ဟောလီဝုဒ်ရုပ်ရှင်တွေထဲမှာဖြစ်ဖြစ် ၊ Porn တွေထဲမှာပဲဖြစ်ဖြစ် ချစ်တင်းနှောချိန်မှာအမျိုးသမီးတွေရဲ့ ခံစားမှု အထွတ်အထိပ် ရောက်ရှိနေတဲ့ စိတ်လှုပ်ရှားစရာ ပြကွက်မျိုးတွေကို အနည်းဆုံး တစ်ကြိမ်တစ်ခါတော့ မြင်ဖူးတွေ့ဖူးကြမယ် ထင်ပါတယ်။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် လက်တွေ့ဘဝမှာ ချစ်တင်းနှော တိုင်း ဒီလို ခံစားမှု အထွတ်အထိပ်ကို ရောက်ရှိဖို့ကတော့ အင်မတန်ခက်ခဲပါတယ်။ အမျိုးသမီးအများစုဟာ ပါတနာနဲ့ ရင်းနှီးကျွမ်းဝင်မှု ၊ အပေးအယူ မျှတမှု ၊ ခံစားမှုနဲ့ သိုင်းကွက်အနေအထားတွေအပေါ်မူတည်ပြီး အော်ဂဇင် ဖြစ်တာပါ။ အကယ်၍ သင့်ပါတနာက ချစ်တင်းနှော ချိန်မှာ အထွတ်အထိပ် ရောက်ဖို့ ခက်နေတယ်ဆိုရင်တော့ အခုပြောပြမယ့် သိုင်းကွက် လေးတွေကို ထုတ်သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

(၁) လှေလှော်သိုင်းကွက်

Photo : Freepik

ရိုးရှင်းပေမယ့် အမြဲတမ်း အသုံးဝင်တဲ့ သိုင်းကွက်ကတော့ Missionary လို့ခေါ်တဲ့ လှေလှော်သိုင်းကွက်ပါပဲ။ ဒီနေရာမှာ ပိုဆန်းသစ်ပြီး ခံစားမှု အထွတ်အထိပ်ကို ခံစားနိုင်ဖို့ သင့်ပါတနာရဲ့တင်ပါးအောက် ခေါင်းအုံးတစ်လုံး ခုထားပေးဖို့ အကြံပေးပြုချင်ပါတယ်။ ပါတနာရဲ့တင်ပါးတွေကို ခေါင်းအုံးနဲ့ မြှင့်တင်ပေးထားတဲ့အတွက် အတွင်းကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ဖို့ ပိုလွယ်ကူသွားစေပြီး ပါတနာရဲ့ ပန်းဖူးလေးကို နှိုးဆွပေးဖို့ရန်အတွက် ပြီးပြည့်စုံတဲ့ အနေအထားမှာ ရှိပါတယ်။ ဒီလိုသိုင်းကွက် အနေအထားနဲ့ဆိုရင် သင့်ပါတနာ အထွတ်အထိပ် မရောက်မှာကို စိတ်ပူနေစရာ မလိုတော့ပါဘူး။

(၂) စားပွဲတင်သိုင်းကွက်

 Cute couple in the kitchen

Photo : Colourbox

အိပ်ရာပေါ်မှာပဲ အမြဲ ချစ်တင်းနှောတာက အချိန်ကြာလာရင် ရင်ခုန်စရာတွေ လျှော့လာတယ်လို့ ခံစားရစေမှာပါ။ ဒီအတွက်ကြောင့် ထူးခြားဆန်းပြားတဲ့ ခံစားမှုအတွေ့အကြုံအသစ်ကို ရစေဖို့ မီးဖိုချောင်ထဲက စားပွဲပေါ်မှာ ချစ်တင်းနှော ကြည့်ဖို့ အကြံပေးချင်ပါတယ်။ စားပွဲတင် သိုင်းကွက်ဆိုတာ ပါတနာကို စားပွဲရဲ့အစွန်းမှာ ပလက်အနေအထားရှိစေပြီး သင်က ပါတနာရဲ့ အတွင်းကို ဝင်ရောက်ကာ သိုင်းကွက်ခင်းရမှာပါ။ ခံစားမှုပိုကောင်းစေဖို့ ပါတနာရဲ့ ခြေထောက်တွေကို သင့်ရဲ့နောက်ကျောကို ရစ်ပတ်ထားခိုင်ပါ။ ဒီသိုင်းကွက်ဟာ နှစ်ဦးသား နီးနီးကပ်ကပ်ပိုရှိစေပြီး ထိတွေ့ခံစားမှုကို အင်မတန်ကောင်းစေကာ အထွတ်အထိပ် ရောက်ရှိစေဖို့ ကူညီပေးနိုင်ပါတယ်။

(၃) နံရံကျောမှီသိုင်းကွက်

Couple

Photo : Vecteezy

ဒါကတော့ မတ်တတ်အနေအထားနဲ့ သိုင်းကွက်ခင်းရမယ့် အလန်းစား အနေအထားတစ်ခုပါ။ သင့်ပါတနာကို နံရံမှာ ကပ်မှီထားစေပြီး သူမရဲ့ ခြေထောက်တစ်ချောင်းကို ကိုင်မြှောက်ထားကာ အတွင်းသို့ ဝင်ရောက်ပြီး ချစ်တင်းနှော ရမှာဖြစ်ပါတယ်။ မတ်တပ်အနေအထားဖြစ်တဲ့အတွက် လှုပ်ရှားမှု အနှေးအမြန်ကို စိတ်ကြိုက်ချိန်ညှိနိုင်ပြီး ကျန်လက်တစ်ဖက်နဲ့လည်း ပါတနာရဲ့ ရင်သား ဒါမှမဟုတ် ပန်းဖူးလေးတွေကို နှိုးဆွ ကစားပေးလို့ ရပါသေးတယ်။ ဒီသိုင်းကွက်ကလည်း အထွတ်အထိပ် ရောက်ရှိစေဖို့အတွက် အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါပဲ။

(၄) ဆိုဖာသိုင်းကွက်

couple

Photo : Pexels

မတ်တပ်အနေအထားက နည်းနည်းခက်ခဲတယ်လို့ ခံစားရတယ်ဆိုရင်တော့ ဆိုဖာပေါ်မှာ ထိုင်လျက်အနေအထား နှစ်ပါးသွားကြည့်ပါ။ ပါတနာကို အပေါ်ကနေ ဦးဆောင်ခိုင်း လိုက်ပါ။ သူမကို သင်နဲ့ မျက်နှာချင်းဆိုင် အနေအထား အပေါ်ကနေ ဦးဆောင်ထိုင်ခိုင်းစေပြီး လှုပ်ရှားမှုအားလုံးကို သူမ စိတ်ကြိုက် လုပ်ဆောင်ခွင့်ပေးလိုက်ပါ။ သက်တောင့်သက်သာနဲ့ ခံစားမှုကောင်းသလို အထွတ်အထိပ် ရောက်ရှိဖို့ကိုလည်း ဒီသိုင်းကွက်က အပြည့်အဝ ကူညီပေးနိုင်ပါတယ်။

Source : Durex

Featured Photo : Vriendin