၂၀၂၀ ခုနှစ်တုန်းက လေ့လာမှုတစ်ခုအရ မကြာခဏဆိုသလို ပုံမှန် ချစ်တင်းနှော လေ့ရှိတဲ့ စုံတွဲတွေမှာ အမျိုးသမီး ပါတနာတွေဟာ စောစီးစွာ သွေးဆုံး တာမျိုး မဖြစ်ပဲ သွေးဆုံးတဲ့အချိန် ကာလအပိုင်းအခြားဟာ ပိုနှောင့်နှေးသွားတယ်လို့ တွေ့ရှိထားပါတယ်။ Royal Society Open Science ဂျာနယ်မှာ ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုအရလည်း အပတ်စဉ် ချစ်တင်းနှောတဲ့ အမျိုးသမီးတွေဟာ တစ်လကို တစ်ကြိမ် သို့မဟုတ် တစ်ကြိမ်ထက်ပိုနည်းတဲ့ အကြိမ်အရေတွက်နဲ့ ချစ်တင်းနှောတဲ့ အမျိုးသမီးတွေထက် သွေးဆုံးနိုင်ခြေ ၂၈ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ပါတယ်။ ချစ်တင်းနှောခြင်းနဲ့ သွေးဆုံးခြင်းရဲ့ ကြားမှာ ဘယ်လိုမျိုးဆက်စပ်မှု ရှိနေတာပါလဲ ? ဒီဆောင်းပါးလေးမှာ ဆက်လေ့လာ ကြည့်ရအောင်ပါ။

Woman

Photo : Health

Menopause လို့ခေါ်တဲ့ သွေးဆုံးတဲ့ ဖြစ်စဉ်ဟာ အသက်ကြီးပိုင်း အမျိုးသမီးတွေမှာ သဘာဝအလျောက် ဖြစ်ပေါ်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ အသက်အရွယ် ကြီးရင့်လာမှုနဲ့အတူ ခန္ဓာကိုယ်ကနေ အီစထရိုဂျင်ဟော်မုန်း ထုတ်လုပ်မှု လျော့နည်းလာတဲ့အတွက် ရာသီသွေးဆင်းချိန် ပြောင်းလဲမှု ၊ စိတ်ဓာတ်ကျခြင်း အပါအဝင် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေနဲ့ အခြားရောဂါလက္ခဏာတွေကိုလည်း ခံစားရနိုင်ပြီး သဘာဝအတိုင်း သွေးဆုံးတဲ့ ဖြစ်စဉ် အစပြု ဖြစ်ပေါ်လာတက်ပါတယ်။ လေ့လာမှုတွေအရတော့ အမျိုးသမီးတွေမှာ အသက် ၅၀ နောက်ပိုင်း သွေးဆုံးခြင်း စဖြစ်လေ့ ရှိတယ်လို့ ဆိုပါတယ်။

မကြာခဏ ချစ်တင်းနှော ရင် သွေးဆုံးဖို့ နှောင့်နှေးစေတယ်ဆိုတာ တကယ်လား ?

Menopause

Photo : MedicalNewsToday

ဒီမေးခွန်းအတွက် တိကျတဲ့ အဖြေတစ်ခုပေးဖို့ ခက်ပေ့မယ် လေ့လာမှုတွေ ၊ သီအိုရီတော့ ရှိပါတယ်။ သုတေသီအများစု ပြောကြားချက်တွေအရ အမျိုးသမီးတွေဟာ သွေးဆုံးပြီးနောက်မှာ ချစ်တင်းနှော ရတာကို မနှစ်သက်ကြဘူးလို့ ဆိုပါတယ်။ ဒါဟာ မမျိုးဥထွက်ခြင်းနဲ့ မျိုးဥထွက်မှု ရပ်တန့်ခြင်းအကြားမှာ ဆက်စပ်မှု ရှိနေတာနဲ့ သက်ဆိုင်နေနိုင်တာကြောင့်ပါ။ လေ့လာမှုအချို့မှာတော့ ပုံမှန် ချစ်တင်းနှောမှု အကြိမ်အရေ အတွက်ဟာ သွေးဆုံးမှုဖြစ်စဉ် စတင်ခြင်းနဲ့ ဆက်စပ်နေတယ်လို့ ဖော်ပြထားပါတယ်။ ကိန်းဂဏန်းတွေအရ လိင်မှုဆိုင်ရာ လှုပ်ရှားမှုပုံမှန်လုပ်ဆောင်လေ့ရှိတဲ့ အမျိုးသမီး ၆၄ ရာခိုင်နှုန်းဟာ တစ်ကြိမ်ထက်နည်းတဲ့ ချစ်တင်းနှောမှု အကြိမ်အရေအတွက်သာရှိတဲ့ သက်တူရွယ်တူတွေထက် စောစီးစွာ သွေးဆုံးနိုင်ခြေ ၂၈ ရာခိုင်နှုန်း ပိုနည်းပါးကြောင်း ၊ သွေးဆုံးချိန်ကို သာမာန်ထက် ပိုနှောင့်နှေးကြန့်ကြာစေနိုင်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ အစီရင်ခံထားပါတယ်။

တကယ်တော့ အမျိုးသမီးတစ်ဦးမှာ အသက်အရွယ် ၊ အီစထရိုဂျင်ပမာဏ ၊ ကျန်းမာရေးအဆင့် ၊ မျိုးရိုးဗီဇ ၊ Body Mass Index ၊ အရက် သို့မဟုတ် ဆေးလိပ်သောက်သုံးမှု အလေ့အထနဲ့ ပထမရာသီသွေးစဆင်းတဲ့ အသက်အရွယ်စတဲ့ ရှုပ်ထွေးတဲ့ အချက်တွေ အပေါ် မူတည်ပြီး သွေးဆုံးမှုဖြစ်စဉ် စတင်ချိန်ဟာ အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။

အခြေခံအားဖြင့် ပါတနာနဲ့ သာယာပျော်ရွှင်တဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေကတော့ သွေးဆုံးချိန် နောက်ကျလေ့ ရှိနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ သို့သော်လည်း အထက်မှာပြောခဲ့သလို ဒီအချက်နဲ့ပတ်သတ်ပြီး သိပ္ပံနည်းကျ တိတိကျကျ သက်သေအထောက်အထား မတွေ့ရှိရပါဘူး။

ကွီးတို့ရော ဒီ Topic နဲ့ ပတ်သတ်ပြီး ဘယ်လိုမျိုး ဆွေးနွေးချင်ပါသလဲ ? ငယ်ရွယ်ချိန်မှာ ရံဖန်ရံခါ ချစ်တင်းနှော တာက အမျိုးသမီး ပါတနာ အသက်ကြီးလာချိန်မှာ သွေးဆုံးဖို့ နှောင့်နှေးစေတယ်ဆိုတာ ဖြစ်နိုင်လား / မဖြစ်နိုင်ဘူးလားဆိုတာ ကွန်းမန့်မှာ ရေးခဲ့ပါဦး။

Source : Health

Featured Photo : Health