ပုံမှန်ချိန်ဆိုရင် အထိအတွေ့တွေကြားထဲမှာ ချစ်တင်းနှောဖို့ စိတ်ပါလာနိုင်ပေမယ့် စိတ်ဖိစီးမှု များနေတဲ့အချိန်မှာတော့ ချစ်တင်းနှောဖို့ကို ဘယ်လိုမှ စိတ်ပါနိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် ကွီးတို့ဘက်က ဘယ်လောက်ပဲ စိတ်ပါနေစေ၊ ကွီးတို့ရဲ့ ရှော်တီလေးက အခုဖော်ပြပေးမယ့် အခြေအနေမျိုးကို ရင်ဆိုင်ကြုံတွေ့နေရတဲ့အခါမျိုးမှာလည်း ချစ်တင်းနှော ဖို့ မ သင့်တော် ပါဘူး။

ဘယ်လိုအခြေအနေမျိုးတွေလဲဆိုတော့…

ကွီးတို့ရဲ့ ရှော်တီလေးက ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ရောဂါကို ခံစားနေရတဲ့အချိန်

ဆီးလမ်းကြောင်း ပိုးဝင်

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဆိုတာ အမျိုးသမီးတွေ အဖြစ်များလေ့ရှိတဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။ အမျိုးသမီး နှစ်ယောက်မှာ တစ်ယောက်က သူတို့ရဲ့ ဘဝ တစ်သက်တာမှာ ဆီးလမ်းကြောင်း ပိုးဝင် ဖူးကြသူတွေဖြစ်ပါတယ်။ ဒီရောဂါက ဖြစ်ပွားရခြင်းက လိင်ဆက်ဆံဖော် များလို့ ဆိုတဲ့ အချက်ကြောင့် မဟုတ်ပါဘူး။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ စအိုနဲ့ စအိုတဝိုက်ရှိ Escherichia Coli လို့ခေါ်တဲ့ ဘက်တီးရီးယားများက ဆီးပြွန်၊ ဆီးအိမ်နဲ့ ကျောက်ကပ်အတွင်း ရောက်သွားခြင်းကြောင့် ဖြစ်ပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေး အားနည်းသူများ၊ ရေသောက်နည်းသူများ၊ ဆီးအောင့်ထားလေ့ရှိသူများနှင့် မကြာခဏ ရေစိမ်ကာ ရေချိုးလေ့ရှိသူများထံတွင် ရောဂါ ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေသည် အမျိုးသားတွေနဲ့ ယှဥ်ရင် ဆီးလမ်းကြောင်း ပိုတိုတာကြောင့် ပိုးဝင်နိုင်ခြေ များပြားတာပဲဖြစ်ပါတယ်။

ကွီးတို့ရဲ့ ရှော်တီလေးက အခုလို ခံစားရချိန်မှာဆို မအီမသာ ခံစားနေရမှာဖြစ်တဲ့အပြင် နာကျင်နေမှာလည်း အမှန်ပါပဲ။ ဒါ့ကြောင့် ဒီအချိန်မျိုးက ကွီးတို့က အလိုက်တသိနဲ့ ချစ်တင်းနှော ဖို့ မ သင့်တော် ဘူးဆိုတာကို သိထားသင့်ပါတယ်။

ကွီးတို့ရဲ့ မဟေသီက ကွီးတို့ရဲ့ ရင်သွေးလေးကို ကိုယ်ဝန်ဆောင်နေရတဲ့အချိန်

ချစ်တင်းနှော သင့်တော်

ကွီးတို့ရဲ့ မဟေသီက ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ ချစ်တင်းနှော လို့ မရတာတော့ မဟုတ်ပါဘူး။ ရပါတယ်။ ဒါပေမဲ့ ဆရာဝန်ထံ ဆွေးနွေးမှု ခံယူပြီးမှ ဘယ်အချိန်ကတော့ဖြင့် မိခင်ရော၊ ကလေးအတွက်ပါ ဘေးအန္တရာယ် အကင်းဆုံးဖြစ်မလဲဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။​ မီးဖွားပြီးနောက်မှာလည်း အနည်းဆုံး ရက်သတ္တပတ် ၄ ပတ်မှ ၆ ပတ်အထိ စောင့်ဆိုင်းသင့်ကြောင့် ကျွမ်းကျင်ပညာရှင်များက အကြံပေးထားပါတယ်။ ထိုအချိန်မပြည့်ဘဲ ချစ်တင်းနှောမယ်ဆိုရင်တော့ မိခင်ရဲ့ မွေးလမ်းကြောင်းတစ်လျှောက် ချုပ်ရိုးက အနာမကျက်ဘဲ နှေးသွားတတ်ပြီး မလိုလားအပ်တဲ့ ရောဂါများပါ ဝင်ရောက်လာနိုင်ပါတယ်။​

အသိစိတ် မကပ်တဲ့အချိန်

ချစ်တင်းနှော သင့်တော်

ကွီးတို့ကိုယ်တိုင် (သို့) ကွီးတို့ ရှော်တီလေးက ပါတီမှာ အကဲလွန်ပြီး မူးနေကြတယ်ပဲ ဆိုကြပါစို့။ ဒီလို အချိန်မျိုးမှာ အသိစိတ်က ပုံမှန်အချိန်လို သေချာ ဆုံးဖြတ်နိုင်တဲ့အချိန် မဟုတ်ပါဘူး။ ထိုအချိန်မှာ ကွီးတို့က ကွီးတို့ ရှော်တီလေးက စိတ်ပါလာအောင် ဆွဲဆောင်ရင်တောင်မှ သူသည် ထိုအရာကို အမှန်တကယ် လိုလားသလားဆိုတာကို ကောင်းစွာ ဆုံးဖြတ်နိုင်တာမျိုး မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီလိုမျိုး အသိစိတ် မကပ်တဲ့အချိန်မျိုးမှာလည်း ချစ်တင်းနှောဖို့ကို ရှောင်ကြဥ်သင့်ပါတယ်။

ကွန်ဒုံး အလွယ်တကူ မရှိတဲ့အချိန်

ချစ်တင်းနှော သင့်တော်

ချစ်တင်းနှော နေစဥ် ကွန်ဒုံး အသုံးပြုခြင်းသည် ကွီးတို့ နှစ်ဦးသားစလုံးအတွက် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှ ကာကွယ်ပေးနိုင်သလို၊ စီစဥ်မထားဘဲ ကလေးရသွားတဲ့ အဖြစ်မျိုးကနေ ကြိုတင် ကာကွယ်ပေးထားနိုင်ပါတယ်။ တကယ်လို့ ကွီးတို့ နှစ်ဦးစလုံးမှာ ကလေးယူဖို့ အစီအစဥ် မရှိဘူးဆိုရင် ဆေးထိုး၊ ဆေးသောက် လုပ်တာပဲဖြစ်ဖြစ်၊ ကွန်ဒုံး အသုံးပြုတာပဲဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။

ကွီးတို့ရော ဘယ်လိုအချိန်မျိုးက ချစ်တင်းနှော ဖို့ မ သင့်တော် ဘူးလို့ ထင်ပါသလဲ။

Source: Businessinsider

Featured Image: Freepik