ကွီးတို့သည် ကွီးတို့ စကီလေးနဲ့ ချစ်တင်းနှော တဲ့အခါမှာ သိုင်းကွက်မျိုးစုံကို အမျိုးမျိုး ပုံစံပြောင်းကြမှာပါပဲ။ ဒီလိုမျိုး သိုင်းကွက်မျိုးစုံနဲ့ ချစ်တင်းနှော မှသာလျှင် ရှော်တီလေးကို အပိုင်ချုပ် ထားနိုင်မယ်လို့ ယူဆကြလို့လည်း သိုင်းကျမ်းမျိုးစုံကို လေ့လာနေကြတာပဲ မဟုတ်လား။ ဒါပေမဲ့ တစ်ခါ ချစ်တင်းနှော ရင် သိုင်းကွက် ဘယ်နှကွက်လောက် အသုံးပြုရမလဲဆိုတာကိုရော တိတိကျကျ ရေရေရာရာ သိတဲ့သူတွေ ရှိကြရဲ့လား။
သိုင်းကွက်တစ်ခုက ရိုးအီသွားရင် ဘာဖြစ်သွားနိုင်သလဲ
ချစ်တင်းနှော ခြင်းနဲ့ ပတ်သက်လာတဲ့အခါမှာ အမျိုးသားထုကြီး တော်တော်များများသည် ပုံသေကားချပ် တစ်ခုတည်းကိုသာ ကျင့်သုံးကြပါတယ်။ ဆိုလိုတာကတော့ သူတို့အတွက် သက်သောင့်သက်သာဖြစ်စေတဲ့ ပုံစံမျိုးနဲ့သာ ချစ်တင်းနှောနေကြတာပဲဖြစ်ပါတယ်။ ကြာလာတဲ့အခါ ဘာဖြစ်သွားသလဲဆိုတော့ ရှော်တီလေးအတွက် ရင်ခုန် စိတ်လှုပ်ရှားစရာ နည်းပါးသွားပါလေရော။ ဒါ့ကြောင့် ရင်ခုန်သံတွေ လတ်ဆတ်ဖို့ရန်အတွက် သိုင်းကွက်အသစ်တွေ ထုတ်သုံးသင့်တန် ထုတ်သုံးရမှာပဲ ဖြစ်ပါတယ်။ တချို့တွေကတော့ ချစ်တင်းမနှောခင်မှာ သိုင်းကွက်အသစ် အသစ်တွေကို လေ့လာကြပြီး အချို့ကတော့ သူတို့ရဲ့ အသားကျနေတဲ့ သိုင်းကွက်ကိုသာ ထုတ်သုံးတတ်ကြပါတယ်။ ကွီးတို့ရော ဘယ်အမျိုးအစားထဲမှာ ပါဝင်ပါသလဲ။
ချစ်တင်းနှောနေစဥ်မှာ သိုင်းကွက် ပြောင်းသင့်သလား
လူအယောက် ၅၀၀၀ ကို သုတေသနပြုလုပ်ထားတဲ့ စစ်တမ်းများအရ တိကျသေချာတဲ့အဖြေတစ်ခု ထွက်လာပါတယ်။ ထိုလေ့လာချက်အရ ၆၁.၉ ရာခိုင်နှုန်းသော လူတွေက ပျမ်းမျှအားဖြင့် ချစ်တင်းနှော နေစဥ်တွင် သိုင်းကွက်ပေါင်း ၃ ကွက်လောက် ပြောင်းပြီး ချစ်တင်းနှောကြတယ်လို့ ဆိုပါတယ်။
ဒါဆိုရင် ဘယ်သူက ဒီလိုမျိုး အသစ် အသစ်တွေကို ပိုမိုကြိုက်နှစ်သက်တာလဲ။ အမျိုးသားထုကြီးလား (သို့) အမျိုးသမီး ထုကြီးလား
ထိုလေ့လာချက်အရ တိကျပြတ်သားတဲ့ အဖြေတစ်ခု ထွက်ရှိလာပါတယ်။ ထိုအဖြေအရ ၆၇.၁ ရာခိုင်နှုန်းသော အမျိုးသားတွေက ချစ်တင်းနှော နေစဥ်မှာ သိုင်းကွက် အသစ်တွေ ထုတ်သုံးရတာကို ကြိုက်နှစ်သက်ကြပြီး ၃၂.၉ ရာခိုင်နှုန်းသော အမျိုးသမီးများကလည်း ထိုနည်းတူပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကွီးတို့ ရှော်တီလေးက ချစ်တင်းနှော နေစဥ်မှာ သမားရိုးကျ နည်းလမ်းဟောင်းအတိုင်း သွားတာကို သဘောကျသလား၊ ဒါမှမဟုတ် အကွက်သစ်နဲ့ အပိုင်ချုပ် ထားမှရမယ့် အမျိုးအစားထဲမှာ ပါသလားဆိုတာကို သိအောင် ပြုလုပ်ထားသင့်ပါတယ်။
ချစ်တင်းနှော နေစဥ်အတွင်း ဘာ့ကြောင့် Position အနေအထားကို အမျိုးမျိုး ပြောင်းလဲ သင့်သလဲ
သိုင်းကွက် အမျိုးမျိုး၊ အနေအထား အမျိုးမျိုးက စိတ်ကျေနပ်မှု အမျိုးမျိုးကို ပေးစွမ်းနိုင်ပါတယ်။ ကွီးတို့ ရွေးချယ်လိုက်တဲ့ သိုင်းကွက်အမျိုးအစား၊ Position အနေအထားအရ ဝင်ရောက်မှုက အဆုံးစွန်အထိ ဝင်ရောက်နိုင်တာလည်း ဖြစ်နိုင်သလို ခံစားချက်က ပိုမို ပြင်းထန်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အချို့သော သိုင်းကွက်များကတော့ ပြီးမြောက်မှုကို မြန်ဆန်စေပြီး အချို့ကတော့ အထွတ်အထိပ် ရောက်ဖို့ကို အချိန်တစ်ခု စောင့်ရပါတယ်။ ဒါ့ကြောင့် ကွီးတို့က မြန်မြန် ပြီးချင်တာလား၊ ဖြည်းဖြည်းလေးနဲ့ပဲ ကောင်းသွားချင်တာလားဆိုတာကို ကွီးတို့ ထုတ်သုံးတဲ့ သိုင်းကွက်အနေအထားပေါ်မှာ များစွာ မူတည်ပါတယ်။
ထပ်ဆောင်းပြောချင်တာကတော့ ဒီနေရာမှာ စည်းမျဥ်း သတ်မှတ်ချက်တွေဆိုတာ မရှိပါဘူး။ ကွီးတို့က Position တစ်မျိုးထဲနဲ့ပဲ ချစ်တင်းနှော နှော၊ သိုင်းကွက်မျိုးစုံ ထုတ်သုံးပြီးပဲ ချစ်တင်းနှော နှော၊ ကွီးတို့ ရွေးချယ်ခွင့်ပါပဲ။ ကွီးတို့ ပါတနာရဲ့ သဘောတူညီချက်တော့ ယူရမှာပေါ့လေ။
Source: Gentside.co.uk
Featured Image: Freepik