ဒီတစ်ခေါက်တော့ ချစ်တင်းနှော ပြီးချိန်မှာ ပါတနာရဲ့ မိန်းမကိုယ်ကနေ သွေးဆင်း တာနဲ့ ပတ်သတ်ပြီး ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကို ပြောပြပေးချင်ပါတယ်။ ပထမဆုံး အကြိမ်အဖြစ် ချစ်တင်းနှော ပြီးချိန်မှာတော့ မိန်းမကိုယ်ကနေ သွေးဆင်းတာဟာ သဘာဝအလျှောက်ဖြစ်တြ့ ဖြစ်စဉ်တစ်ခုပါပဲ။ ပထမဆုံး ချစ်တင်းနှောပြီးတဲ့နောက် တစ်ရက်ကနေ နှစ်ရက်အထိ သွေးဆင်း နိုင်ပါတယ်။ ဒါ့အပြင် ဒုတိယအကြိမ် ဆက်ဆံချိန်အထိကို သွေးဆင်းနိုင်ပါသေးတယ်။ ဒါဟာပုံမှန်အားဖြင့်တော့ စိုးရိမ်နေရမယ့် အခြေအနေတစ်ခု မဟုတ်ပါဘူး။ ဆက်လက်ပြီး အခုပြောပြမယ့် ဖြစ်နိုင်ခြေအရှိဆုံး အခြေအနေတွေကြောင့်လည်း ချစ်တင်းနှော ပြီးနောက် မိန်းမကိုယ်ကနေ သွေးဆင်း နိုင်ပါတယ်။

(၁) မိန်းမကိုယ် ခြောက်သွေ့မှု ဖြစ်တဲ့အခါ

Vaginal dryness

Photo : Dr. Tahery

ဒါကတော့ ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ မိန်းမကိုယ် ခြောက်သွေ့တယ်ဆိုတာဟာ ချစ်တင်းနှော ချိန်မှာ မိန်းမကိုယ်ကနေ သဘာဝချောဆီ လုံလုံလောက်လောက် ထုတ်လုပ်နိုင်ခြင်းမရှိတဲ့အခါ ပွတ်တိုက်မှုကြောင့် မိန်းမကိုယ်အတွင်းသား တစ်ရှုးတွေပွန်းပဲ့ပျက်စီးပြီး သွေးထွက်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအခြေအနေကြောင့် ချစ်တင်းနှော ပြီးချိန်မှာ မိန်းမကိုယ်အတွင်းကနေ သွေးထွက်နိုင်စေပါတယ်။ မိန်းမကိုယ် ခြောက်သွေ့မှုဟာ သွေးဆုံးပြီးတဲ့အမျိုးသမီးတွေ ၊ မိခင်နို့တိုက်မိခင် ၊ ဆေးဝါး ၊ စိတ်ဖိစီးမှုနဲ့ တချို့သော ကျန်းမာရေး အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ အကယ်၍ ချစ်တင်းနှော ချိန်မှာ မိန်းမကိုယ် ခြောက်သွေ့မှု ဖြစ်ပေါ်ပါက ရေအခြေခံ သို့မဟုတ် ဆီလီကွန်အခြေခံ ချောဆီတွေကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။

(၂) STIs ရောဂါတွေရှိနေတဲ့အခါ

sexually transmitted infections (stis)

Photo : ocean property

လိင်မှတဆင့် ကူးစက်တက်တဲ့ရောဂါ Sexually Transmitted Infections (STIs) ကလည်း သွေးဆင်းခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ကလက်မိုင်ဒီးယား (Chlamydia) ၊ ဆီးပူညောင်းကျရောဂါ (Gonorrhea) ၊ Trichomoniasis နဲ့ ရေယုန် (Herpes) ကဲ့သို့ အချို့သော ရောဂါတွေဟာ သားအိမ်ခေါင်းရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ အကယ်၍ ဒီအခြေအနေဖြစ်နေပြီဆိုရင် ချစ်တင်းနှော နေစဉ်အတွင်းမှာ သားအိမ်ခေါင်းကို ယားယံစေပြီး သွေးထွက်စေနိုင်ပါတယ်။ ဒါကြောင့် Sexually Transmitted Infections (STIs) ရောဂါကို ပုံမှန်စစ်ဆေးမှု ခံယူသင့်ပြီး ကြိုတင်ကာကွယ်ဆေးထိုးတာ ဆက်ဆံဖော်ပါတနာများခြင်းကိုရှောင်တာတွေ လုပ်နိုင်ပါတယ်။

(၃) မိန်းမကိုယ် ဘက်တီးရီးယား ပိုးဝင်ရောင်ရမ်းရောဂါ သို့မဟုတ် မိန်းမကိုယ်ကူးစက်မှိုရောဂါ ကူးစက်ခံရတဲ့အခါ

Bacterial Vaginosis or Yeast Infections

Photo : Click Pharmacy

မိန်းမကိုယ် ဘက်တီးရီးယား ပိုးဝင်ရောင်ရမ်းရောဂါ သို့မဟုတ် မိန်းမကိုယ်ကူးစက်မှိုရောဂါ ကူးစက်ခံရတဲ့အခါ မိန်းမကိုယ်အတွင်းတစ်ရှူးတွေကို ရောင်ရမ်းခြင်း ၊ ယားယံခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပြီး ဒီအခြေအနေကြောင့် ချစ်တင်းနှော ပြီးနောက် သွေးဆင်း ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၄) သားအိမ်ခေါင်းကင်ဆာ ရှိနေတဲ့အခါ

Cervical Cancer

Photo : Burjeel Hospital

ဒါဟာ အဖြစ်နည်းပါတယ်။ သို့သော်လည်း ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ သားအိမ်ခေါင်းကင်ဆာဟာ ချစ်တင်းနှော ပြီးနောက် သွေးဆင်း ခြင်းကို ပိုမိုဆိုးရွားသွား စေနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာရောဂါဟာ သားအိမ်ခေါင်းအတွင်းမှာရှိတဲ့ ဆဲလ်တွေကိုကြီးထွားလာစေနိုင်တဲ့အတွက် ချစ်တင်းနှောနေစဉ် သို့မဟုတ် ဆက်ဆံပြီးနောက် သွေးဆင်းခြင်းကို ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။

Source : Healthshots

Featured Photo : Healthline