ချစ်တင်းနှော ခြင်း အနုပညာ သည် ကွီးတို့အတွက် သဘာဝ တရား လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းရင်းနဲ့ ကွီးတို့အတွက် ကောင်းကျိုးတွေလည်း ခံစားရနိုင်ပါတယ်။ ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် ချစ်တင်းနှောခြင်းကြောင့် ကွီးတို့ရဲ့ စိတ်ဖိစီးမှုများ ပြေပျောက်သွားမှာဖြစ်ပြီး ပိုမို ပျော်ရွှင်လာရမှာပဲ ဖြစ်ပါတယ်။
ကောင်းမွန်တဲ့ ချစ်တင်းနှော ခြင်း အနုပညာ က ကွီးတို့ကို ကျန်းမာစေပါတယ်
ချစ်တင်းနှောခြင်းသည် ပျော်ရွှင်မှု သပ်သပ်ပဲ မဟုတ်ပါဘူး။ ချစ်တင်းနှော ခြင်းကြောင့် ပြီးမြောက်သွားတဲ့နောက်မှာ Oxytocin လို့ခေါ်တဲ့ ဟော်မုန်းများ အများအပြား ထွက်ရှိပါတယ်။ ထိုဟော်မုန်းက စိတ်အပြောင်းအလဲ ဖြစ်စေပြီး ပုံမှန် ထွက်ရှိမယ်ဆိုရင်တော့ နှလုံးရောဂါ၊ စိတ်ကျန်းမာရေးတို့ကို ကောင်းမွန်စေပြီး ကွီးတို့ကို ကောင်းမွန် နှစ်ခြိုက်စွာ အိပ်မောကျစေမှာ ဖြစ်ပါတယ်။
ကွီးတို့ပါတနာနဲ့ ဆက်သွယ်ဖို့ မမေ့ပါနဲ့
ကိုယ် လိုချင်တဲ့အရာ၊ ဖြစ်ချင်တဲ့အရာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြတဲ့ စုံတွဲများသည် ပိုမို ကျန်းမာတဲ့ Relationship ကို ပိုင်ဆိုင်နိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ချစ်တင်းနှော ခြင်းကို ပိုင်ဆိုင်စေပါတယ်။ ကွီးတို့ရဲ့ ပါတနာကို ကွီးတို့ ဘာကြိုက်တတ်သလဲ၊ ဘာကို မကြိုက်ဘူးလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့ နောက်တွန့်မနေပါနဲ့။
မတူညီတဲ့အရာများကို ပြုလုပ်ပါ
ပုံစံတစ်မျိုးတည်းကိုပဲ ပြုလုပ်လာတာ ကြာတဲ့အခါမှာ ငြီးငွေ့လာတတ်တာကတော့ လူသားတိုင်းရဲ့ သဘာဝတစ်ခုပါပဲ။ ဒါ့ကြောင့် ကွီးတို့က ချစ်တင်းနှောခြင်းနဲ့ ပတ်သက်လာတဲ့အခါမှာ ပုံသေကားချပ်တစ်ခုလိုမျိုး ပြုလုပ်မနေဘဲ၊ အသစ်အဆန်းလေးတွေကို ထွင်ကြည့်လိုက်ပါ။ အသစ်အဆန်းလေးတွေကို ထွင်ကြည့်ခြင်းအားဖြင့် ပိုမိုရင်ခုန် စိတ်လှုပ်ရှားစရာကောင်းတာကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
အချိန်ပေးဖို့ မမေ့ပါနဲ့
ကွီးတို့က ချစ်တင်းနှောဖို့ကို ဘယ်လောက်ပဲ လိုလားတောင့်တနေပါစေ၊ တစ်ခါတရံမှာ ကွီးတို့ရဲ့ များပြားလှတဲ့ အလုပ်တွေက ကွီးတို့ရဲ့ အစီအစဥ်က ဖျက်ဆီးနိုင်ပါတယ်။ အလုပ်တွေ များလွန်းလို့ အချိန်မပေးနိုင်ရာကနေ ကွီးတို့သည် ချစ်တင်းမနှော ဖြစ်တော့တဲ့ အချိန်တွေ ကြာလာပါလိမ့်မယ်။ ဒါ့ကြောင့် ဘယ်လောက်ပဲ အလုပ်များများ၊ ကွီးတို့သည် ပြက္ခဒိန်ပေါ်မှာ ရက်စွဲလေး မှတ်ထားပြီး ချစ်တင်းနှော ဖို့အတွက် အချိန်ကို သီးသန့် ဖယ်ထားသင့်ပါတယ်။
လေ့ကျင့်ခန်း ပြုလုပ်ပါ
လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ကွီးတို့ရဲ့ ကိုယ်ခံအားကို ကောင်းမွန်လာစေပြီး သက်လုံကောင်းကာ အမောခံနိုင်စေပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ခြင်းကြောင့် ကွီးတို့ရဲ့ ခန္ဓာကိုယ်က ပိုမိုကျစ်လျစ်လာမှာဖြစ်ပြီး ဆွဲဆောင်မှု ပိုတိုးလာပါလိမ့်မယ်။ ပိုမိုကောင်းမွန်တဲ့ ချစ်တင်းနှောခြင်းကို ပိုင်ဆိုင်ဖို့အတွက် လေ့ကျင့်ခန်း ဘယ်လောက် ပြုလုပ်ပါလို့တော့ သတ်မှတ်မထားပါဘူး။ ဒါပေမဲ့ တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်ဖို့ လိုအပ်ပါတယ်။
အချိန်ယူပါ
ချစ်တင်းနှောဖို့အတွက် အချိန်ယူဖို့ လိုရင် အချိန်ယူလိုက်ပါ။ အလျင်စလို လုပ်ပြီး အဆင့်ကျော်တာမျိုးတွေကို မပြုလုပ်သင့်ပါဘူး။ အထူးသဖြင့် ကွီးတို့ ပါတနာက စိတ်မပါသေးဘူးဆိုရင် ပွတ်သီး ပွတ်သပ်လုပ်ပြီး သူ(မ) စိတ်ပါလာအောင် အချိန်ယူ သင့်ပါတယ်။ ဒါမှသာလျှင် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ချစ်တင်းနှောခြင်းမျိုးကို ပိုင်ဆိုင်နိုင်မှာပါ။
ကွီးတို့ရော ချစ်တင်းနှော တဲ့အခါမှာ အချိန်ယူလေ့ရှိပါသလား။
Source : Webmd
Featured Photo : Theeverygirl