ချစ်တင်းနှော ချိန်မှာ အမြဲတမ်း စာအုပ်ကြီးအတိုင်း ၊ ပုံမှန် လုပ်ရိုးလုပ်စဉ် သိုင်းကွက်တွေကိုပဲ သုံးနေမယ်ဆိုရင် ပျင်းစရာကောင်းသလို ရင်ခုန်စိတ်လှုပ်ရှားမှုတွေလည်း နည်းစေပါလိမ့်မယ်။ ဒါကြောင့် ရံဖန်ရံခါ မတူညီတဲ့ သိုင်းကွက်အသစ် အဆန်းတွေကိုလည်း ကွီးတို့ Try ကြည့်သင့်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သိုင်းကွက်ပုံစံတွေ များစွာရှိတဲ့ အထဲကမှ ဆန်းဆန်းပြားပြား သိုင်းကွက် အကြမ်းကြီးတွေကို မျှဝေပေးချင်ပါတယ်။
(၁) Side By Side
Photo : Promescent
ပါတနာနဲ့ ဘေးချင်ကပ် မျက်နှာချင်းဆိုင် လှဲလျောင်းပြီး သိုင်းကွက် ခင်းရမှာ ဖြစ်ပါတယ်။ ဒီသိုင်းကွက်က နှစ်ဦးသား နီးနီးကပ်ကပ် ရှိစေပြီး မျက်လုံးချင်း ဆုံစေတဲ့ အနေအထားမှာ ရှိတာကြောင့် ရင်ခုန်စရာပိုကောင်းစေသလို ပါတနာရဲ့ ခြေထောက်တစ်ဖက်ကို ကိုယ်မှာခွလျက် ရစ်ပတ်ထားရမှာဖြစ်တဲ့အတွက် အတွင်းပိုင်းထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။
(၂) The Lazy Dog
Photo : Promescent
ပါတနာကို ဝမ်းလျားမှောက်ပုံစံ လှဲအိပ်စေပြီး ကွီးတို့က အနောက်ကနေ ဦးဆောင်လှုပ်ရှားရမှာ ဖြစ်ပါတယ်။ ဒီသိုင်းကွက်က G-spot ကို နှိုးဆွကောင်းကောင်း ပေးနိုင်ပြီး သက်တောင့်သက်သာနဲ့ ချစ်တင်းနှော နိုင်မှာဖြစ်ပါတယ်။ နောက်ထပ်ကောင်းတဲ့ အချက်တစ်ခုကတော့ ကျောနာတက်တဲ့ သူတွေအတွက် အထူးသင့်လျော်တဲ့ သိုင်းကွက် တစ်ခုပါပဲ။
(၃) Sit On The Throne
Photo : Promescent
ခုံပေါ်မှာ ထိုင်ပြီး ပါတနာကို အပေါ်ကနေ ဦးဆောင်လှုပ်ရှား ခိုင်းရမှာ ဖြစ်ပါတယ်။ ဒီသိုင်းကွက်ဟာ လှုပ်ရှားမှု ၊ ထိုးဖောက် ဝင်ရောက်နိုင်စွမ်းနဲ့ အနှေးအမြန် အရှိန်အားလုံးကို သူမစိတ်ကြိုက် ထိန်းချုပ် ကစားခွင့်ပေးရမှာ ဖြစ်တာကြောင့် ခံစားမှု ကောင်းကောင်းနဲ့ စိတ်ကျေနပ်ဖွယ် အထွတ်အထိပ် ခံစားချက်ကို ပေးနိုင်မှာ သေချာပါတယ်။
(၄) Three Legged Dog
Photo : Promescent
ရင်ချင်းအပ် သုံးချောင်းထောက် သိုင်းကွက်လို့ ခေါ်ပါတယ်။ နှစ်ဦးသား မတ်တပ်အနေအထားနဲ့ သိုင်းကွက် ကစားရမှာဖြစ်ပြီး ပါတနာရဲ့ ခြေထောက်တစ်ဖက်ကို ကိုင်မြှောက်ထားပေးရပါမယ်။ မျက်နှာချင်းဆိုင် ရင်ချင်းအပ် အနေအထားမှာ ရှိတာကြောင့် နှစ်ဦးသား နီးနီးကပ်ကပ် ရှိစေပြီး ရင်းနှီးမှု ၊ ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို တိုးစေမှာ ဖြစ်ပါတယ်။
Source : Promescent
Featured Photo : VistaCreate