောဇဥ်တစ်ခုကို တိုးလာစေနိုင်ပါတယ်။ သူ(မ)ကို စနောက်ရင်း သူ(မ)ရဲ့ ချစ်တင်းနှောချင်စိတ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခု သတိထားရမှာကတော့ ကျီစား မလွန်မိဖို့ပါပဲ။ ကျီစားတာ များသွားရင် ရန်များတတ်တယ်ဆိုတာလည်း သတိကပ်ထားဖို့ လိုပါတယ်။

ပတ်ဝန်းကျင်ကို အချစ်ရနံ့များဖြင့် လွှမ်းခြုံထားပါ

ချစ်တင်းနှော လှုံ့ဆော်

ကွီးတို့ ပတ်ဝန်းကျင်က ရှုပ်ပွနေမယ် မျက်စိထဲမှာ ကြည့်ရတာ အဆင်မပြေရင် ဘယ်လိုမှ တူနှစ်ကိုယ် စိတ်ကြည်နူးစွာနဲ့ ချစ်တင်းနှောနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကွီးတို့ရဲ့ အခန်း ပတ်ပတ်လည်ကို အရင်ဦးဆုံး ပြောင်းလဲပစ်ဖို့ အကြံပေးချင်ပါတယ်။ ပြီးတော့ အခန်းထဲမှာ အချစ်ရနံ့များ ထုံသင်းမွှေးပျံ့နေအောင် ရိုမန့်တစ်ဆန်ဆန် ဖြစ်သွားအောင် ပြင်ဆင်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ စကီလေးက ကွီးတို့ တောင်းဆိုလာတဲ့အခါ ရယ်ဒီဖြစ်နေမှာပါ။

အတူတူ အိပ်ရာဝင်ပါ

ချစ်တင်းနှော လှုံ့ဆော်

ကွီးတို့က တစ်ယောက်နဲ့ တစ်ယောက် အိပ်ချိန်မတူရင်လည်း ကွီးတို့ နှစ်ယောက်ကြားက လိင်စိတ် တပ်မက်မှုကို လျော့ကျစေနိုင်တယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။ ဒါ့ကြောင့် ကွီးတို့ စကီလေးနဲ့ ကြည်နူး ပျော်ရွှင်စွာ ချစ်တင်းနှောချင်တယ်ဆိုရင်တော့ အရင်ဦးဆုံး အိပ်စက်ချိန်တူအောင် အချိန်ညှိထားသင့်ပါတယ်။

ကွီးတို့ရော ကွီးတို့ စကီလေးရဲ့ ချစ်တင်းနှောချင်စိတ်ကို ဘယ်လိုမျိုး လှုံ့ဆော်ပေးလေ့ရှိပါသလဲ။

Source: Wikihow

Featured Image: Talkspace.com