ချစ်သူစုံတွဲ၊ အိမ်ထောင်ဖက် အချင်းချင်း ချစ်တင်းနှော ခြင်းဆိုတာကတော့ သဘာဝ လိုအပ်ဆန္ဒအရ ဖြစ်တည်လာတဲ့ ဖြစ်စဥ်တစ်ခုပဲ ဖြစ်ပါတယ်။ ဘေးကင်းတဲ့ ချစ်တင်းနှော ခြင်းတစ်ခုဖြစ်ဖို့အတွက်ဆိုရင်တော့ အခု ဖော်ပြသွားမယ့် အချက် များကို ကျော်လို့ မရပါဘူး။ မဖြစ်မနေ လိုက်နာဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ကွီးတို့ရော၊ ကွီးတို့ရဲ့ စကီလေးရော ကျန်းမာ ပျော်ရွှင်ရတဲ့ ချစ်တင်းနှော ခြင်းတစ်ခုကို ပိုင်ဆိုင်ရနိုင်မှာပဲဖြစ်ပါတယ်။
ဦးထုပ် ဆောင်းဖို့က အရေးကြီးဆုံးပါပဲ
ဦးထုပ် ဆောင်းခြင်းက ကွီးတို့ဆီမှာ လိင်ဆက်ဆံနေစဥ်အတွင်း လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကလေးယူဖို့ အဆင်သင့်မဖြစ်သေးတဲ့ စုံတွဲများအတွက်လည်း ဒီနည်းလမ်းက အဆင်အပြေဆုံးပါပဲ။ စိတ်ချ လက်ချနဲ့ ချစ်တင်းနှော ချင်တဲ့ စုံတွဲများအတွက်တော့ ဦးထုပ်က အလွယ်တကူလည်း ဝယ်ယူနိုင်သလို၊ ဈေးနှုန်းကလည်း သက်သာတဲ့အတွက်ကြောင့် စိတ်ပူစရာမလိုပါဘူး။
ဦးထုပ် လဲပေးဖို့လည်း မမေ့ပါနဲ့
လိုအပ်ပါကလည်း ဦးထုပ် လဲပေးဖို့ မမေ့ပါနဲ့။ တကယ်လို့ ကွီးတို့က အနောက်တံခါးပေါက်ကနေ ချစ်တင်းနှောပြီးပြီး အဲ့ဒီကမှတဆင့် အရှေ့တံခါးပေါက်ဆီသို့ ကူးပြောင်းချင်တယ်ဆိုရင်တော့ ဦးထုပ် အရင် လဲပေးလိုက်ပါ။ ဒါမှမဟုတ် ကွီးတို့က တံခါးပေါက် တစ်ခုတည်းမှာပဲ ချစ်တင်းနှောနေပမယ့် မိနစ် ၃၀ ထက် ကြာသွားပြီဆိုရင်လည်း မဖြစ်မနေ လဲပေးသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပွတ်တိုက်မှုကြောင့် ကွန်ဒုံးရဲ့ အာနိသင်က လျော့ကျသွားပြီး ပေါက်ပြဲသွားတာမျိုးတွေ ဖြစ်တတ်လို့ပါပဲ။ အဲ့ဒီအခါကျရင် အရှေ့က ဘယ်လောက်ပဲ ဦးထုပ်ဆောင်းဆောင်း အချည်းနှီး ဖြစ်သွားပါလိမ့်မယ်။
ချစ်တင်းနှော ပြီးတဲ့အခါ အဓိက အကျဆုံး အချက် ကတော့ သန့်ရှင်းရေး ပါပဲ
ကျွမ်းကျင်ဆရာဝန်များနှင့် ပညာရှင်များရဲ့ အကြံပေးချက်အရ ကွီးတို့သည် ချစ်တင်းနှော ပြီးတဲ့နောက်မှာ ကိုယ့်ရဲ့ ညီလေး အရေပြားကို သေချာစွာ ဆေးကြောဖို့ လိုအပ်တယ်လို့ ပြောကြားထားပါတယ်။ အထူးသဖြင့် ညီလေး အပေါ်ယံ အရေပြားရဲ့ အောက်ဆုံးရှိ အရေပြားကို သေချာ ဆေးကြောဖို့ လိုအပ်ပါတယ်။ ကွီးတို့ရဲ့ စကီလေးအတွက်ကတော့ သူတို့ရဲ့ လိပ်ပြာကို ကြက်သီးနွေး ရေ နွေးနွေးလေးနဲ့ ဆေးကြောပေးဖို့ လိုအပ်တယ်လို့ ပြောကြားထားပါတယ်။ မိန်းမကိုယ် အတွင်းထဲထိ ဆေးစရာမလိုပါဘူး။ အပြင်ဘက်ကိုသာ ဆေးကြောရမှာဖြစ်ပါတယ်။ ဆပ်ပြာကတော့ သုံးချင်တယ်ဆိုရင် ဆပ်ပြာ အပျော့စားတွေကိုသာ အသုံးပြုသင့်ပါတယ်။
ချစ်တင်းနှော ပြီးတဲ့အခါ ရေ တစ်ခွက် သောက်သုံးပါ
ချစ်တင်းနှောပြီးနောက် ရေတစ်ခွက် သောက်သုံးဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့် သောက်ခိုင်းရသလဲဆိုတော့ ရေသောက်လိုက်တဲ့အခါ အပေါ့လည်း သွားချင်လာပါလိမ့်မယ်။ ချစ်တင်းနှောပြီးနောက် အပေါ့သွားမယ်ဆိုရင် ကွီးတို့ ဆီးအိတ်ထဲမှာ ဘက်တီးရီးယားများ ခိုအောင်းမနေတော့ဘဲ၊ ဆီးလမ်းကြောင်းမှတဆင့် ဘက်တီးရီးယားများ ထွက်သွားပါလိမ့်မယ်။ ဒါ့အပြင် ချစ်တင်းနှော ခြင်းကြောင့် မောပန်းနေတဲ့ စိတ်ကိုလည်း ပြေပျောက်သွားစေနိုင်တာကြောင့် ရေ တစ်ခွက် အဝ သောက်သုံးဖို့ လိုအပ်ပါတယ်။
ကွီးတို့ရော ချစ်တင်းနှော ပြီးတဲ့နောက်မှာ ဘယ်လိုအချက်များကို လုပ်ဆောင်လေ့ ရှိပါသလဲ။
Source : Better2know
Featured Photo : Foreo